Decolgen Medicine Advertisement at Myanmar Times

ဝရန်တာအများကြီးပါတဲ့ လုံးချင်းအိမ်

House Of The Week - Mandalayဒီတစ်ပတ်ရွေးချယ်ထားတဲ့ အိမ်လေးက မြို့ထဲနဲ့အလှမ်း မဝေးလှတဲ့တာမွေမြို့နယ် မှာပါ။ တာမွေနဲ့ သင်္ဃန်းကျွန်း မြို့နယ်အစပ်မှာရှိပြီး တာမွေလေးလို့ လည်းလူ သိများပါတယ်။ လေးထောင့် ကန်လမ်းမကြီးကနေ ချိုးကွေ့ဝင်သွားရတဲ့ ပင်ရွှေညောင်လမ်းထဲမှာရှိပါတယ်။.......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ဘွဲ့ တိုင်ပေ ၁၀၁ စွန့်လွှတ်လိုက်ရ

(အေအက်ဖ်ပီ)
သီရိမင်းထွန်း ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၄၉)

Myanmar Gas pipe-line တိုင်ပေ ၁၀၁ ရရှိထားသည့် ကမ္ဘာ့အမြင့်မိုးမျှော်တိုက်ဘွဲ့ကို လက်လွှဲယူမည့် ဒူဘိုင်းတာဝါကို ဇန်န၀ါရီ ပထမပတ်ကတွေ့မြင် ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

လွန်ခဲ့သည့် ငါးနှစ်က ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ဖြစ်သည့်တိုင်ပေ ၁၀၁ ၏ ပိုင်ရှင်များက Burj Dubai စီမံကိန်းကြောင့် ယင်းဘွဲ့ကို စွန့် လွှတ်လိုက်ရသော်လည်း ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အသားပေး ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိသည်။

"ပြီးခဲ့တဲ့နှစ်တွေမှာ မိုးမျှော်တိုက်အသစ်တွေ အများအပြားဆောက်လုပ် နေကြတဲ့အတွက် ဒါကို မျှော်လင့် ပြီးသားပါ"ဟု တိုင်ပေဘဏ္ဍာရေး စင်တာကော်ပိုရေးရှင်းမှ ပြောရေးဆိုခွင့်ရှိသူ မိုက်ကယ်လျူက ဆိုသည်။

"ဒါပေမယ့်ဒီဘွဲ့ထူးကို ငါးနှစ်လောက် ထိန်းခဲ့ပါတယ်။ ဒီတာဝန်က မလွယ်လှပါဘူး" ဟု ၎င်းက အေအက်ဖ်ပီကို ပြောကြားသည်။

တိုင်ပေ ၁၀၁ သည် ၅၀၈ မီတာ (၁,၆၇၆ ပေ) မြင့်ပြီး ထိုင်ဝမ် ဒေါ်လာ ၅၈ ဘီလျံ ( ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလျံ) အကုန်အကျခံ တည် ဆောက်ကာ ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလက ဖွင့်လှစ်ခဲ့သည်။

သို့သော် Burj Dubai စီမံကိန်းကြောင့် တိုင်ပေ ၁၀၁ သည် ကမ္ဘာ့ အမြင့်ဆုံးအဆင့်မှ လျော့ကျသွားပြီ ဖြစ်သည်။

ဒူဘိုင်းမိုးမျှော် တိုက်ပိုင်ရှင်က အနည်းဆုံးအမြင့် မီတာ ၈၀၀ ခန့် ဆောက်လုပ်မည်ဟုပြောကြားခဲ့သည်။

"ဒီဒူဘိုင်းမိုးမျှော်တိုက်ကို ကျွန်တော်တို့ အားပေးချင်ပါတယ်" ဟု မိုက်ကယ် က ဆိုသည်။

တိုင်ပေ ၁၀၁ ကိုလည်း ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်အောင် ဆောင်ရွက်နေကြောင်း၎င်းကဆိုသည်။

ထိုင်ဝမ်ဒေါ်လာ သန်း ၆၀ တန် စီမံကိန်းအရ တိုင်ပေ ၁၀၁ တွင် ရေ နှင့်စွမ်းအင် သုံးစွဲမှုကို ၁၀ ရာခိုင်နှုန်း လျှော့ချရန် ရည်ရွယ် ထားပြီး အစောဆုံး အဖြစ် ယခုနှစ် နှစ်ကုန်ပိုင်းတွင် အပြည့် အ၀ဆောင်ရွက်နိုင်ရန်စီစဉ်ထားသည်။