Decolgen Medicine Advertisement at Myanmar Times

ဝရန်တာအများကြီးပါတဲ့ လုံးချင်းအိမ်

House Of The Week - Mandalayဒီတစ်ပတ်ရွေးချယ်ထားတဲ့ အိမ်လေးက မြို့ထဲနဲ့အလှမ်း မဝေးလှတဲ့တာမွေမြို့နယ် မှာပါ။ တာမွေနဲ့ သင်္ဃန်းကျွန်း မြို့နယ်အစပ်မှာရှိပြီး တာမွေလေးလို့ လည်းလူ သိများပါတယ်။ လေးထောင့် ကန်လမ်းမကြီးကနေ ချိုးကွေ့ဝင်သွားရတဲ့ ပင်ရွှေညောင်လမ်းထဲမှာရှိပါတယ်။.......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ဝရန်တာအများကြီးပါတဲ့ လုံးချင်းအိမ်

အေးသီတာကျော်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၄၉)
Myanmar Gas pipe-lineတည်နေရာ - တာမွေမြို့နယ်
ဈေးနှုန်း - ကျပ်သိန်း ၄,၁၀၀
ဆက်သွယ်ရန် - စိုင်းခွန်နောင်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း
ဖုန်း - ၅၄၁ ၅၀၁၊ ၅၅၁ ၁၉၇

ဒီတစ်ပတ်ရွေးချယ်ထားတဲ့ အိမ်လေးက မြို့ထဲနဲ့အလှမ်း မဝေးလှတဲ့ တာမွေမြို့ နယ်မှာပါ။

တာမွေနဲ့ သင်္ဃန်းကျွန်းမြို့နယ်အစပ်မှာရှိပြီး တာမွေလေးလို့ လည်းလူ သိများပါတယ်။

လေးထောင့် ကန်လမ်းမကြီးကနေ ချိုးကွေ့ဝင်သွားရတဲ့ ပင်ရွှေညောင် လမ်းထဲမှာရှိပါတယ်။

ခြံအကျယ်အ၀န်းက စတုရန်း ၈,၄၅၀ ပေ(၈၅ ပေxပေ ၁၀၀၊ ပေ ၇၀x ပေ၁၂၀) ရှိတဲ့အတွက် အိမ်ကျယ်ကျယ် တစ်လုံးကို စိတ်ကြိုက် ဆောက်လို့ရတဲ့ အနေအထားရှိပါတယ်။

ဝရန်တာငယ် လေးတွေအများကြီးပါဝင်တဲ့ ဒီနှစ်ထပ်အိမ်ရဲ့အကျယ်က တစ်ထပ်ကို စတုရန်း ပေ ၂,၅၀၀ (ပေ ၅၀ ပတ်လည်) ဖြစ်ပြီး ရေချိုး ခန်းအိမ်သာပါဝင်တဲ့ အိပ်ခန်း ငါးခန်းနဲ့ ဖွဲ့စည်းထားပါတယ်။

ခြံကျယ်ကျယ်ထဲမှာဆောက်ထားတဲ့ အိမ်ဖြစ်တဲ့အတွက် အိမ်ရဲ့ကျယ်ဝန်းမှုအပြင်ခြံရဲ့မျက်နှာစာဘက်နဲ့ဘေးဘက် တွေမှာလည်း ကွန်ကရစ် အုတ်ခင်းထားတဲ့ နေရာလွတ်တွေရှိလို့ ကျယ်ဝန်း မှု အရသာကို ကောင်းကောင်းခံစားနိုင်ပါတယ်။ အလှသစ်ပင်တွေ စိုက်ပျိုး ထားတဲ့ခြံထဲမှာ အပင်ကြီးတွေကတော့ နည်းပါးပါတယ်။

နှစ်ထပ်အိမ်ရဲ့အပြင်ဘက်မျက်နှာစာ ကို အလွန်အကျွံမွမ်းမံခြယ်သမှုလုပ် မထားပါဘူး။ အိမ်ကိုခြံရဲ့မြေပြင်ထက် ပိုမြင့်အောင် ဆောက်ထားတဲ့အတွက် ပင်မတံခါးမကြီးဆီကို ရောက်ဖို့ ကျောက်ပြားခင်းလှေကားတွေကနေ တက်သွားရမှာပါ။

အိမ်ထဲကိုဝင်သွားချင်းမျက်နှာကြက် မီးတွေ မွမ်းမံမှုတွေပြုလုပ်ထားတဲ့ ဧည့်ခန်းကျယ်ကြီးရှိပါတယ်။ ဧည့်ခန်းထဲမှာ ကျွန်းနဲ့ မှန် ကာရံထားတဲ့ တံခါးမကြီးနှစ် ပေါက်ရှိပြီး အိမ်ရဲ့ ရှေ့ဘက်ကိုရော၊ ဘေးဘက်က ၀ရန်တာကိုပါ အ၀င်အထွက်လုပ်နိုင်တယ်လေ။

ဧည့်ခန်းရဲ့ဘေးက အခန်းက ဘုရားခန်း ဒါမှမဟုတ်စာကြည့်ခန်းအဖြစ်သုံး ဖို့အဆင်ပြေစေပါတယ်။

အောက်ထပ်မှာပဲရေချိုးခန်းအိမ်သာ ပါအိပ်ခန်းနှစ်ခန်းရှိပြီး အရှေ့ဘက်က အိပ်ခန်းကနေ မျက်နှာစာ ၀ရန်တာကို သွားလို့ရပါတယ်။ ထမင်းစားခန်းနဲ့ မီးဖိုဆောင်က ကျယ်ဝန်းပြီး ထမင်းစားခန်းထဲက စတိုခန်းလေးက အတန် အသင့်ကျယ်ဝန်းတဲ့အတွက် အိမ်သုံး ပစ္စည်းလေးတွေထည့်ထားချင်တဲ့ အိမ် ရှင်မတွေ စိတ်ကြိုက်ပဲပေါ့။

အပေါ်ထပ်မှာတော့ မှန်ချပ်ကျယ် ကြီးတွေနဲ့ကာရံထားတဲ့ မိသားစုဧည့် ခန်းကျယ်တစ်ခန်း၊ အိပ်ခန်းကျယ်တစ်ခန်းနဲ့ နှစ်ယောက် အိပ်ခန်းတစ်ခန်းပါရှိပါတယ်။ အိပ်ခန်းကျယ်ရဲ့ ရေချိုးခန်း အိမ်သာတွဲလျက်မှာရေချိုးကန်တပ်ဆင် ပေးထားပါတယ်။

သက်တမ်းနှစ်နှစ်ရှိပြီဖြစ်ပေမယ့် အိမ်အတွင်းရော၊အပြင်ကပါ အနေအထား ကောင်းမွန်နေသေးတဲ့အတွက် ပြန်လည်ပြင်ဆင်မှု မလိုအပ်သေးပါဘူး။

ဖုန်းလိုင်းတစ်လိုင်း၊ မီတာတစ်လုံး တပ်ဆင်ထားပြီး ရေရရှိဖို့အတွက်ကတော့ ဂျိုးဖြူရော၊ အ၀ီစိတွင်းရေစနစ်ပါ ရှိပြီးသားဆိုတော့ အဘက်ဘက်က အဆင်ပြေမယ့်နေရာလေးပေါ့။