
ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်
ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
တသီးပုဂ္ဂလ၊ကိုယ်စားလှယ်အချို့ မှတ်ပုံတင်ရန်၊ပြင်ဆင်ပြီးဖြစ်
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)
နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့်၊ ရွေးကောက်ပွဲတွင် ၀င်ရောက် အရွေးခံကြမည့် တသီးပုဂ္ဂလ ကိုယ်စားလှယ်များသည် မှတ်ပုံတင်ရန်အတွက် အသင့် ပြင်ဆင်ထားပြီးဖြစ်ကြောင်း အဆိုပါ ကိုယ်စားလှယ်လောင်းများက မြန်မ တိုင်း(မ်)ကို ပြောသည်။
တသီးပုဂ္ဂလအနေဖြင့် ၀င်ရောက်အရွေးခံမည့်သူများတွင် စီးပွား ရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ ၊ ၁၉၉၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သူများနှင့် ယခင်၊နိုင်ငံရေးပါတီအချို့မှ အဖွဲ့ဝင်များသာမက နိုင်ငံဒေသအချို့တွင် မိမိဒေသအကျိုးကို ထမ်းဆောင် နေသူများ ပါဝင်သည်။
တသီးပုဂ္ဂလ ကိုယ်စားလှယ်တို့သည် ဒေသအခြေအနေအလိုက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊၊ပြည်နယ်လွှတ် တော်အသီးသီးတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဟု သိရသည်။
"မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ကိုယ်စားပြုပြီး ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားပါတယ်။ မနှစ်က မြန်မာ အီးဂရက်စ် ဖွင့်လှစ်ပို့ချ သွားတဲ့'အခြေခံ ဥပဒေအကြောင်း သိကောင်းစရာ'ခေါင်းစဉ် ဟောပြောပွဲ တက်ရောက်ပြီး ကတည်းက ဆုံးဖြတ်ဖြစ်ခဲ့တာပါ"ဟု မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးလှရှိန်ကပြောသည်။
အလားတူ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ပါက သက်ဆိုင်ရာ ဒေသအသီးသီးတွင် ထောက်ခံမှုရရှိ နိုင်သည့်အတွက် ယခုနှစ် ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလများ ၀င်ရောက်ယှဉ်ပြိုင်လာစေရန်အတွက်၊ယှဉ်ပြိုင် နိုင်မည့် မိတ်ဆွေများအချင်းချင်း
ဆွေးနွေးခဲ့ကြောင်း ပုဇွန်တောင်မြို့နယ်တွင်ယှဉ်ပြိုင်မည့် ဦးရန်ကျော်က ပြောသည်။
တစ်ချိန်တည်းမှာပင် ဦးဘတင့်ဆွေ က မြောက်ဥက္ကလာပမြို့နယ် ကိုယ်စား ပြု ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းနှင့် စမ်းချောင်း၊ ပန်းဘဲတန်း၊ တွံတေး၊ ကမာရွတ်၊ ကွမ်းခြံကုန်း၊ ရေနံချောင်း၊ ရေစကြို၊ ဒေးဒရဲ၊ လပွတ္တာ၊ ၀ါးခယ်မ၊ မအူပင်၊ တောင်ကြီး စသည့် မြို့နယ်များ အပါအ၀င် စုစုပေါင်းမြို့နယ် ၁၈ ခု တွင်လည်း ၀င်ရောက်ယှဉ်ပြိုင်မည့် တသီးပုဂ္ဂလ ကိုယ်စားလှယ်များအနေဖြင့် အဆင်သင့်ရှိနေပြီဖြစ်ကြောင်း ဦးရန်ကျော်က ပြောသည်။
"အခုလို ၀င်ရောက်အရွေးခံဖို့ပြောတဲ့အခါမှာ နိုင်ငံရေးခံယူချက်၊ စိတ်ဓာတ်တွေဟာ အများစုက အတူတူပဲဖြစ်နေတာကို တွေ့ရတယ်။ ဒါကြောင့် အားလုံးက ပါတီအနေနဲ့ မဟုတ်ဘဲ တသီးပုဂ္ဂလအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်ကြတာဖြစ်တယ်"ဟု ၎င်းက ပြောကြားသည်။
"အဖွဲ့အစည်းတစ်ခုအနေနဲ့ ရပ် တည်တာမျိုးလည်း မဟုတ်ဘူး။ တစ်ဦး ချင်း တစ်ယောက်ချင်း တစ်နယ်မြေစီ သီးသန့်ရပ်တည်ပြီး ကွန်ဂရက်တစ်ခု အနေနဲ့ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ဖေးမဆက်သွယ်တာမျိုး ဖြစ်ပါတယ်" ဟု ဦဘတင့်ဆွေက ပြောသည်။
၎င်းသည် ၁၉၈၅ ခုနှစ်တွင် ဥပဒေဘွဲ့ရရှိပြီး လက်ရှိတွင် ဖန်ထည်၊ ကြွေထည် လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။