
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
အာရှနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးမှု အရှိန်ရလာ
(အေအက်ဖ်ပီ)
ကိုကို ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)
ဝါရှင်တန် - တစ်ကမ္ဘာလုံး စီးပွားရေး ကျဆင်းနေခဲ့ရာမှ အာရှဒေသသည် အလျင်အမြန် နာလန်ပြန်ထူလာနေရာ ၂၀၁၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံက ဖွံ့ဖြိုးမှု ၁၀ ရာခိုင်နှုန်းဖြင့် ဦးဆောင်၍ အခြားဖွံ့ဖြိုးဆဲ အာရှနိုင်ငံများသည် လည်း ဖွံ့ဖြိုးမှု အရှိန်ရလာပြီဟု အပြည် ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)က အင်္ဂါနေ့တွင် ကြိုတင်ဟော ကိန်းထုတ်လိုက်သည်။
တရုတ်နိုင်ငံတွင် ဘဏ်များမှ စံချိန် တင်လောက်အောင် ငွေထုတ်ချေးခဲ့မှု နှင့် ငွေကြေးဖောင်းပွလာမှုများ ဖြစ်လာချိန်ဝယ် ငွေဖြစ် လွယ်မှုကို တရုတ် အစိုးရက တင်းကျပ်လိုက်သောကြောင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုကို ရုတ်တရက် ထိခိုက်သွားနိုင်သည်ဟူသော ဈေး ကွက်အတွင်း စိုးရိမ်မှုများမှာ IMF ၏ ပြောကြားချက်ကြောင့် စိတ်သက်သာ ရာရသွားကြသည်။
ဝါရှင်တန် အခြေစိုက် IMF အဖွဲ့က ထုတ်ပြန်သော ကမ္ဘာ့စီးပွားရေး ရှေ့ အလားအလာ သုံးသပ်ချက်အရ အာရှ ဖွံ့ဖြိုးဆဲ နိုင်ငံများ သည် ၂၀၀၉ ခုနှစ်က ဖွံ့ဖြိုးမှုနှုန်း ၆ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၁ ခုနှစ်တို့တွင် ပျမ်းမျှ ဖွံ့ဖြိုးမှုနှုန်း ၈ ဒသမ ၄ ရာခိုင်နှုန်း ရှိမည်ဟု ဆိုသည်။
ကမ္ဘာ့ဖွံ့ဖြိုးမှု၏ မောင်းနှင်အား တစ်ရပ်ဖြစ်သော တရုတ်နိုင်ငံသည် ယခုနှစ်တွင် ဖွံ့ဖြိုးမှုနှုန်း ၁၀ ရာခိုင်နှုန်း ရှိခဲ့ရာ အောက်တိုဘာ လအတွင်းက ခန့်မှန်းခဲ့သည့် ကိုးရာခိုင်နှုန်းထက် တစ်ရာခိုင်နှုန်းတိုးလာခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် ကမ္ဘာ့ လူဦးရေအများဆုံး တရုတ်နိုင်ငံ၏ဖွံ့ဖြိုးမှုသည် ၂၀၁၀ ပြည့်နှစ်တွင် ၉ ဒသမ ၇ ရာခိုင်နှုန်းသို့ ကျသွားနိုင်သည်ဟု ဆိုသည်။ ၂၀၀၉ ခုနှစ်က တရုတ်ဖွံ့ဖြိုးမှုမှာ ၈ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့သည်။ ၂၀၁၀နှင့် ၂၀၁၁ ခုနှစ်များအတွင်း အာရှ၏ ဖွံ့ဖြိုးမှုကို တွန်းအားပေးရာတွင် တရုတ်နှင့်အတူ အိန္ဒိယနိုင်ငံသည်လည်း ပူးတွဲပါဝင် လိမ့်မည်ဟု IMF က ဆိုသည်။
၂၀၁၀ ပြည့်နှစ်တွင် အိန္ဒိယ၏ ဖွံ့ဖြိုးမှုနှုန်းသည် ၇ ဒသမ ၇ ရာခိုင်နှုန်း ရှိမည်ဖြစ်ရာ စောစောပိုင်း ခန့်မှန်းမှု ထက် ၁ ဒသမ ၃ ရာခိုင်နှုန်း တက်လာ ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာပေါ်တွင် ဒုတိယ လူဦးရေ အများဆုံး ဖြစ်သော အိန္ဒိယနိုင်ငံသည် ၂၀၀၉ ခုနှစ်က ဖွံ့ဖြိုးမှုနှုန်း ၅ ဒသမ ၆ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၀ ပြည့်နှစ်တွင် ဖွံ့ဖြိုးမှုနှုန်း ၇ ဒသမ ၈ ရာခိုင်နှုန်း ရရှိ လိမ့်မည်ဟု IMFက ခန့်မှန်းသည်။
အာရှတွင် အချမ်းသာဆုံး ဖြစ်သော ဂျပန်သည် ၂၀၀၉ ခုနှစ်က စီးပွားရေး ၅ ဒသမ ၃ ရာခိုင်နှုန်းအထိ ကျဆင်း ခဲ့ရာမှ ၂၀၁၀ ပြည့်နှစ်တွင် ဖွံ့ဖြိုးမှုနှုန်း ၁ ဒသမ ၇ ရာခိုင်နှုန်းအထိ ရှိလာပြီး ၂၀၁၀ ပြည့်နှစ်တွင် ဖွံ့ဖြိုးမှု ၂ ဒသမ ၂ ရာခိုင်နှုန်း အထိ ရှိလာမည်ဟု IMFအစီရင်ခံစာက ဆိုသည်။
အာဆီယံအဖွဲ့ဝင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သည် ၂၀၀၉ ခုနှစ်က ဖွံ့ဖြိုးမှုနှုန်း ၁ ဒသမ ၃ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ၂၀၁၀ ပြည့်နှစ်တွင် ပျမ်းမျှ ၄ ဒသမ ၇ ရာခိုင်နှုန်း ကျော်ကျော် ရှိလိမ့်မည်ဟု IMF က ခန့်မှန်းသည်။
၂၀၁၀ ပြည့်နှစ်အတွက် အာရှ၏ ဖွံ့ဖြိုးမှုနှုန်းသည် ကျန်အခြားကမ္ဘာ၏ စီးပွားထွန်းသစ်စနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ၏ ဖွံ့ဖြိုးမှုနှုန်းထက် ပိုသာလိမ့်မည်ဟု IMF က ခန့်မှန်းသည်။
ကျန်ဖွံ့ဖြိုးဆဲ ကမ္ဘာ၏ ဖွံ့ဖြိုးမှုနှုန်းသည် ၂၀၀၉ ခုနှစ် က နှစ်ရာခိုင်နှုန်းသာရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ခြောက်ရာခိုင်နှုန်းရှိမည်ဟု IMF က ပြောသည်။