Now! Fashion Forward

ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်

အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင် ပါတယ်။ အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက် လမ်းအတိုင်း သွားရပါမယ်။ အရင်ဆုံးရေချိုးခန်း အိမ်သာပါ တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက် အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ရွေးကောက်ပွဲရက် ကြေညာပြီး နိုင်ငံရေးကို ပိုမိုစိတ်ဝင်စားလာ

မော်မော်စန်း နှင့် မျိုးမျိုး
ရေးသားသည်။
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)

နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပမည်ဟု ဩဂုတ်လ ၁၃ ရက်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာပြီး နောက်ပိုင်းတွင် နိုင်ငံရေးအပေါ် ပြည်သူလူထုက ပိုမိုစိတ်ဝင်စားလာ သည်ကို တွေ့ရှိရကြောင်း နိုင်ငံရေး ပါတီများနှင့် နိုင်ငံရေးလေ့လာသုံးသပ် သူများက ပြောကြားသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးနေ မျိုးဝေက လူထု၏ စိတ်ဝင်စားမှုမှာ ၎င်းလိုချင်သည့် အတိုင်းအတာအထိ မရောက်ရှိသေးသော်လည်း ယခင်က ထက်တိုးတက်လာသည်ကို တွေ့ရှိရ သဖြင့် အတိုင်းအတာတစ်ခုအထိ ကျေနပ်ကြောင်း ပြောသည်။

"ကျွန်တော့အနေနဲ့ လူထုကို ဒီထက် ပိုပြီး နိုင်ငံရေးမှာစိတ်ဝင်စားစေချင်ပါ တယ်။ သူတို့အနေနဲ့ ဒီထက်ပိုပြီး နိုင်ငံ ရေးနဲ့ ပတ်သက်စေချင်ပါတယ်။ ဥပမာ ကျွန်တော်တို့နဲ့ ရွေးကောက်ပွဲအကြောင်း လာရောက်ဆွေးနွေးတာမျိုးပေါ့" ဟု ၎င်းကပြောသည်။

ရွေးကောက်ပွဲရက် ကြေညာချက် ထုတ်ပြန်ပြီးနောက်ပိုင်း ၎င်းတို့ပါတီက အလှူငွေများ ပိုမိုရရှိလာသည်မှာ အသိ သာဆုံး ပြောင်းလဲမှုတစ်ရပ်ဖြစ်သည် ဟု ၎င်းကပြောသည်။

"အလှူရှင် တော်တော်များများက ရုံးကိုလာပြီး လှူကြပါတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေ တိုးဖို့ အလားအလာတွေ ကောင်းလာတယ်။ ဒီအချက်ကြောင့်လည်း ပါတီအနေနဲ့ ဧရာဝတီတိုင်းကို စည်းရုံးရေးဆင်းဖို့ လူလွှတ်နိုင်ခဲ့ပါတယ်"ဟု ဦးနေမျိုးဝေ က ပြောသည်။

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးအေးလွင် ကလည်း ကြေညာချက်ထုတ်ပြန်ပြီး နောက်ပိုင်း လူထုက နိုင်ငံရေးအပေါ် 'ပို၍ ပို၍' စိတ်ဝင်စားလာသည်ကို တွေ့ရှိရသည်ဟုပြောသည်။

"ဒီကြေညာချက်ကြောင့် လူထုအနေ နဲ့ သူတို့ဟာ မကြာခင်မှာပဲ ဆုံးဖြတ်ချက် ချပြီး မဲပေးရတော့မယ်ဆိုတဲ့အချက်ကို ပိုပြီးသတိပြုမိ စေပါတယ်။ လ တော် တော်များများကတော့ စစ်မှန်တဲ့ ဒီမိုကရေစီကို ဖော်ဆောင်ပေး မယ့် ပါတီကို မဲပေးချင်တယ် ဆိုတာ တွေ့ရ ပါတယ်"ဟု ၎င်းက ပြောသည်။

တောင်ဥက္ကလာပမြို့တွင် နေထိုင်သူ ဒေါ်ငြိမ်းငြိမ်းက ရွေးကောက်ပွဲရက် ထုတ်ပြန်ကြေညာလိုက်ချိန်တွင် ၎င်း အံ့အားသင့်မိသည်ဟု ဆိုသည်။

"ဒီနှစ်ထဲမှာပဲ ရွေးကောက်ပွဲလုပ်ပြီး မဲပေးရမယ်ဆိုတာသိပေမယ့် ဒီလောက် အထိ မြန်လိမ့်မယ်လို့ထင်မထားမိဘူး။ စိတ်ထဲမှာ ဒီဇင်ဘာလလောက်မှဖြစ် မယ်လို့ ထင်ထားလို့ပါ။ အချိန်က တကယ်နီးကပ်လာပြီလို့သိရတဲ့အတွက် စိတ်လှုပ်ရှားသလို ဒီအတွက် အချိန်ပေး ပြီး စဉ်းစားရမယ်လို့လည်း ခံစားမိပါ တယ်။

"အရင်က ပါတီတွေကို ဂရုတစိုက် လေ့လာမထားမိတဲ့အတွက် အခုအချိန် မှာ ဘယ်ပါတီကို မဲပေးမယ်လို့တော့ ဆုံးဖြတ်လို့ မရသေးပါဘူး။ နောက်ပိုင်း မှာတော့ ပါတီတွေရဲ့ လှုပ်ရှားမှုတွေ အပေါ်မှာ ဂရုတစိုက်လေ့လာပြီး ဆုံးဖြတ်ချက်ချသွားပါမယ်"ဟု ၎င်းက ပြောသည်။