Now! Fashion Forward

ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်

ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ဆိုက်ရောက်ဗီဇာ ယခုလကုန် ရပ်ဆိုင်းမည်

ဇော်ဝင်းသန်း
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)

ရန်ကုန်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် မြန်မာနိုင်ငံ ပြည်ဝင်ခွင့်ဆိုက်ရောက်ဗီဇာထုတ်ပေးခြင်းကို စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ခါ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

"ဆိုက်ရောက်ဗီဇာ စတင်ထုတ်ပေး ပြီးကတည်းက ဒီစနစ်ကို ကျွန်တော်တို့ စောင့်ကြည့်ခဲ့ပါတယ်။ ဒီစနစ်နဲ့ ဧည့်သည် ဘယ်လောက် ၀င်လာလဲ။ ဘယ်နှယောက်ပြန်ထွက်သွားလဲဆိုတာတွေကို သုံးသပ်လေ့လာမှာဖြစ်ပါတယ်။ ဒါကြောင့် ဆိုက်ရောက်ဗီဇာကို စက်တင် ဘာလ ၁ ရက်နေ့ကနေစပြီး ရပ်ဆိုင်းထားဖို့ ပြည်ထဲရေးဝန်ကြီးဌာနက ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ "ဘယ်တော့ပြန်ပေးမလဲ ဆိုတာ ကျွန်တော်တို့ မသိပါဘူး။ အဲဒါကို ပြည်ထဲရေးဝန်ကြီးဌာနကပဲ ဆုံးဖြတ်ပါလိမ့်မယ်"ဟု ၎င်းကပြောသည်။

ဆိုက်ရောက်ဗီဇာစနစ်ကို စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး ရပ်ဆိုင်းထားမည်ဖြစ်ကြောင်းကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ မြန်မာ့ ခရီးသွားလုပ်ငန်းဌာနရုံးခန်းမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

"ကျွန်တော်တို့လည်း အထက်က ညွှန်ကြားတဲ့အတိုင်း လေကြောင်းလိုင်းတွေ၊ ခရီးသွားကုမ္ပဏီနဲ့ ခရီးသွားလုပ် ငန်းအဖွဲ့အစည်း တွေကို ဆိုက်ရောက် ဗီဇာ ရပ်ဆိုင်းတော့မယ့်အကြောင်း ဖုန်းနဲ့ အကြောင်းကြားလိုက်ပါတယ်။ ဘယ်တော့ပြန်ထုတ်ပေးမလဲဆို တာကို ကျွန်တော်တို့လည်း အတိအကျ မသိပါဘူး"ဟု ၎င်းကပြောသည်။

သို့သော် ယခင်ဆိုက်ရောက်ဗီဇာ စနစ်ဟောင်းဖြင့် နိုင်ငံခြားခရီးသွား ဧည့်သည်များသည် နိုင်ငံတကာရှိ မြန်မာသံရုံး၊ သို့မဟုတ် ခရီးသွားကုမ္ပဏီများမှတစ်ဆင့် ရက်အနည်းငယ် ကြိုတင်လျှောက်ထားနိုင်ပြီး ထိုလျှောက်လွှာများကို သက်ဆိုင်ရာဝန်ကြီးဌာနက စိစစ် ခွင့်ပြုပြီးမှသာ လေဆိပ်တွင် ဗီဇာထုတ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

"ဆိုက်ရောက်ဗီဇာ စနစ်သစ်ကို စက်တင်ဘာလ ၁ ရက်နေ့ကနေစပြီး ရပ်နားမယ်လို့ မြန်မာခရီးသွားလုပ်ငန်းဌာနက ဖုန်းဆက် အကြောင်းကြားပါတယ်။ ဘယ်တော့ပြန်ပေးမလဲဆိုတာကို သူတို့ ဘာမှမပြောပါဘူး။ ရပ်ဆိုင်းမယ့်ရက်ကိုပဲ ပြောသွားပါတယ်"ဟု ခရီးသွားလုပ်ငန်း ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဆိုက်ရောက်ဗီဇာစနစ် ပြောင်းလဲ ကျင့်သုံးရေးမူဝါဒကို ယခုနှစ် ဧပြီလ ၃၀ ရက်နေ့က ပြည်ထဲရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ် ခဲ့သည့် မြန်မာနိုင်ငံ၏ ဆိုက်ရောက်ဗီဇာစနစ် ပြောင်းလဲ ကျင့်သုံးရေးဆိုင်ရာ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဆိုက်ရောက်ဗီဇာ စနစ်သစ်စတင် ကျင့်သုံးသည့် မေလ ၁ ရက်နေ့မှ ဇွန်လကုန်အထိ နိုင်ငံခြားဧည့်သည် ၄,၅၀၀ ကျော်ကို ဗီဇာများ ထုတ်ပေးခဲ့သည်။