
ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်
အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင်
ပါတယ်။
အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက်
လမ်းအတိုင်း သွားရပါမယ်။
အရင်ဆုံးရေချိုးခန်း အိမ်သာပါ
တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက်
အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
အတူရှင်သန်ဖို့ ပါတီတို့ ညှိနှိုင်း ဆောင်ရွက်လာ
စိုးသန်းလင်း
အကြီးတန်းစာတည်း
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)
ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရာ၌ မဲဆန္ဒနယ်မြေတစ်ခု တည်းတွင် ထိပ်တိုက်တွေ့ကြကာ ကိုယ်စားလှယ်တစ်ဦးက အနိုင်ရပြီး ကျန်သူတို့ မလွဲမသွေ ပြုတ်ကျန်ခဲ့မည့် အဖြစ်မျိုးကို ရှောင်ရှားနိုင်ရန် အတတ်နိုင်ဆုံးသော ညှိနှိုင်းမှုများ ပါတီတို့ အတွင်း ပေါ်ပေါက်လာကြောင်း နိုင်ငံရေးပါတီအချို့ထံမှ သိရသည်။
"မဟာမိတ်ဖွဲ့သလို ပါတီချင်း ပေါင်းလိုက်တာမျိုးတော့ မဟုတ်ပါဘူး။ ဒီမို ကရေစီ ဘက်တော်သားအချင်းချင်း ထိပ်တိုက်မတွေ့ရေး အတွက်၊ နောက် ပြီး မဲတွေ မပြားသွားရေးအတွက် တတ် နိုင်သမျှ ရှောင်ပေးကြတဲ့သဘောပါ။ နယ်တစ်နယ်တည်းမှာ ထိပ်တိုက်တွေ့ ရင် သူပြုတ်မလား၊ ကိုယ်ပြုတ်မလား၊ တစ်ယောက်ကတော့ ပြုတ်ကျန်တော့ မှာပဲ။ အဲဒီလို မကျန်ခဲ့ကြရအောင် မဲဆန္ဒနယ်တွေမှာ ကိုယ်စားလှယ် လောင်းတွေ နေရာချတဲ့အခါ ပါတီတွေ ကြား လက်လှမ်းမီသလောက် ညှိနှိုင်းကြတာမျိုးတွေရှိပါတယ်"ဟု အမျိုးသား ဒီမိုကရေစီအင်အားစု(NDF) ပါတီ၏ နိုင်ငံရေးခေါင်းဆောင် ဦးခင်မောင် ဆွေက ပြောသည်။
"အခုက ကိုယ့်မှာရှိတဲ့ ငွေအင်အား လေးနဲ့ ရှင်သန်နိုင်အောင် လုပ်နေကြ ရတော့ မဟာမိတ်သဘော ပူးပေါင်းဖို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်တဲ့ အခြေအနေမျိုး မရှိတော့ပါဘူး။ အချိန် လည်း မလုံလောက်ပါဘူး။ ပြီးတော့ လက်ရှိ ရွေးကောက်ပွဲဆိုင်ရာ ကြေညာ ချက်တွေ၊ အခင်းအကျင်းတွေကိုလည်း အားမရတဲ့အတွက် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ထက် ပါတီဆက်လက်ရှင်သန် ရေးကိုပဲ ကြည့် တော့တယ်။ ဒါကြောင့် ၀င်ပြိုင်တယ်ဆိုရင် ကိုယ်စားလှယ်လောင်း သုံးဦးပဲ ပြိုင်မယ်လို့ ကျွန်တော်တို့ပါတီရဲ့ CEC ဆုံးဖြတ်ချက်အရ စီစဉ်ထားပါတယ်။ ဒီတော့ ကျွန်တော် တို့နဲ့ အမြဲတွေ့ဆုံဆွေးနွေးဖြစ်တဲ့ NDF တို့၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ) (DPM) တို့နဲ့ ညှိနှိုင်း ဖြစ်ပါတယ်။
"ကျွန်တော်တို့ ပြည်ထောင်စုဒီမိုကရေစီပါတီက လှိုင်သာယာ၊ တာမွေနဲ့ ပဲခူးမှာ ကိုယ်စားလှယ် တစ်ဦးစီ ၀င်ပြိုင်မှာပါ။ ကိုယ်စား လှယ်လောင်း သုံးဦး ၀င်ပြိုင်မယ့်ဒေသတွေမှာ NDF နဲ့ ထိပ်တိုက်မတွေ့ဖို့ ညှိထားပြီးပါပြီ။ စည်းရုံးရေးလုပ်ငန်းတွေမှာလည်း NDF နဲ့ တွဲလုပ်သွားဖို့ရှိပါတယ်။ တာမွေမြို့နယ်နဲ့ လှိုင်သာယာမြို့နယ်မှာ ပြည်သူ့လွှတ်တော်အဆင့်၊ ပဲခူးမှာတော့ အမျိုးသား လွှတ်တော် အဆင့် ၀င်ပြိုင်ဖို့ ရည်ရွယ်ထားပါတယ်"ဟု ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးသိန်းဋ္ဌေးက ပြောသည်။
ဤသို့ ကိုယ်စားလှယ်လောင်းများ ထိပ်တိုက်မတွေ့ရေးနဲ့ ပတ်သက်ပြီး ညှိနှိုင်းရာတွင်၊အခက်အခဲများစွာလည်း ရှိနေသည်ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)၏ ဥက္ကဋ္ဌ ဦးသုဝေက ဖြည့်စွက်ပြောကြားသည်။
"မူလတုန်းကတော့ ကိုယ်စားလှယ်လောင်းတွေ မထပ်အောင် ညှိနှိုင်းကြတဲ့သဘောတော့ ရှိပါတယ်။ တကယ်တမ်းကျတော့ ၀င်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေက ငွေကြေး အခက်အခဲရှိလို့ အတည်မပြုနိုင်သေးတာတွေ၊ ကိုယ့်ငွေနဲ့ကိုယ် ၀င်အရွေး ခံကြမှာဆိုတော့ သူမဲရနိုင်တဲ့ နေရာကိုပဲအားပြုကြရတဲ့အနေအထားတွေ စတဲ့ အခက်အခဲ တွေကြောင့် ကိုယ်စားလှယ်တွေ မထပ်အောင် ရှောင်ကြဖို့ဆို တာ အကုန်လုံးအတွက် မသေချာပါဘူး။
"ကျွန်တော်တို့ပါတီအနေနဲ့ မြို့နယ် ၄၀ ကျော်မှာ ကိုယ်စားလှယ် ၁၀၀ ကျော် ၀င်ပြိုင်ဖို့ စီစဉ်ထားပါတယ်။ အဲဒီထဲမှာ ကျွန်တော်တို့ CEC ထဲကလည်း ပါပါတယ်။ ကျွန်တော်ကိုယ်တိုင်က မင်္ဂလာတောင်ညွန့်၊ ဒေါ်သန်းသန်းနု က မန္တလေး၊ ဒေါ်ချိုချိုကျော်ငြိမ်းက ကြို့ပင်ကောက်၊ ဒေါ်နီနီဗဆွေက စမ်းချောင်း၊ ဦးနေဖူးဗဆွေက ထားဝယ် စသည်ဖြင့် ဃနဃ အဖွဲ့ဝင် ၁၀ ဦးလောက် ၀င်ပြိုင်ကြမှာပါ"ဟု ၎င်းက ရှင်းလင်းပြောကြားသည်။
ပါတီရှင်သန်နိုင်ရုံအတွက် ကိုယ်စားလှယ်လောင်း သုံးဦးသာဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုဒီမိုကရေစီပါတီအတွက် ၎င်း၏မိတ်ဖက်ပါတီတို့က ဦးစားပေးညှိနှိုင်းပေးသွားနိုင်မည်ဖြစ်သော်လည်း ကိုယ်စားလှယ်လောင်းဦးရေများခြင်း၊ မိမိပိုင် ငွေကြေးဖြင့် ၀င်ရောက်ယှဉ်ပြိုင်ရခြင်း၊ ငွေကြေးမပြည့်စုံသဖြင့် ယခုထက်တိုင် အမည်စာရင်း အတည်မပြုရသေးခြင်း စသည့်
အခက်အခဲများရှိနေသဖြင့် ကျန်ပါတီတို့၏ ကိုယ်စားလှယ်လောင်း များ ထိပ်တိုက်မတွေ့ရေးကိုမူ အဆင်ပြေအောင် ညှိနှိုင်းသွားဖို့ အခွင့်အလမ်းနည်းပါးလာသည်ဟု ၀ါရင့်နိုင်ငံရေးသမားတို့က သုံးသပ်ပြောဆိုကြသည်။