Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ဆိုမာလီ ပင်လယ်ဓားပြများကြောင့် ကင်ညာအိမ်ရာများ ဈေးမြင့်

(ပရောပါးတီးဝိုင်ယာ)
သီရိမင်းထွန်း ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

ကင်ညာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက် သည် ယခုနောက်ပိုင်းနှစ်များတွင် ဈေးနှုန်း သုံးဆတက်သွားပြီး ယင်းသို့ဖြစ်ရ ခြင်းသည် ဆိုမာလီပင်လယ်ဓားပြများ နှင့်ပတ်သက်သည်ဟု သတင်းများ ထွက်ပေါ်နေကာ ကင်ညာအစိုးရက အိမ်ရာဈေးနှုန်းမြင့်တက်ခြင်းနှင့် ပတ်သက်ပြီး စုံစမ်းမှုများ စတင်ဆောင်ရွက်နေပြီဖြစ်သည်။

ဆိုမာလီပင်လယ်ဓားပြများရရှိထားသည့် ပြန်ပေးငွေဒေါ်လာသန်းပေါင်း များစွာကို ကင်ညာ၊ ဆိုမာလီယာနိုင်ငံ တောင်ဘက်ပိုင်းရှိ အိမ်နီးချင်းနိုင်ငံများ နှင့် အရှေ့အာဖရိကရှိ အကြီးဆုံး စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ ထားကြသည်ဟု အခိုင်အမာပြောဆို ကြပြီး ဒူဘိုင်းနိုင်ငံအပြင် အာဖရိကတိုက် မှ အခြားအိမ်ရာဈေးကွက်အတွင်းသို့ လည်း ပင်လယ်ဓားပြတို့၏ ပြန်ပေး ငွေများ ၀င်ရောက် ရင်းနှီးမြှုပ်နှံထားနိုင်ကြောင်း ယူဆကြသည်။

" ပင်လယ်ဓားပြတွေဟာ ပြန်ပေးဆွဲ လို့ရတဲ့ ငွေတချို့ကို ကင်ညာနိုင်ငံ အပါအ၀င် နိုင်ငံတော်တော်များများ မှာ အိမ်တွေဝယ်ပြီး ငွေမည်းကနေ ခ၀ါချနေကြတယ်လို့ သံသယရှိပါ တယ်"ဟု ကင်ညာနိုင်ငံအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Alfred Mutua က ဆိုသည်။

ကင်ညာနိုင်ငံသည် ဆိုမာလီယာ နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေ သည့် နယ်မြေ မိုင် ၅၀၀ ရှိပြီး ရင်းနှီး မြှုပ်နှံရန် အခွင့်အလမ်း ကာင်းများ လည်းရှိကာ ကင်ညာတွင် နေထိုင်သူ ဆိုမာလီလူမျိုးနှစ်သိန်းအထိရှိသည့် အတွက် ကင်ညာနိုင်ငံသည် ဆိုမာလီ ပင်လယ် ဓားပြများ စိတ်အ၀င်စားဆုံး နေရာဖြစ်နိုင်သည်ဟု ၎င်းကဆိုသည်။

ဆိုမာလီယာလူမျိုး အများအပြား နေထိုင်သည့် နေရာဖြစ်သည့်အတွက် 'မိုဂါဒစ်ရှူးအသေးစားလေး'ဟု ယခု အမည်တွင်နေသည့် နိုင်ရိုဘီမြို့ ၀န်းကျင်ဒေသတွင် စီးပွားရေးလုပ်ငန်းကြီးများနှင့် အိမ်ရာတိုက်ခန်းများ အလျှိုလျှိုပေါ်လာပြီး ၀င်ငွေမြင့်သူများ နေထိုင်ရာ ရပ်ကွက်တွင်လည်း အဆင့် မြင့် အိမ်ရာများ ပိုမိုဆောက်လုပ်လာသည်ကို တွေ့ရသည်။

ဆိုမာလီပင်လယ်ဓားပြများသည် ပြီးခဲ့သည့် နှစ်နှစ်တွင် ပြန်ပေးငွေ ကန် ဒေါ်လာသန်း ၁၀၀ ကျော် ရရှိထားသည်ဟု လန်ဒန် အခြေစိုက် Chatham House အကြံပေးအဖွဲ့မှ ပင်လယ် ဓားပြဆိုင်ရာ ကျွမ်းကျင်သူ ရော်ဂျာ မစ်ဒဲလ်တန်က ပြောကြားခဲ့သည်။

ဆိုမာလီယာ ပင်လယ်ဓားပြများက ၎င်းတို့၏ရှေ့ရေးအတွက် စစ်ကြောင့် ဖွတ်ဖွတ်ညက်ညက်ကြေနေသည့် ၎င်း တို့နိုင်ငံ၏ အပြင် ဘက်တွင် ပြန်ပေးငွေ များကိုရင်းနှီးမြှုပ်နှံထားသည်ဟုဆိုသည်။

"ပင်လယ်ဓားပြတွေရဲ့ ငွေတွေဟာ နိုင်ရိုဘီမှာရှိသလို တခြားနေရာတွေ ဖြစ်တဲ့ ဒူဘိုင်း၊ Djibouti မှာလည်း ရှိပါတယ်။ နိုင်ရိုဘီမှာ ကျွန်တော့ အစ်ကိုက ကျွန်တော့ကိုယ်စားရင်းနှီး မြှုပ်နှံထားပါတယ်"ဟု အဗ္ဗဒူလီ အမည် ရှိ ပင်လယ်ဓားပြတစ်ဦးက ပြောသည်။

ကင်ညာနိုင်ငံတွင် ငွေမည်းခ၀ါချမှု နှင့် ပတ်သက်သည့် တင်းကျပ်သည့် စည်းမျဉ်းမရှိသည့်အတွက် ပင်လယ် ဓားပြများ အကြိုက် တွေ့သည့်နိုင်ငံဖြစ် လာခဲ့သည်။ ငွေမည်းခ၀ါချမှုကို ဟန့် တားရန် မူကြမ်းကို ပါလီမန်တွင် ဆွေးနွေးနေဆဲဖြစ်သည်။

သို့သော် ပင်လယ်ဓားပြများနှင့် အဆက်အသွယ်မရှိသူများနှင့် အိမ်ခြံ မြေ လုပ်ငန်းများတွင် တရားဝင် ရင်းနှီး မြှုပ်နှံသူ ဆိုမာလီလူမျိုး များမှာ ယင်း ဥပဒေအပြောင်းအလဲနှင့်ပတ်သက်ပြီး စိုးရိမ် လျက်ရှိသည်။ ကင်ညာတွင် နေထိုင်သည့် ဆိုမာလီများမှာ ဘဏ်များ မှ စိုက်ထုတ်ခြင်းဖြင့် အိမ်ရာခြံမြေများ ၀ယ်ယူကြခြင်းဖြစ်သည်ဟု နိုင်ရိုဘီရှိ ဆိုမာလီလူမျိုး စီးပွားရေးလုပ်ငန်းရှင် Hassan Guled က ဆိုသည်။