
ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်
အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင်
ပါတယ်။
အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက်
လမ်းအတိုင်း သွားရပါမယ်။
အရင်ဆုံးရေချိုးခန်း အိမ်သာပါ
တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက်
အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ပြည်ထောင်စု ဒီမိုကရေစီပါတီ ထောက်ခံမှု ကျဆင်းနိုင်ဟုဆို
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)
ပြည်ထောင်စုဒီမိုကရေစီပါတီသည် ဩဂုတ်လတစ်လအတွင်း ပါတီတည် ထောင်သူ သဘာပတိနှစ်ဦးအနက် တစ်ဦးကဆုံးပါးကာ တစ်ဦးကနုတ်ထွက် ခဲ့သည့်အတွက် နောက်ပိုင်းတွင် အားနည်းချက်များရှိလာနိုင်ကြောင်း ပါတီဥက္ကဋ္ဌဟောင်း ဦးဖြိုးမင်းသိန်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
ပါတီတည်ထောင်သူတစ်ဦးဖြစ်သည့် ၎င်းသည် ဩဂုတ်လ ၅ ရက်နေ့ က ပါတီမှနုတ်ထွက်ခဲ့သည်။
ထို့ပြင် ပါတီ၏နာယကတစ်ဦးဖြစ် သူ ဦးရွှေအုံးမှာလည်း ဩဂုတ်လ ၂၀ ရက်နေ့က အသည်းရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
"ပါတီရဲ့ ဦးဆောင်မှုအခန်းကဏ္ဍ အရမ်းယိမ်းယိုင်သွားနိုင်တယ်။ လူထု ထောက်ခံမှုလည်း ကျဆင်းသွားနိုင် တယ်"ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
ပြည်ထောင်စုဒီမိုကရေစီပါတီကို ဦးရွှေအုံး၏ ပြည်ထောင်စုဒီမိုကရေစီ မဟာမိတ်အဖွဲ့နှင့် ဦးဖြိုးမင်းသိန်း၏ လူထုဒီမိုကရေစီပါတီတို့ ပူးပေါင်းကာ ၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ထူထောင်ခဲ့ခြင်းဖြစ်သည်။