Now! Fashion Forward

ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်

အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင် ပါတယ်။ အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက် လမ်းအတိုင်း သွားရပါမယ်။ အရင်ဆုံးရေချိုးခန်း အိမ်သာပါ တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက် အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ပြည်သူ့လွှတ်တော်

အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)
News Pic

ပြည်သူ့လွှတ်တော်ဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ မဲဆန္ဒနယ်ပေါင်း ၃၃၀ ကနေ မဲဆန္ဒနယ်တစ်ခုကို တစ်ဦးနှုန်းနဲ့ ရွေးကောက် တင်မြှောက်ခံ ကိုယ်စားလှယ်ပေါင်း ၃၃၀ ရယ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တင်သွင်းတဲ့ တပ်မတော်သား ကိုယ်စားလှယ်ပေါင်း ၁၁၀ ရယ် ပါဝင် ဖွဲ့စည်းမယ့် လွှတ်တော်ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ကို ပေါင်းစည်းပြီး ပြည်ထောင်စုလွှတ်တော်ကို ဖွဲ့စည်းမှာ ဖြစ်ပါတယ်။

တစ်ကြိမ်ကို သက်တမ်း ငါးနှစ် ရှိတဲ့ ပြည်သူ့လွှတ်တော်ရဲ့ ပထမ အကြိမ် အစည်းအဝေးကို ရွေးကောက်ပွဲ ကျင်းပတဲ့ရက် ကနေ ရက်ပေါင်း ၉၀ အတွင်းမှာ ကျင်းပရမှာဖြစ်ပါတယ်။

အခု ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် အာဏာ တည်ပြီးတဲ့နောက် ပထမဆုံးလွှတ်တော် ပုံမှန်အစည်းအဝေးကို နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ခေါ်ယူကျင်းပရမှာဖြစ်ပြီး နောက်သက်တမ်းတွေမှာတော့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက ခေါ်ယူကျင်းပရမှာ ဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမှာဖြစ်တဲ့အတွက် ပြည်သူ့လွှတ်တော်ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ဆုံးထားပြီး ကျင်းပရမှာ ဖြစ်ပါတယ်။

အဲဒီ အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းရဲ့ ထက်ဝက်ကျော် တက်ရောက်တယ်ဆိုရင် အဲဒီအစည်းအဝေး အထမြောက်ပါတယ်။

ပြည်သူ့လွှတ်တော်ရဲ့ ပုံမှန်အစည်းအဝေးကို တစ်နှစ်ကို အနည်းဆုံး တစ်ကြိမ် ကျင်းပရမှာဖြစ်ပြီး တစ်ကြိမ်နဲ့တစ်ကြိမ်ကြားမှာ ၁၂ လထက် မပိုစေရလို့ သတ်မှတ်ထားပါတယ်။