
ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်
အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင်
ပါတယ်။
အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက်
လမ်းအတိုင်း သွားရပါမယ်။
အရင်ဆုံးရေချိုးခန်း အိမ်သာပါ
တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက်
အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ရွေးကောက်ပွဲနဲ့ သူတို့အသံ
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)
နိုင်ငံရေးပါတီတွေရဲ့ စည်းရုံးမဲဆွယ်လှုပ်ရှားမှုတွေကို ဘယ်လိုမြင်ပါသလဲ။

မချောစုလှိုင်၊ (၂၇ နှစ်)
ကုမ္ပဏီဝန်ထမ်း၊ လှိုင်သာယာမြို့နယ်။
ကျွန်မတို့ မြို့နယ်ထဲမှာတော့ နိုင်ငံရေး ပါတီငါးခုလောက် ရုံးခွဲလာဖွင့်ကြတာ၊ စည်းရုံးရေး ဆင်းနေကြတာ တွေ့ပါတယ်။ သူတို့တွေ အခု စည်းရုံးရေးဆင်းရင်း က အလှူငွေလည်း လက်ခံနေပြီလို့ ကြားပါတယ်။ ဒါပေမယ့် လူအများစုက စီးပွားရေး မပြေလည်ကြတော့ သိပ် များများ မလှူနိုင်ကြဘူး။ ကျွန်မမှာ ငွေပိုလေးရှိလာရင်တော့ တိုင်းပြည် အတွက်၊ ပြည်သူတွေ အကျိုးအတွက်၊ တကယ်လုပ်နိုင်မယ့်ပါတီကို ငွေလှူချင်ပါတယ်။
စိုးသန်းလင်း မေးမြန်းသည်။

ဦးကျော်စိန် (၅၈ နှစ်)
လေထိုးကျွတ်ဖာ၊
ချမ်းအေးသာစံမြို့နယ်။
ကျွန်တော်တို့ရပ်ကွက်ထဲမှာ နိုင်ငံရေးပါတီတွေ ရုံးခွဲလာဖွင့်တာ မကြားမိ ဘူး။ မဲဆွယ် စည်းရုံးတာတွေလည်း သတိမထားမိပါဘူး။ ကျွန်တော်တို့နား တစ်ဝိုက်တော့ တွေ့လည်း မတွေ့မိဘူး။ ကိုယ့်ကိုလာပြီး မဲဆွယ်တာမျိုးလည်း မရှိပါဘူး။ နေထွက်နေ၀င် ကိုယ့်အလုပ် နဲ့ကိုယ်ဆိုတော့ ပါတီမဲဆွယ်စည်းရုံး တာတွေ ဘာတွေ သွားပြီးနားထောင် ဖို့လည်း အစီအစဉ် မရှိပါဘူး။
အောင်ရှင် မေးမြန်းသည်။

ကိုဇော်ဇော် (၂၅ နှစ်)
စက်ပြင်ဆရာ၊ နေပြည်တော် ပျဉ်းမနား။
ကျွန်တော်တို့မြို့မှာ နိုင်ငံရေးပါတီ တစ်ခုက ရုံးခွဲလာဖွင့်ထားတာတော့ ရှိတယ်။ ဒါပေမယ့် အခုအချိန်ထိတော့ မဲဆွယ်စည်းရုံးတဲ့ လှုပ်ရှား မှုတွေ မတွေ့မိသေးပါဘူး။ ပါတီတွေက မဲဆွယ် စည်းရုံးမှ သူတို့ပါတီကို ပြည်သူလူထုက သိရှိယုံကြည်ပြီး အင်အားတောင့်တင်းနိုင်မှာကြောင့် မဲဆွယ်လာကြရင် လည်း သူတို့အလုပ် သူတို့လုပ်နေတယ်လို့ပဲ မြင်ပါတယ်။ ကိုယ်နှစ်သက်တဲ့ ပါတီဆိုရင် သွားနားထောင်ဖြစ်ဖို့ များပါတယ်။
ဖြိုးဝေကျော် မေးမြန်းသည်။