
ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်
အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင်
ပါတယ်။
အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက်
လမ်းအတိုင်း သွားရပါမယ်။
အရင်ဆုံးရေချိုးခန်း အိမ်သာပါ
တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက်
အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ဦးခင်မောင်ဆွေ ရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးခံမည်မဟုတ်
ရွှေယင်းမာဦး
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ မှ နိုင်ငံရေးခေါင်းဆောင်ဖြစ်သူ ဦးခင် မောင်ဆွေက ပါတီတွင် ခေါင်းဆောင်အဖြစ် ဆက်ရှိနေမည်ဖြစ်သော်လည်း ရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးခံ တော့မည်မဟုတ်ကြောင်း ဩဂုတ်လ ၂၆ ရက်နေ့က ပြောသည်။
ပါတီ၏ ရန်ကုန်တိုင်းဒေသကြီး ပထမ ဆုံး ရုံးခွဲကို မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်းရပ်ကွက်တွင် ဩဂုတ် လ ၂၂ ရက် နေ့က ဖွင့်လှစ်ခဲ့ရာ အဆိုပါ ဖွင့်ပွဲတွင် ဦးခင်မောင်ဆွေက ရွေး ကောက်ပွဲဝင်ရေးနှင့် ပတ်သက်ပြီး "အများကြီးစဉ်းစားရတယ်။ ပါတီကို အရိပ်သွားထိုးမှာ စိုးတဲ့အတွက်ကြောင့် အများကြီးချင့်ချိန်ရပါတယ်။ အန်ကယ် ကတော့ အပြတ်မပြောချင်သေးပါဘူး" ဟု ပြောကြား ခဲ့သည်။
ပါတီ၏ မန္တလေးတိုင်းဒေသကြီးရုံးခွဲ ကို ဩဂုတ်လ ၁၉ ရက်နေ့က ဖွင့်လှစ် သကဲ့သို့ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ နှင့် ပလက်ဝမြို့ တို့တွင်လည်း ဖွင့်လှစ်ပြီး ဖြစ်ကာ လပွတ္တာတွင်လည်း မကြာမီ ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း၊ စည်းရုံးရေး ကိစ္စများကိုမူ ရွေးကောက်ပွဲ ကိုယ်စား လှယ်လောင်း ကိစ္စပြီးပြတ်သည့် နောက်ပိုင်းတွင် ပုံမှန်ဆောင်ရွက်သွား နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။