Now! Fashion Forward

ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်

အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင် ပါတယ်။ အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက် လမ်းအတိုင်း သွားရပါမယ်။ အရင်ဆုံးရေချိုးခန်း အိမ်သာပါ တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက် အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ပြည်သူ့လွှတ်တော်အမတ်နေရာ ယှဉ်ပြိုင်မှု အများဆုံးဖြစ်လာနိုင်

သောမတ်စ်ကင်းန်
ရေးသားသည်။
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)

နိုဝင်ဘာလ ၇ ရက်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် အမတ်နေရာအတွက် ယှဉ်ပြိုင်ရွေးချယ် ပွဲနဲ့ပတ်သက်လို့ ဗမာလူမျိုးအများစု နေထိုင်တဲ့ တိုင်းဒေသကြီး ခုနစ်ခုမှာ ပြုလုပ်မယ့်ပွဲဟာ အပြင်းထန်ဆုံးဖြစ် လိမ့်မယ်လို့ ပါတီခေါင်းဆောင်တွေက ယခင်သီတင်းပတ်က ခန့်မှန်းခဲ့ကြပါတယ်။

ပြည်သူ့လွှတ်တော်ဟာ နေပြည် တော်မှာရှိတဲ့ ပြည်ထောင်စုလွှတ်တော် ရဲ့အောက်လွှတ်တော်ဖြစ်ပြီး အမျိုးသား လွှတ်တော်ကတော့ အထက်လွှတ်တော် ပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကို ဒီလွှတ်တော်နှစ်ရပ်နဲ့ ဖွဲ့စည်း ထားတာပါ။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေနဲ့ တစ်နိုင်ငံလုံး အဆင့်တိုင်း မှာ ၀င်ရောက်အရွေးခံလိမ့်မယ် ထင်ပါ တယ်။

တိုင်းရင်းသားလူမျိုးစုအဖွဲ့ အစည်းမဟုတ်တဲ့ ပါတီတွေကတော့ ပြည်သူ့လွှတ်တော်အမတ် နေရာ အတွက်သာ မျှော်မှန်းထားကြဟန် တူပါတယ်။

ဒါက ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများစာရင်း ရွေးကောက်ပွဲကော်မရှင်ကို ဩဂုတ်လ ၃၀ ရက် နောက်ဆုံးထား ပေးပို့ရမယ့် ကန့်သတ်ချက်ကြောင့်ပါ။

ပြည်သူ့ လွှတ်တော်အမတ်နေရာ ၃၃၀ အတွက် နိုင်ငံတစ်ဝန်း မြို့နယ်တိုင်းက ကိုယ်စား လှယ်လောင်းတစ်ဦးစီ ရွေး ချယ်ပေးဖို့ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်တို့ရဲ့ ကြီးမားတဲ့လုပ်ငန်း တာဝန်တွေကြောင့် ဒီလွှတ်တော် နှစ်ရပ်အပေါ် ပါတီတွေက စိတ်ဝင် တစား တွက်စစ်ကြည့်လာကြတယ် လို့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးလွင်က ဆိုတယ်။

"ကျွန်တော်တို့ပါတီက ကိုယ်စား လှယ်လောင်း ၁၀၀ လောက် စာရင်း ပေးဖို့ စီစဉ်ထားပါတယ်။ ပြည်သူ့လွှတ် တော်က ဒုတိယ သမ္မတနှစ်ဦးအနက် တစ်ဦးကို ရွေးချယ်ပိုင်ခွင့်ရှိတဲ့အတွက် ပြည်သူ့လွှတ်တော်ကို ကျွန်တော်တို့ စိတ်အ၀င်စားဆုံးပဲ။ ဒီနည်းနဲ့ ပြည်သူ့ လွှတ်တော်မှာ အမတ်ဦးရေ ပိုများတဲ့ ပါတီက သူတို့ခေါင်းဆောင်ကို ဒုတိယ သမ္မတအဖြစ် ရွေးချယ်နိုင်ကြမယ်။ ဒီပါတီ ခေါင်းဆောင်တွေအနေနဲ့ သမ္မတ လောင်း ဖြစ်နိုင်ခြေရှိနေပါသေးတယ်" လို့ ဦးအေးလွင်က ပြောပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရဲ့ ဇယား(၁)မှာ ပြည်သူ့လွှတ်တော်ဟာ ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စများ၊ နိုင်ငံခြားရေးရာ ကိစ္စများ၊ ပြည်ထောင်စု အရအသုံး ခန့်မှန်းခြေငွေစာရင်း၊ တရား စီရင်ရေး၊ စီးပွားရေး၊ မြေယာစီမံခန့်ခွဲ ရေး၊စက်မှုလုပ်ငန်းများ၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ကဏ္ဍ စီမံချက်အများစု၊ စွမ်းအင်၊ သတ္တု တူးဖော်ရေးနဲ့ သစ်တောကဏ္ဍများ အပါအ၀င် အခြားကိစ္စ အများအပြားကို တာဝန်ယူရပါတယ်။ နှိုင်းယှဉ်ကြည့်မယ် ဆိုရင် ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်ရဲ့ တာဝန်တွေက ပိုနည်းနေ တာ တွေ့ရတယ်။ ဒါ့ပြင် ပြည်နယ်၊ သို့မဟုတ် ဒေသရသုံးငွေစာရင်း၊ မြေခွန်၊ ယစ်မျိုးခွန်၊ စိုက်ပျိုးရေး၊ လျှပ်စစ်ဓာတ် အားပေးလုပ်ငန်းများနဲ့ စက်မှုကဏ္ဍမှ လုပ်ငန်းတချို့လည်း ပါဝင်နေပါတယ်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်တွေမှာ ကိုယ်စား လှယ်စုစုပေါင်း ၆၃၆ ဦး ရှိပါမယ်။ နေပြည်တော်ရဲ့ မြို့နယ်တွေနဲ့ တိုင်းရင်း သားကိုယ်စားလှယ် ၂၉ ဦးကလွဲလို့ ကျန်မြို့နယ်တွေက တစ်မြို့နယ် ကိုယ်စားလှယ် နှစ်ဦးနှုန်း ၆၃၆ ဦး ဖြစ်ပါတယ်။

ချင်းပြည်နယ်ဒေသကြီး လွှတ်တော် မှာရွေးကောက်ခံကိုယ်စားလှယ် ၁၄ ဦး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ၉၂ ဦး (ကရင် ကိုယ်စားလှယ်တစ်ဦးနဲ့ ရခိုင်ကိုယ်စားလှယ်တစ်ဦး အပါအ၀င်) ရှိပါလိမ့်မယ်။ လွှတ်တော်အားလုံးရဲ့ အမတ်နေရာ ၂၅ ရာခိုင်နှုန်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းတဲ့ ပုဂ္ဂိုလ်တွေ အတွက် ဖယ်ချန်ထားတယ်။

မဲဆန္ဒနယ်မြေများ အကျယ်အ၀န်းနဲ့ အမတ်နေရာအတွက် ခွင့်ပြုချက်တွေက ပါတီတွေရဲ့ စိတ်ကြိုက်ကိုယ်စားလှယ် လောင်းများ ရွေးချယ်စာရင်းပေးပို့ မှတ်ပုံတင်ခြင်းကို ဩဇာလွှမ်းနိုင်ဖွယ် ရှိပါတယ်။ ပိုမိုကျယ်ပြန့်တဲ့ အမျိုးသား လွှတ်တော် မဲဆန္ဒနယ်မြေများမှာ ဘတ် ဂျက် အခြေအနေကြောင့် မဲဆွယ် စည်းရုံးဖို့ ခက်ခဲနိုင်ပါတယ်။

ပါတီတွေအနေနဲ့ကတော့ ကိုယ်စား လှယ်လောင်းဦးရေ များပြားတဲ့ ပြည်နယ် နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေ အတွက် ကိုယ်စား လှယ်အများစုအနိုင် ရဖို့ ခက်ပါလိမ့်မယ်။

"ဒီမိုကရက်တစ်အင်အားစုတွေက တော့ ပြည်သူ့လွှတ်တော်အဆင့်မှာပဲ အင်အားကောင်းနေမှာပါ"လို့ မြန်မာ ဒီမိုကရေစီ ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ်က ဆိုတယ်။

ပြည်သူ့လွှတ်တော်အဆင့် မဲဆန္ဒ နယ်မြေတွေဟာ အမျိုးသားလွှတ်တော် အဆင့် မဲဆန္ဒနယ်မြေတွေလောက် မကျယ်ပြန့်ပါဘူး။ မြို့နယ်အဆင့် မဲဆန္ဒနယ်မြေလောက်ပဲ ရှိကြပါတယ်။ မြို့ပြဒေသတွေမှာသာ ဒီမိုကရက်တစ် အင်အားစုတွေက ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေတွေကို ယှဉ်ပြိုင်နိုင်ကြ မယ်ဆိုရင် အနိုင်ရနိုင်ပါတယ်"လို့ သူ က ထင်ကြေးပေးတယ်။

တိုင်းရင်းသားလူမျိုးစုပါတီတွေအနေ နဲ့ လွှတ်တော်အမတ်နေရာ ရနိုင်စရာ ဆိုလို့ သတ်မှတ်မြို့နယ်တချို့တွေမှာပဲ ရှိပါတယ်။ သတ်မှတ်ချက်အတိုင်း ပါတီ ၀င်ဦးရေ ၁,၀၀၀ ပြည့်တဲ့ ပါတီတွေဟာ လွှတ်တော်သုံးရပ်စလုံးအတွက် အမတ် နေရာတွေမှာ ပါဝင်ယှဉ်ပြိုင် အရွေးခံ လာကြဖွယ်လည်း ရှိပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရေအများဆုံးရဖို့ အခိုင်မာဆုံး ထောက်ခံမှုတွေ ရှိနေလို့ ပါပဲ။

ရှမ်းအမျိုးသားများ ဒီမိုကရက်တစ် ပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီတို့လို အင်အားပိုများတဲ့ တိုင်းရင်း သား အဖွဲ့အစည်းတွေ အနေနဲ့ကတော့ သူတို့ ပြည်နယ်လွှတ်တော် အသီးသီး မှာ အမတ်နေရာအများစုရဖို့ သေချာပါ တယ်။ တစ်ချိန်တည်းမှာ ပြည်သူ့ လွှတ်တော်ကိုလည်း သူတို့ရဲ့ကိုယ်စား လှယ်တွေ ရောက်ရှိသွားနိုင်ကြပါ လိမ့်မယ်။

အောင်သာလင်း ဘာသာပြန်သည်။