
ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်
အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင်
ပါတယ်။
အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက်
လမ်းအတိုင်း သွားရပါမယ်။
အရင်ဆုံးရေချိုးခန်း အိမ်သာပါ
တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက်
အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ရွေးကောက်ပွဲ ရုပ်လုံးပေါ်စ ပြုလာပြီ
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)
နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီအသီးသီးကို ကိုယ်စား ပြု၍ ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်း များပေါ်ထွက်လာပြီဖြစ်ရာ ရွေးကောက်ပွဲမှာလည်း တဖြည်းဖြည်း ရုပ်လုံး ပေါ်လာခဲ့ပြီဖြစ်သည်။
လက်ရှိမှတ်ပုံတင်ထားပြီးဖြစ်သော ပါတီများအနက် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်း သားစည်းလုံး ညီညွတ်ရေး ပါတီတို့သည်၊နိုင်ငံအနှံ့ရှိ မဲဆန္ဒနယ်များတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် အင်အား အတောင့်တင်းဆုံး ပါတီများအဖြစ် ရပ်တည်နေသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ရန်ကုန်တိုင်းဒေသကြီးရှိ လွှတ်တော်သုံးရပ်စလုံး၏ မဲဆန္ဒနယ် အားလုံးတွင် ၀င်ရောက်အရွေးချယ်ခံ မည်ဖြစ်ကြောင်း ပါတီမှပြောရေးဆိုခွင့် ရှိသူ ဦးသာဝင်းက စက်တင်ဘာလ ၁ ရက်နေ့တွင် မြန်မာတိုင်း(မ်)ကို ပြော သည်။
ရန်ကုန်တိုင်းဒေသကြီးတွင်ရှိသော ပြည်သူ့လွှတ်တော် အမတ်လောင်း ၄၅ ဦး၊ အမျိုးသားလွှတ်တော် အမတ်လောင်း ၁၂ ဦး၊ တိုင်းဒေသကြီးလွှတ်တော် အမတ်လောင်း ၉၀ ဦးနှင့် ကရင် နှင့် ရခိုင်တိုင်းရင်းသားအမတ်လောင်း တစ်ဦးစီ ပါဝင်ရွေးချယ်ခံ မည်ဖြစ်ပြီး နိုင်ငံအနှံ့ရှိ မဲဆန္ဒနယ်အားလုံးတွင်လည်း ပါတီကိုယ်စားလှယ်လောင်းများ ရွေးချယ်ခံရန်ဖြစ်နိုင်ချေများပြီး စာရင်း အတိအကျ မရသေးကြောင်း ၎င်းကပြောသည်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီသည် ရွေးကောက်ပွဲတွင် အမတ်နေရာ ၉၉၀ ၀န်းကျင် ၀င်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်
ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းက ဩဂုတ်လ ၃၁ ရက်နေ့တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၂၉၀ ကျော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ၁၅၀ ကျော်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ၅၅၀ ခန့်က ပါတီကို ကိုယ်စားပြုကာ ရွေးကောက်ပွဲဝင်မည် ဖြစ်သည်။
"စာရင်းတွေက၊အကုန်တော့မရောက်သေး ဘူး။ သိပ်ဝေးတဲ့နေရာတွေက မရောက်သေးဘူး ဆိုတော့ အကြမ်းဖျင်းပဲ ပြောလို့ရသေး တယ်"ဟု ဦးသိန်းထွန်းက ပြောသည်။
ဦးသိန်းထွန်းသည် ရန်ကုန်တိုင်းဒေသကြီးတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အထူးအုပ်ချုပ်ခွင့်ရဒေသများတွင်၊ပါတီ၏ကိုယ်စား
လှယ်လောင်းများ ၀င်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း သိရသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီသည် မဲဆန္ဒနယ် ၁,၀၀၀ ကျော်တွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ရည်မှန်းထားခဲ့ရာ ၉၅ ရာခိုင်နှုန်း
ကျော် ပြည့်မီခဲ့ခြင်းဖြစ်ကြောင်း၊ ပါတီ၏ ကိုယ်စားလှယ်လောင်းများတွင် တချို့က မှတ်ပုံတင်ကြေးကို ယင်းတို့ကိုယ်ပိုင် ငွေကြေး ဖြင့်ပေးသွင်းသကဲ့သို့ တချို့အတွက်မူ၊ပါတီက ငွေကြေးအတိုင်းအတာတစ်ခုအထိ ထည့်ဝင်ပေးရကြောင်း ၎င်းက ပြောသည်။
နိုင်ငံရေးပါတီ အတော်များများမှာ၊ရန်ပုံငွေ ချို့တဲ့မှုကြောင့် ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေး၊ကျပ်ငါးသိန်းကို၊မိမိတို့ဘာသာ ပေး နိုင်သည့် ကိုယ်စားလှယ်လောင်းများသာလျှင် မှတ်ပုံတင်နိုင်ကြသည်။
ပါတီများ၏မှတ်ပုံတင်ခြင်းကိစ္စများ ပြီးပြတ်သလောက်ရှိပြီဖြစ်ရာ မဲဆန္ဒနယ် အရေအတွက်အပေါ်မူတည်ပြီး မဲဆွယ်စည်းရုံး ရန်သာ ကျန်ရှိတော့ကြောင်း ၀ါရင့်သတင်းစာ ဆရာတစ်ဦးဖြစ်သူ မောင်ဝံသက မြန်မာ တိုင်း(မ်) ကို ပြောသည်။
"ကိုယ်စားလှယ်လောင်းတွေရဲ့ မှတ်တမ်းတွေ၊ ထုတ်ပြန်ကြေညာချက်တွေ၊ သဘောထား တွေ၊ လက်ရှိနိုင်ငံရေး အခြေအနေအပေါ် သူတို့ရဲ့အမြင်တွေ၊ တကယ်လို့သာ လွှတ်တော်အတွက်ရောက်ခဲ့ရင် တိုင်းပြည်ကို အကျိုးပြု မယ့် ဘယ်လိုဥပဒေမျိုးတွေကို ပြဋ္ဌာန်းဖို့ ကြိုးစားမလဲဆိုတဲ့ သူတို့ရဲ့ရည်မှန်းချက်တွေ ကို ပြည်သူလူထုတွေကို သူတို့တွေ ပြောရမယ်"ဟု ၎င်းကပြောသည်။
သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများကလည်း လုံခြုံရေးနှင့် ငြိမ်ဝပ်ပိပြားရေးဆိုင်ရာရှုထောင့်မှကြည့်သကဲ့သို့ ရွေးကောက်
ပွဲကော်မရှင်ကလည်း၊သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းနှင့် ညီမညီကို စောင့်ကြည့်ကြသည့်အခါ ကိုယ်စားလှယ်လောင်းများ သည်၊အကျပ်အတည်းအချို့ကို ရင်ဆိုင်ရဖွယ်ရှိကြောင်း ၎င်းကပြောသည်။
ပါတီအသီးသီး၏ အမတ်နေရာ ၀င်ရောက် အရွေးခံနိုင်မှုအပေါ် သုံးသပ်ရာတွင် "ရွေး ကောက်ပွဲမှာ ပေါ်လာမယ့်အဖြေကတော့ အခု
ကတည်းက မှန်းလို့ရနေပြီ"ဟု ဆရာမောင်ဝံသက ပြောသည်။
ယခင်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) အမှုဆောင်ဟောင်းများဖြင့်ပါဝင်ဖွဲ့စည်းထားသော အမျိုးသား ဒီမိုကရေစီ
အင်အားစုပါတီသည်လည်း ကိုယ်စားလှယ် လောင်းစာရင်း အတိအကျကို မပြောနိုင်သေး သော်လည်း ခန့်မှန်းခြေ ၁၄၀ ခန့် ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဩဂုတ်လ ၃၀ ရက် နေ့က ပါတီဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းကပြော သည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် အများဆုံး ၀င်ရောက်ယှဉ်ပြိုင် မည့် ၎င်းတို့၏ပါတီသည် ရန်ကုန်၊ မန္တလေး၊ မကွေး၊ ဧရာဝတီနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့တွင်၊အင်အားအကောင်းဆုံးဖြစ်မည်ဟု မျှော်လင့်ထားကြောင်း အစောပိုင်းရက်များ အတွင်း ၎င်းက ပြောကြားသည်။
ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေကလည်း ၎င်းတို့ပါတီသည် ကိုယ်စားလှယ်လောင်း ၅၀ ခန့် ၀င်ရောက်အရွေးချယ် ခံရန် မျှော်လင့်ထားကြောင်း မြန်မာတိုင်း(မ်)သို့ ပြောကြားခဲ့သည်။
ပြည်ထောင်စု ဒီမိုကရေစီပါတီမှာမူ ကိုယ်စားလှယ်လောင်း သုံးဦးသာ ၀င်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ ယင်းတို့သုံးဦးမှာ ပါတီဥက္ကဋ္ဌ ဦးသိန်းဌေးက ပဲခူးတွင်လည်း ကောင်း၊ ဒုဥက္ကဋ္ဌ ဦးဌေးက လှိုင်သာယာတွင်လည်းကောင်း၊ အတွင်းရေးမှူး ဦးသိန်းတင်
အောင်က တာမွေတွင်လည်းကောင်း ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီက လည်း ကိုယ်စားလှယ်လောင်းခုနစ်ဦး မှတ်ပုံတင်ခဲ့ကြောင်းပါတီ၏ အထွေထွေအတွင်း ရေးမှူး ဦးနေမျိုးဝေက ပြောသည်။
ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များမှာ မင်္ဂလာဒုံ၊ အင်းစိန်၊ ဘိုကလေး၊ ကျိုက်လတ် တို့ဖြစ်ကြောင်း သိရသည်။
ယင်းပါတီဝင်တစ်ဦးဖြစ်သူ ဦးတင်မောင်အေးမှာမူ၊မှတ်ပုံတင်ကြေးအတွက် ရန်ပုံငွေကောက်ခံရာ နှစ်သိန်းခွဲသာ ရရှိသဖြင့်
၊၀င်ရောက်မရွေးခံမည်မဟုတ်ကြောင်း၎င်းက ပြောသည်။
ရန်ကုန်မြို့အခြေစိုက် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောကြားရာတွင် ၎င်းပါတီသည် ကိုယ်စားလှယ်လောင်း ၂၀ မှ ၃၀ ထိ ၀င်ရောက်ရွေးချယ်ခံမည်ဟု ဆိုသည်။
"မဲဆန္ဒနယ်တွေကတော့၊ ရန်ကုန်တိုင်း ဒေသကြီးမှာ မင်္ဂလာတောင်ညွန့်နဲ့ ပန်းဘဲ တန်းမြို့နယ်၊ ရခိုင်ပြည်နယ်မှာ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ စစ်တွေ၊ မြောက်ဦးနဲ့ ရသေ့တောင်မြို့နယ်တို့ ဖြစ်ပါတယ်။ ရက်အနည်းငယ်အတွင်းမှာ ကိုယ်စား
လှယ်လောင်းတွေ စည်းရုံးဖို့ ရခိုင်ပြည်နယ် ကို ကျွန်တော်တို့ ခရီးထွက်ကြမယ်"ဟု ဩဂုတ်လ ၂၃ ရက်နေ့တွင် ၎င်းကပြောကြား
ခဲ့သည်။
၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီနှင့် ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားနိုင်ငံ ရေးအဖွဲ့ချုပ် ပါတီတို့ကလည်း အမတ်နေရာ ၈၆ နေရာခန့်တွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်မည်ဟုမျှော်လင့်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီဥက္ကဋ္ဌ ဦးရဲထွန်းကပြောသည်။