
ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်
အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင်
ပါတယ်။
အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက်
လမ်းအတိုင်း သွားရပါမယ်။
အရင်ဆုံးရေချိုးခန်း အိမ်သာပါ
တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက်
အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
မြစ်ရေလျှံသဖြင့် ပဲခူးမြို့ရှိ ရပ်ကွက်ကိုးခုတွင် ရေကြီးနေ
အေးစပယ်ဖြူ
မိုးလေ၀သ သတင်းထောက်
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)

ဩဂုတ်လ ၃၁ ရက်နေ့ ညနေပိုင်းက ရေနစ်မြုပ်နေသည့် ပဲခူးမြို့ ကျွန်းသာယာရပ်ကွက်တစ်ခုအတွင်း၌ လှေဖြင့်သွားလာ နေသူ များအားတွေ့ရစဉ်။ ဩဂုတ်လ ၂၉ ရက်နေ့မှစတင်ကာ ရေ ၀င်ရောက်မှုကြောင့် ပဲခူးမြို့၏မြေနိမ့်ပိုင်းကျသော မဇင်း၊ ကလျာနီ၊ ကျွန်းသာယာ၊ ဇိုင်းကနိုင်းတောင်ပိုင်းနှင့် မြောက်ပိုင်း၊ ကျောက်ကြီးစု၊ ရွာသစ်၊ မြို့သစ်၊ ဥဿာ (၇)ရပ်ကွက်များသို့ ရေများဝင်ရောက်လျက်ရှိရာ လက်ရှိအချိန်တွင် ကယ်ဆယ်ရေး စခန်း ၁၈ ခု ဖွင့်လှစ်ထားပြီး အိမ်ထောင်စု ၆၀၀ ကျော်အား ကူညီဆောင်ရွက်ရွက်ပေးလျက်ရှိသည်။
ဓာတ်ပုံ-ကောင်းထက်
ပဲခူးမြို့အထက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ပဲခူးမြစ်ရေ စိုးရိမ်ရေ မှတ်ထက် ကျော်လွန်ခဲ့သဖြင့် ပဲခူးမြို့ အနိမ့်ပိုင်းရပ်ကွက် များသို့ ဩဂုတ်လ ၂၉ ရက်မှစတင်ခါ ရေ၀င်ရောက်မှု ဖြစ်ပွားလျက် ရှိသည်။
ပဲခူးမြို့၏ မြေနိမ့်ပိုင်းကျသော မဇင်း၊ ကလျာနီ၊ ကျွန်းသာယာ၊ ဇိုင်းကနိုင်း တောင်ပိုင်းနှင့် မြောက်ပိုင်း၊ ကျောက် ကြီးစု၊ ရွာသစ်၊ မြို့သစ်၊ ဥဿာ(၇) ရပ်ကွက်များသို့ ရေအမြင့် တစ်ပေမှ ငါးပေခန့် ၀င်ရောက်လျက်ရှိသည်။
ဩဂုတ်လ ၃၁ ရက်နေ့တွင် သက်ဆိုင် ရာ ဘုန်းကြီးကျောင်းများနှင့် ကျောင်းများတွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်း ၁၈ ခုသို့ ပြောင်းရွှေ့နေထိုင် သည့် အိမ်ထောင်စု ၆၀၀ ကျော်ရှိနေကြောင်း ပဲခူးမြို့ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ရေ၀င်ရောက်မှုကြောင့် အထက်တန်းကျောင်းတစ်ကျောင်း၊ အလယ်တန်းကျောင်းနှစ်ကျောင်း၊ အမက ကျောင်း လေးကျောင်း ယာယီပိတ်ထားသည်။
လက်ရှိအချိန်ထိ သေဆုံးထိခိုက်မှု မရှိ သေးကြောင်းနှင့် မြို့နယ် ကျန်းမာရေး အဖွဲ့များက ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက် ရှိကြောင်း သိရသည်။
"မနက်က ကျန်းမာရေးအဖွဲ့တွေလာ ပြီး ဆေးဖျန်းတာတွေ၊ ဘာတွေ လုပ်သွား တယ်။ နေမကောင်းရင်လည်း ပြောလို့ ရတယ်"ဟု ကျွန်းသာယာရပ်ကွက်ရှိ အနောက်ရွှေနံ့သာဘုန်းတော်ကြီးကျောင်း သို့ ဩဂုတ်လ ၃၀ ရက်နေ့တွင် စတင် ပြောင်းရွှေ့နေထိုင်သည့် ခေါင်းဆေး ကျွန်းအရှေ့ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။
"အိမ်မှာနေလို့ရသမျှ နေကြည့်သေးတယ်။ မနေ့က နေ့လယ်ပိုင်းလောက်မှာ ရေကထိုးတက်လာလို့ မနေရဲတာနဲ့ ပြောင်းလာတာ။ ရပ်ကွက်ထဲက အိမ် အတော်များများကတော့ ပြောင်းကုန် ပြီ။ ပစ္စည်းတွေကိုတော့ အိမ်ရဲ့ ရေလွတ် တဲ့နေရာတွေမှာ ဆင့်တွေထိုးပြီး ထားခဲ့ တယ်။ အိမ်နောက်မှာက မဇင်းချောင်း ရှိတယ်။ အဲဒီက ရေ၀င်တာ။ ရေသိပ် မများတဲ့နှစ်တွေတော့ ပြောင်းမနေဘူး၊ အိမ်မှာပဲ ရေလွတ်တဲ့နေရာမှာနေတယ်။ မနေ့ကတော့ ရေက ကျွန်မတစ်ရပ် ကျော် မြင့်တဲ့ အိမ်အောက်ထပ်ကြမ်းပြင် ကို ထိနေပြီ။ အဲဒါနဲ့ ပြောင်းလာတာ" ဟု အရပ်ငါးပေခန့်ရှိသည့် မသန်းသန်း ဆင့်က ပြောသည်။
"အိမ်ကထွက်လာတော့ ရေက သုံးပေလောက်မြင့်တဲ့အိမ်ကြမ်းပြင်ကို ရိုက်ဖို့ တစ်ထွာလောက်ပဲလိုတော့တယ်။ မြွေတွေပေါလို့ မနေ ရဲဘူး။ ခုတော့ အိမ်လည်း မြုပ်သွားပြီ ပြောတယ်။ကျွန်မအိမ်ရှေ့မှာ ရေကစီးတော့ လှေ သွားရတာလည်း ခက်တယ်။ မနေ့က ညနေ ၃ နာရီလောက်ကတည်းက ထွက်လာဖို့လုပ်တာ ၆ နာရီလောက်မှ လှေခေါ်လို့ရတယ်"ဟု ကျွန်းသာယာ ရပ်ကွက်နေ ဒေါ်ချယ်ရီက ပြောသည်။
ရွှေနံ့သာကျောင်းတိုက်တွင် ပြောင်း ရွှေ့နေထိုင်သူဦးရေမှာ ဩဂုတ်လ ၃၁ ရက်နေ့တွင် အိမ်ထောင်စု ၂၀၀ ခန့် (လူဦးရေ ၈၀၀ ၀န်းကျင်) ရှိနေကြောင်း ဆရာတော် ဦးကောသလ္လက မိန့်သည်။
"ဩဂုတ်လ ၃၀ ရက်နေ့မှာ ပြောင်း လာတဲ့သူ ပိုများတယ်။ မနက်ကတော့ ဘုန်းကြီးလည်း ကိုယ့်ဟာကိုယ် ဆန် အိတ်တွေဝယ်ပြီး ဝေပေးလိုက်တယ်။မနက် ခုနစ်အိတ်၊ ညခုနစ်အိတ်လောက် ဝေရတယ်။ မနက်က ဆရာတော် ဦးကိတ္တိ ပရဟိတကျောင်းက ထမင်းထုပ် ဝေတယ်"ဟု ၎င်းကမိန့်ကြားသည်။
"ကျောင်းမှာတော့ သူတို့ဟာသူတို့ အဆင်ပြေတဲ့နေရာမှာ ကြည့်နေကြ တာပဲ။ တချို့လည်း စင်္ကြံမှာ နေရတယ်။ ကျောင်းဝင်းထဲက အခုဆောက်လက်စ ဓမ္မာရုံပြီးသွားရင်တော့ နောက်နှစ်တွေ မှာ ရေ၀င်လို့ လာနေတဲ့သူတွေအတွက် နည်းနည်းအဆင်ပြေသွား နိုင်တယ်"ဟု ဆရာတော်က မိန့်သည်။
ရေလျှံသောကြောင့် ဩဂုတ်လ ၃၁ ရက်နေ့တွင် ကျွန်းသာယာအဝေးပြေး ယာဉ်ရပ်နားစခန်းအနီး ပဲခူး-ရန်ကုန် ကားလမ်းမတွင် ကိုက် ၁၈၀ ခန့် ရေ ကျော်မှုဖြစ်ခဲ့ကာ ကားငယ်များ စက် သတ်၍ တွန်းရွှေ့မောင်းနှင်နေရသည်။
"ကျွန်းသာယာရပ်ကွက်ထဲမှာရှိတဲ့ နယ်မြေ ၁၉ ခုစလုံး ရေမြုပ်ပါတယ်။ ပဲခူးမြစ်ရေ တိုးတာရော၊ ဒီရေတက် ရက် ဖြစ်နေတာရော ကြောင့် ရေ၀င်မှု ဖြစ်ခဲ့ တာပါ။ တချို့တွေကလည်း အပျော် လာကြည့်တာမျိုးတွေ ရှိတယ်။ လမ်း ကြော ပိတ်ဆို့ပြတ်တောက်မှုတွေ မဖြစ် အောင်၊ ကားတွန်းတဲ့အဖွဲ့တွေလည်း ဈေးနှုန်းမတန်တဆတောင်းတာမျိုးတွေ မဖြစ်အောင် သက်ဆိုင်ရာတွေ အားလုံး ပူးပေါင်းဆောင်ရွက်နေပါတယ်။ ကျန်း မာရေးအဖွဲ့တွေလည်း ရပ်ကွက်အလိုက် ကလိုရင်းဆေးဖျန်းတာ၊ ပိုးသတ်ဆေး ဖျန်းတာ မျိုးတွေ ဆောင်ရွက်နေတယ်" ဟု ကျွန်းသာယာရပ်ကွက် တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ရေနစ်မြုပ်မှု ဖြစ်ပွားလျက်ရှိသော မြို့နယ်များအတွင်း သယ်ယူပို့ဆောင် ရေးအတွက် ကူးတို့ဝန်ဆောင်မှု၊ ထမင်း ဟင်းရောင်းချမှု စသည့် ပေါ်ပင်လုပ်ငန်း များကိုလည်း တွေ့ရသည်။
"ကိုယ့်မိသားစုလည်း သွားရေးလာ ရေး ပို့ပေးရင်း တခြားသူတွေကိုလည်း ကူညီပေးတဲ့သဘောပါ။ အနီးအနားဆို ရင်တော့ တစ်ယောက် ကျပ် ၁၀၀ နဲ့ ပို့ ပေးပါတယ်။ မနက် ၁၁ နာရီလောက် ကနေ ည ၈ နာရီလောက်အထိ ကျပ် တစ်သောင်း လောက် တော့ရတယ်" ဟု ကူးတို့ ၀န်ဆောင်မှုပေးသူတစ်ဦးက ပြောသည်။
မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ဩဂုတ်လ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်ဖြစ်သော ၉၁၀ စင်တီမီ တာထက် ကျော်လွန်ကာ ၉၂၆ စင်တီမီ တာ ရောက်ရှိခဲ့ကြောင်း သိရသည်။
တစ်ချိန်တည်းမှာပင် ပဲခူးတိုင်းဒေသ ကြီး၊ ဒိုက်ဦးမြို့နယ်တွင် မိုးအဆက် မပြတ် ရွာသွန်းမှုကြောင့် ဩဂုတ်လ ၂၉ ရက် ည ၈ နာရီခွဲခန့်တွင် လက်ခုတ်ကွင်း ကျေးရွာအနီး ကားလမ်းပေါ်သို့ ရေ ကျော်ခဲ့ပြီး ည ၁၀ နာရီခန့်တွင် ရေပြန် လည်ကျဆင်း သွား ကြောင်းနှင့် မကွေး တိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် တွင်လည်း မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ဩဂုတ်လ ၂၉ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်တွင် မန်းကျင်း ရပ်ကွက်အတွင်းသို့ ရေ၀င်ရောက်ခဲ့ ကြောင်း၊ မုန်းချောင်းအတွင်းသို့ လူ တစ်ဦးမျောပါ ပျောက်ဆုံးလျက်ရှိကြောင်း စက်တင်ဘာလ ၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြသည်။
ထို့ပြင် ရှမ်းပြည်နယ် မိုင်းယန်းမြို့ နယ်တွင် ဩဂုတ်လ ၂၅ ရက် ညပိုင်းတွင် မိုးသည်းထန်မှုကြောင့် မိုင်းလွေရွာအနီး နန့်ဟိုတွဲ ချောင်းရေလျှံကာ မိုင်းယန်း-မိုင်းခတ်သွား ကားလမ်းပေါ်သို့ သုံးပေ အမြင့်ထိ ရေကျော်ခဲ့ကြောင်းနှင့် မွန် ပြည်နယ် ဘီးလင်းမြို့နယ် တွင်လည်း မိုးသည်းထန်ပြီး သဲဖြူချောင်းရေ တိုက် စားရာမှ ဩဂုတ်လ ၂၈ ရက်နေ့ ည ၁၀ နာရီခန့်တွင် ကဇိုင်း-ညောင်ထောက်-သဲဖြူလမ်းပေါ်ရှိ သံပေါင်ဘေလီတံတား လည်း ပျက်စီးခဲ့ကြောင်း သိရသည်။