
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
အခြေခံစားသောက်ကုန်အချို့ ဈေးကျနေသော်လည်း ၀ယ်လိုအားမလိုက်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

ဘုရင့်နောင်ကုန်စည်ဒိုင်ဝင်းသို့ နယ်မှရောက်ရှိသည့် အာလူး၊ ကြက်သွန်အိတ်များကိုတွေ့ရစဉ်။ ဓာတ်ပုံ-ဟိန်းလတ်အောင်
ယခင်နှစ်ကုန်ပိုင်းက ဈေးမြင့်တက်ခဲ့သော အခြေခံစားသောက်ကုန် အချို့မှာ ယခုနှစ်စပိုင်း ၎င်းတို့ပေါ်ချိန်တွင် နိမ့်ဈေးနှင့် ထွက်ရှိလာပြီး ဈေးကွက် အတွင်း၌ အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ကြောင်း ဘုရင့်နောင် ကုန်စည် ဈေးကွက်မှ သိရသည်။
နှစ်ဆန်းပိုင်းတွင် စားသောက်ကုန် ပစ္စည်းသစ်ပေါ်ချိန် ဖြစ်သောကြောင့် ဈေးကွက်သို့ အ၀င်များလာပြီး ဈေးကျသွားခြင်းဖြစ်သည်။
လွန်ခဲ့သောလက ဈေးမြင့်ခဲ့သော ငရုတ်ဈေးနှုန်းမှာ ပြည်တွင်းမှ အသစ် ထွက်ပေါ်လာခြင်းနှင့် ပြည်ပမှပါ အ၀င်များပြားမှုကြောင့် ဈေးကျနေ ကြောင်း သိရသည်။
"ငရုတ်ဈေးက အသစ်ဝင်ရောက်မှု များလာလို့ ဇန်န၀ါရီလဆန်းကစပြီး ဈေးကျခဲ့တယ်"ဟု ခင်မိသားစု ငရုတ် ပွဲရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဇန်န၀ါရီလဆန်းပိုင်းမှစ၍ တဖြည်း ဖြည်းကျဆင်းခဲ့သော ငရုတ်ဈေးနှုန်းမှာ ဇန်န၀ါရီလကုန်ခါနီးတွင် တစ်ပိဿာလျှင် ကျပ် ၅၀၀ ခန့် ကျဆင်းခဲ့သည်။
ဈေးနှုန်းနှင့်အတူ လက်လီဝယ်ယူသူများမှာ ထပ်မံကျဆင်းမှုကို စောင့်နေသောကြောင့် ယခင်ထက် ၀ယ်လိုအား ကျသွားကြောင်း အခြားပွဲရုံတစ်ရုံမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
"၀ယ်ယူတဲ့သူတွေ အများစုက အိန္ဒိယထက် သက်သာ၊ လွယ်ကူစွာနဲ့ ၀ယ်လို့ရတဲ့ မြန်မာငရုတ်ကို ပိုကြိုက်ကြတယ်"ဟု ဒေါ်ခင်ချစ် ငရုတ်ပွဲရုံမှ ပိုင်ရှင်က ပြောသည်။
အိန္ဒိယငရုတ်ဈေးမှာ ယခင်က တစ်ပိဿာလျှင် ကျပ် ၃,၁၀၀ မှ ကျပ်၂,၅၀၀၊ မြန်မာငရုတ်မှာ အမြင့်စ ကျပ် ၃,၉၀၀ မှ ကျပ် ၃,၅၀၀၊ အနိမ့်စမှာ ကျပ်၂,၆၀၀ မှ ကျပ်၂,၀၅၀ သို့ အသီးသီး ကျဆင်းသွားခဲ့သည်။
အခြား အခြေခံစားသောက်ကုန် ပစ္စည်းများဖြစ်သော ကြက်သွန်နီနှင့် အာလူးတို့မှာ ဈေးကျနေသော်လည်း ကြက်သွန်ဖြူနှင့် သကြား ဈေးမှာမူ ဈေးမြင့်၌ တည်ငြိမ်နေသည်။
ယမန်နှစ်က ဈေးကောင်းခဲ့သော ကြက်သွန်နီဈေးမှာ အသစ်များဝင် ရောက်လာမှု များပြားလာသောကြောင့် ဇန်န၀ါရီလ အစပိုင်းမှာ ပင် ဈေးကျ သွားခဲ့ကြောင်း၊ အမြင့်စ တစ်ပိဿာ လျှင် ယမန်နှစ် ဒီဇင်ဘာလကုန်၌ ကျပ် ၁,၃၀၀ ရှိခဲ့ရာမှ ယခုအခါ ကျပ် ၇၅၀ သို့ ကျဆင်းသွားခဲ့ပြီး အနိမ့်စဈေးမှာ ကျပ် ၈၅၀ မှ ၄၀၀ သို့ ရောက်ရှိ သွားကြောင်း သိရသည်။
"ဒီဇင်ဘာလကုန်မှာထွက်တဲ့ မိုး ကြက်သွန်က ကြာရှည်မခံတာကြောင့် ရော၊ အ၀င်များတာကြောင့်ပါ ဈေးကျသွားတယ်"ဟု မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စားဖိုဆောင်သုံး သီးနှံ စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ကြက်သွန်ဖြူအမြင့်စမှာ တစ်ပိဿာ လျှင် ကျပ် ၃,၅၀၀ နှင့် ၃,၆၀၀၊ အနိမ့်စ ဈေးမှာကျပ် ၂,၅၀၀ ခန့်ရှိနေသည်။
အာလူးဈေးနှုန်းမှာ အရည်အသွေး ပိုကောင်းသော ရှမ်းအားလူးများ ပြတ်လပ်သွားခဲ့သော်လည်း ဆင်ဖြူကျွန်း ဘက်မှအသစ်ဝင် လာမှုကြောင့် ဈေးကျ သွားခဲ့ကြောင်း ဦးဇော်ဝင်း အာလူးပွဲရုံ မှ ဦးအောင်သိန်းဝင်းက ပြောသည်။
အာလူးဈေးမှာ ယခင်က အမြင့်စကို တစ်ပိဿာလျှင် ကျပ် ၇၅၀ မှ ၆၃၀၊ အနိမ့်စမှာ ကျပ် ၃၄၀ မှ ၂၇၀ သို့ ရောက်သွားခဲ့သည်။
ဇန်န၀ါရီလအစပိုင်းက သကြားအဖြူ အမြင့်စတစ်ပိဿာလျှင် ကျပ် ၁,၃၀၀ ခန့်ရှိရာမှ ၁၂ ရက်နေ့တွင် ကျပ် ၁,၆၀၀၊ အဖြူသန့် တစ်ပိဿာလျှင် ကျပ် ၁,၁၀၀ မှ ကျပ် ၁,၃၅၀၊ အနိမ့်စမှာ ကျပ် ၁,၀၀၀ ၀န်းကျင်၌ ငြိမ်သက်လျက်ရှိသည်။