Now! Fashion Forward

ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်

အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင် ပါတယ်။ အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက် လမ်းအတိုင်း သွားရပါမယ်။ အရင်ဆုံးရေချိုးခန်း အိမ်သာပါ တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက် အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဗိုလ်ကြီးတင်နု(ငြိမ်း)

ရခိုင်ပြည်နယ်၏ တစ်ဦးတည်းသော တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် မာန်အောင်မြို့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံရန် ကြိုးပမ်းနေသူ ဗိုလ်ကြီးတင်နု(ငြိမ်း)ကို မြန်မာတိုင်း(မ်)အကြီးတန်းစာတည်း စိုးသန်းလင်းက ရခိုင်ပြည်နယ်တွင် တွေ့ဆုံမေးမြန်းခဲ့သည်။


အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)

News Pic
ဗိုလ်ကြီးတင်နု (ငြိမ်း)ကို စစ်တွေမြို့၌ ပြီးခဲ့သည့်လက တွေ့ရစဉ်။

* ကိုယ်ရေးအကျဉ်းလေး သိပါရစေ။

မိဘနှစ်ပါးက ဦးဘိုးသာ၊ ဒေါ်ရွှေနု ပါ။ ဗုဒ္ဓဘာသာ၊ ရခိုင်လူမျိုးပါ။ ၁၉၅၃ ဇန်န၀ါရီ ၂၃ ရက် မန်အောင်မြို့မှာ မွေးပါတယ်။ ၁၉၇၀ မှာ ဆယ်တန်း အောင်ပြီး တပ်မတော်ထဲကို ရောက်ပါ တယ်။ အတန်းပညာက BA (DSA), HGP ပါ။ ၁၉၉၀ ပြည့်နှစ်မှာ တပ်မတော် က အငြိမ်းစားယူပြီး ပညာရေး ၀န်ဆောင်မှုလုပ်ငန်းတွေလုပ်ခဲ့ပါတယ်။


* နိုင်ငံရေးပါတီတစ်ခုခုကို မ၀င်ဘဲ ဘာကြောင့် တစ်သီးပုဂ္ဂလအဖြစ် ကြိုးပမ်းရတာပါလဲ။

ကျွန်တော်က အမျိုးသားနိုင်ငံရေးကို လုပ်ချင်ပေမယ့် ပါတီနိုင်ငံရေးကို မလုပ်ချင်ဘူး။ ပါတီတွေကိုလည်း သိပ်ပြီး အားမရဘူး။ ပြီးတော့ ပါတီ ဆိုတာက နောက်ပိုင်းမှာ ကောင်းလာတဲ့ပါတီက အတော်ရှားတယ်။ အကွဲအပြဲတွေ ပေါ်လာလေ့ရှိတယ်။ ကျွန်တော်တို့ သမိုင်းမှာ ဒီ အတိုင်းကြုံလာခဲ့ကြရတာ။ ဒါကြောင့် ပြည်သူတွေအတွက်၊ နိုင်ငံတော် အတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ဆောင်ရွက်ပေးချင်လို့ အခုလို တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ကြိုးပမ်းနေတာပါ။


* အရင်က နိုင်ငံရေးအတွေ့အကြုံ များ ရှိခဲ့ရင် ပြောပြပါဦး။

နိုင်ငံရေးအတွေ့အကြုံရယ်လို့ သီးခြားမရှိခဲ့ပါဘူး။ တပ်မတော်သား ဖြစ်ခဲ့လို့ တပ်မတော်မှာ တာဝန်ယူခဲ့ရတဲ့ အတွေ့အကြုံတွေတော့ ရှိပါတယ်။ ၁၉၇၁ မှာ တပ်မတော်ကိုဝင်တော့ ရဲဘော်ဘ၀နဲ့ပါ။ ၁၉၉၀ ပြည့်နှစ်မှာ ပင်စင်ယူခဲ့ပါတယ်။


* အရပ်သားဖြစ်လာတော့ အများ အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက် နေတာမျိုးရှိပါသလား။

ပင်စင်ယူပြီးတော့ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာ အောင်ပန်း ဘော်ဒါဆောင်လုပ်ငန်းလုပ်ရင်းကပဲ ပညာရေးပိုင်းမှာ မရှိနွမ်းပါးသူတွေနဲ့ စာတော်တဲ့ ကလေးတွေ ပညာဆုံးခန်း တိုင်အောင် ကူညီစောင့်ရှောက်ပေးတာ မျိုးတွေ အခုထိ ဆောင်ရွက်နေ ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ချို့တဲ့တဲ့ မိဘတွေရဲ့သားဖြစ်ခဲ့လို့ ၁၀ တန်းမှာ ခရိုင်လူရည်ချွန်ရခဲ့သားနဲ့ တက္ကသိုလ် ဆက်မတက်ဘဲ စစ်ထဲဝင်ခဲ့ရတော့ စာတော်ပြီး ကျောင်းဆက်မတက်နိုင်တဲ့ ကလေးတွေကို စာနာနားလည်ပါ တယ်။ ဒါကြောင့် မာန်အောင်ဒေသက အလားတူကလေးတွေကို ကူညီလေ့ကျင့် သင်ကြားပေးနေပါတယ်။


* နိုင်ငံရေးခံယူချက်လေး ပြောပါဦး။

တိုင်းပြည်အတွက် ကိုယ်ကျိုးမဖက် ဘဲနဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ဆိုတာ အဖွဲ့အစည်းကောင်း ပဲဖြစ်ဖြစ်၊ ခေါင်းဆောင်မှုကောင်းပဲဖြစ်ဖြစ် လိုအပ် တယ်လို့ ခံယူထားပါတယ်။ ဒီလို ခေါင်းဆောင်မှုပေးနိုင်တဲ့ နေရာမျိုး ဆိုတာ ကျွန်တော့လို တပ်ကထွက်လာ သူအတွက်တော့ အခုလိုရွေးကောက် ပွဲကြီးသာ မပေါ်လာခဲ့ရင် အခွင့်အရေး မရှိပါဘူး။ အခု ရွေးကောက်ပွဲကြောင့် ကိုယ့်အရည်အချင်းကို ပြည်သူက လက်ခံမယ်၊ ရွေးချယ်မယ်ဆိုရင် ပြည်သူ့ ကိုယ်စားလှယ် ဖြစ်ခွင့်ရှိနိုင်မယ်။


* တခြားပါတီတွေက သူတို့ဆီ ၀င် လာဖို့ ကမ်းလှမ်းတာမျိုးရှိပါသလား။

ရှိပါတယ်။ ပါတီငါးခုလောက်က လာပြီး ကမ်းလှမ်းကြတယ်။ စဉ်းစား ပါဦးမယ်လို့ပဲ ပြန်ဖြေလိုက်တယ်။ ၀င်ဖို့ အစီအစဉ်မရှိပါဘူး။ တိုင်းပြည်အကျိုး ကို ဆောင်ရွက်နေသူမှန်သမျှ၊ ပါတီ မှန်သမျှဟာ ကျွန်တော့ရဲ့ မဟာမိတ် တွေလို့ ခံယူထားပါတယ်။


* ၀င်အရွေးခံမယ့်ဒေသမှာ မဲရမယ် လို့ ယုံကြည်ပါသလား။

မာန်အောင်သားဖြစ်လို့ မာန်အောင် မြို့မှာပဲ ယှဉ်ပြိုင်မှာပါ။ မာန်အောင်မှာက အမိအဘတွေနဲ့ နှစ်ဖက်ဆွေမျိုးတွေ၊ ငယ်သူငယ်ချင်း တွေ၊ အသိမိတ်ဆွေ တွေကို အခြေခံပြီး ကိုယ့်ဒေသတွင်းမှာ တစ်အိမ်တက်ဆင်း လျှောက်သွားပြီး ကိုယ်ဘာလုပ်မယ်ဆိုတာ ပြောပြတဲ့ နည်းနဲ့ စည်းရုံးနေတော့ မဲရမယ်လို့ လည်း ယုံကြည်ပါတယ်။ ဒီဒေသရဲ့ လူမှုရေးပညာရေးတွေမှာလည်း ကိုယ် တတ်နိုင် သမျှ ဆောင်ရွက်ခဲ့တာတွေ ရှိတော့ အားလုံးကလည်း ကျွန်တော့ ကိုယ်စွမ်းကိုယ်စနဲ့ စိတ်စေတနာကို သိကြပြီးသားပါ။


* ကိုယ်စားလှယ်ဖြစ်လာရင် ဘယ်လို ကိစ္စမျိုးကို ဦးစားပေးဆောင်ရွက် သွားမယ်လို့ ရည်ရွယ်ထားပါသလဲ။

နိုင်ငံတော်က တာဝန်ပေးလာရင် နိုင်ငံတော်အတွက်၊ ပြည်သူက တာဝန် ပေးလာရင် ပြည်သူအတွက်ပေါ့။ ဘယ်သူကမှ တာဝန်ပေး မလာရင်လည်း မာန်အောင်ကျွန်းအတွက်၊ လူတွေ အတွက်ရော၊ သက်ရှိသတ္တ၀ါတွေ ရေရှည်တည်တံ့ရေး၊ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဆိုင်ရာတွေကိုပါ ဆက်လက်ဆောင်ရွက်သွားဖို့ ဆောင် ရွက်ထားပါတယ်။ ကိုယ်စားလှယ်အဖြစ် အရွေးခံရရင် ပြည်သူ တွေရဲ့ အရေး အကြီးဆုံးဖြစ်တဲ့ ဒေသတွင်းစီးပွား ဖွံ့ဖြိုးရေးကို ဦးစားပေးချင်ပါတယ်။ စီးပွားဖွံ့ဖြိုးမှသာ ပညာရေးနဲ့ ကျန်းမာ ရေးတွေ ဖွံ့ဖြိုးနိုင်တာမဟုတ်လား။