Now! Fashion Forward

ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်

ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ဒီကေဘီအေကို နယ်ခြားစောင့်တပ် အဖြစ် ဖွဲ့စည်း

ရွှေယင်းမာဦး
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)

တိုးတက်သော ဗုဒ္ဓဘာသာကရင် အမျိုးသားအစည်းအရုံး (ဒီကေဘီအေ) ကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်ခြားစောင့် တပ်များ အဖြစ် ဩဂုတ် လ ၁၈ ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူဒေသ၌ ကျင်းပသော အဆိုပါ အခမ်းအနားတွင် ဒီကေဘီအေ၏ ဒုတိယဥက္ကဋ္ဌ ဦးကျော်သန်း က ယင်းတို့ ၏ အစည်းအရုံးသည် ယခင်က ယာယီ ငြိမ်းချမ်းရေးအဖြစ်သာ တာဝန်ထမ်း ဆောင်ခွင့်ရခဲ့သော်လည်း ယခုအချိန်တွင် ထာဝရငြိမ်းချမ်းရေးရရှိပြီး နယ်ခြားဒေသလုံခြုံရေးအတွက် နယ်ခြားစောင့်တပ်အဖြစ် နယ်စပ်လုံခြုံရေးကာကွယ် ရေးဆိုင်ရာကိစ္စများကို ထိထိရောက် ရောက် ပိုမိုဆောင်ရွက်သွားနိုင်ကြတော့မည်ဖြစ်ကြောင်း ပြောသည်။

ဒီကေဘီအေသည် ၁၉၉၄ ခုနှစ်တွင် ငြိမ်းချမ်းရေးယူခဲ့သော အဖွဲ့ဖြစ်သည်။