Now! Fashion Forward

ခြောက်မိုင်ခွဲက ဆိတ်ငြိမ်တဲ့အိမ်ကလေး

ခံအကျယ်အ၀န်းစတုရန်းပေ ၆,၃၀၀ (ပေ ၇၀ x ပေ ၉၀) လောက် ခန့်မှန်း ခြေရှိပြီး မျက်နှာစာဘက်က အတော် လေး ကျယ်ကျယ်ဝန်းဝန်းရှိ ပါတယ်။ မြေမျက်နှာပြင်ကို ကွန်ကရစ်ခင်းထားပေမယ့် ခြံထဲမှာ အရိပ်ရသစ်ပင်ကြီး တချို့နဲ့ အလှပန်းပင် တချို့လည်း ရှိပါတယ်။ အဖြူရောင်နှစ်ထပ်တိုက်ရဲ့ ပုံစံက နှစ်ဖက်အလေးချိန်မျှနေတဲ့ ခေါက်ချိုးညီပုံစံ မျိုးပါ။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အိန္ဒိယသို့သွားရောက်

မြန်မာနှင့်အိန္ဒိယတို့သည် စီးပွားရေး ပူးပေါင်းဆောင်ရွက်သည့် စာချုပ်များအပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တရားမ၀င် မူးယစ် ဆေးရောင်းဝယ်မှု တိုက်ဖျက်ရေး၊ ငွေကြေး ခ၀ါချမှုတိုက်ဖျက်ရေးနှင့် လက်နက်နှင့်ပေါက်ကွဲ စေတတ်သည့်ပစ္စည်းများ မှောင်ခိုရောင်းဝယ်မှု တိုက်ဖျက်ရေးတို့အတွက်လည်း သဘောတူညီခဲ့ကြောင်း အိန္ဒိယ
သတင်းဌာနများက ရေးသားထားသည်။

News 

သဘာဝဓာတ်ငွေ့တင်ပို့မှုမှ နှစ်စဉ်မြင့်တက်လျက်ရှိ ကုန်သွယ်မှုပိုငွေ နှစ်စဉ်ပုံမှန်ရရှိလာ

"ဓာတ်ငွေ့တင်ပို့မှု နှစ်စဉ်တိုးတက်လာရတဲ့အဓိက အကြောင်းရင်းကတော့ အိမ်နီးချင်းနိုင်ငံတွေရဲ့ စွမ်းအင်လိုအပ်ချက် မြင့်မားလာ တဲ့အတွက်ကြောင့် ဖြစ်ပါတယ်"ဟု ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ အကြီးတန်း စီးပွားရေးနှင့် သုတေသနပညာရှင် ဒေါက်တာမောင်အောင်က ပြောသည်။

News 

မှတ်ပုံတင်ပြီးနိုင်ငံရေးပါတီများ ရွေးကောက်ပွဲကော်မရှင်သို့ ပါတီဝင်စာရင်းများ တင်ပြ

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများအရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရရှိသော ပါတီသည် မှတ်ပုံတင်ခွင့်ရရှိသည့် နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း ဥပဒေပုဒ်မ ၅(စ)ပါအတိုင်း ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီ ၀င်ဦးရေ အနည်းဆုံး ၁,၀၀၀ ကိုလည်းကောင်း၊ တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌ စည်းရုံးမည့် ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၅၀၀ ကိုလည်းကောင်း ပြည့်မီအောင် စည်းရုံးရမည်ဖြစ်ပြီး မိမိတို့ စည်းရုံးထားသည့် ပါတီဝင်အင်အားစုစာရင်းကို မြို့နယ် အလိုက်စုစည်း၍ ပုံစံ(ဇ) နှစ်စုံပြုစုပြီး တင်ပြရမည်ဖြစ်သည်။

News 

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ စာစောင် အခမဲ့ဖြန့်ချိမည်

"စာစောင်အတွက် ခွင့်ပြုချက်ရပြီးရင် စာပေစိစစ်ရေးရဲ့ စည်းမျဉ်းစည်း ကမ်းတွေ၊ ရွေးကောက်ပွဲကော်မရှင်ရဲ့ စည်းမျဉ်းစည်းကမ်း တွေနဲ့အညီ ထုတ် ဝေသွားမှာပါ။ အဲဒီစာစောင်မှာ ပါတီရဲ့ မူဝါဒတွေ၊ ပါတီရဲ့ လှုပ်ရှားမှုတွေ၊ ဘဏ္ဍာရေးအခြေအနေတွေကအစ ဖော်ပြသွားပါမယ်။ ပြီးတော့ လစ်ဗရယ်ဒီမိုကရေစီဆိုင်ရာ ဗဟုသုတတွေ၊ နိုင်ငံရေးဆိုင်ရာ ဗဟုသုတတွေ၊ ရခိုင် သမိုင်းဆိုင်ရာ ဗဟုသုတတွေကို စုစည်းပြီး ဖော်ပြနိုင်ဖို့ရှိပါတယ်။ အခမဲ့ ဖြန့်ဝေသွားမှာပါ"

News 

အာဆီယံအဆင့်မြင့်အရာရှိကြီးများ၏ လာမည့်နှစ် အစည်းအဝေး အင်ဒိုနီးရှားတွင် ကျင်းပမည်

၂၀၁၅ ခုနှစ်တွင် ပေါ်ပေါက်လာမည့် အာဆီယံအဖွဲ့အစည်းကြီးအတွက် လမ်းပြမြေပုံများကို တတ်နိုင်သမျှ မြန်မြန် အကောင်အထည် ဖော်ရန်၊ အာဆီယံနိုင်ငံများအတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းဆောင်ရွက်ကြရန်နှင့် အာဆီယံ နိုင်ငံများနှင့် လက်ရှိတွင် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးအရ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံကြီးများနှင့် စုစည်းပူးပေါင်းကာ အာဆီယံ အသိုင်း အ၀ိုင်းကို ပိုမိုအင်အား ကောင်းမွန်လာစေရေး ဆောင်ရွက်ရန်လိုကြောင်း ဗီယက်နမ်ဝန်ကြီးချုပ် မစ္စတာ ငုယင် တန်ဒန်းက အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများကို ပြောကြားသည်။

News 

လိုင်စင်မဲ့မော်တော်ယာဉ်များအား တရားဝင် ယာဉ်မှတ်ပုံတင်နံပါတ်များ ထုတ်ပေးလျက်ရှိ

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ရန်ကုန်တိုင်း)က လိုင်စင်မဲ့ မော်တော်ယာဉ်များ ပပျောက်ရေးအတွက် အဆိုပါ ယာဉ် ပိုင်ရှင်များအား ထိုက်သင့်သည့် အခွန်များကို ပေးဆောင်စေကာ တရားဝင် ယာဉ်မှတ်ပုံတင်နံပါတ်များကို ဇူလိုင်လ ၂၃ ရက်မှ စတင် ထုတ်ပေး လျက်ရှိသည်။

News 

စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွင် အသင်းဝင်နိုင်

တစ်ဦးချင်းဖြစ်စေ၊ NGO တစ်ဖွဲ့ချင်း ဖြစ်စေ၊ INGO တစ်ဖွဲ့ချင်းဖြစ်စေ၊ ၀င်ရောက်နိုင်ပြီး အဖွဲ့ဝင်ကြေးများမှာ တစ်နှစ်လျှင် တစ်ဦးချင်း အမေရိကန် ၂၅ ဒေါ်လာ၊ NGO တစ်ခုလျှင် ဒေါ်လာ ၁၅၀ နှင့် INGO တစ်ခုလျှင် ဒေါ်လာ ၅၀၀ ဖြစ်သည်။ စာကြည့်တိုက် ၀င်ကြေးမှာ လူတစ်ဦးအတွက် ခြောက်လလျှင် ကျပ် ၃,၀၀၀ ဖြစ်သည်။

News 

ကျပ် ၂၁ သိန်းတန်ရွှေလက်ကောက် ခိုးယူမှု စီစီတီဗီမှတ်တမ်းအရတွေ့ရှိ

ကျပ် ၂၁၊သိန်းတန် ရွှေလက်ကောက် ခိုးယူမှုကို၊စီစီတီဗီ မှတ်တမ်းအရတွေ့ရှိရပြီး၊ လသာမြို့နယ်ရဲစန်း၌ အမှုဖွင့်နိုင်ခဲ့သည်။ ဇူလိုင်လ ၁၃ ရက်နေ့ နံနက်တွင် အမှုဖွင့်တိုင်တန်းသူ ရွှေဆိုင်ပိုင်ရှင်သည် လသာမြို့နယ်ရှိဆိုင်အတွင်း၌ ဆိုင်ဝန်ထမ်း အမျိုးသား
နှင့် အမျိုးသမီးတစ်ဦးတို့နှင့်အတူ ဆိုင်ဖွင့်ရန် ရွှေထည်ပစ္စည်းများ ခင်းကျင်းစဉ် ၎င်းလက်ကောက်ပျောက်ဆုံးကြောင်း သိခဲ့ရသည်။

News 

ဖားကန့်တွင် မိုးသည်းထန်ကာ တမံကျိုးသဖြင့် လူနေရပ်ကွက် ကျေးရွာများ ရေနစ်မြုပ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဇူလိုင်လ ၁၉ ရက်နေ့၌ ဖြစ်ပွားခဲ့သော ရေဘေးကြောင့် လမ်းပျက်စီးမှု၊ လူနေရပ်ကွက်၊ ကျေးရွာများတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့သော်လည်း သေဆုံးထိခိုက်မှုမရှိကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ချုပ်မှ သိရသည်။ ဖားကန့်မြို့နယ်တွင် ဇူလိုင်လ ၁၉ ရက် ည ၉ နာရီခွဲခန့်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လုံးခင်းကျေးရွာစု အတွင်းရှိ နေအိမ် ၆၆ လုံး ရေနစ်မြုပ်ခဲ့ကာ အိမ်ထောင်စု ၁,၁၀၀ ကျော်ခန့် ရေဘေးခံစားခဲ့ရကြောင်း MRCS မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

News 

ငါး-စပါး ရောနှောစိုက်ပျိုးမွေးမြူနည်း အောင်မြင်ဟုဆို

ဧရာဝတီတိုင်းရှိ ရေကြည်နှင့် ကျောင်းကုန်းမြို့နယ်တို့တွင် ကျေးရွာ ခြောက်ရွာ၊ ကရင်ပြည်နယ် ဘားအံမြို့တွင် ကျေးရွာခုနစ်ရွာနှင့် ပဲခူးတိုင်းရှိ လက်ပံတန်းနှင့် ပြည်မြို့နယ်တို့ရှိ ကျေးရွာငါးရွာတွင် လယ်ကွင်းများ၌ ငါးများ အခမဲ့ စိုက်ထည့်ပေးခဲ့ရာ အောင်မြင်မှု ရရှိခဲ့ကြောင်း ဂျိုက်ကာ မြန်မာ ဒုတိယဌာနေကိုယ်စားလှယ် မစ္စတာ ကာစူရိုရှီစိုင်တိုက ပြောသည်။

News 

ချီကန်ကင်ညာ သို့မဟုတ် ဂျပန်တုပ်ကွေး ဖြစ်ပွားနေ

"လူတစ်သိန်းမှာမှ တစ်ယောက်လောက်ပဲ သေနိုင်ပါတယ်။ ရောဂါ သက်သာအောင် ကုလို့ရပေမယ့် ကာကွယ်ကုသဆေး မရှိသေး ပါဘူး။ သွေးလွန်တုပ်ကွေးရောဂါပိုး သယ်ဆောင်တဲ့ခြင်နဲ့ အတူတူပဲဖြစ်တာကြောင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေကိုလည်း အတူတူပဲ လုပ်ဆောင်ရပါမယ်"

News 

အိပ်ခ်ျအိုင်ဗီပိုးသည် အစားအသောက်မှ မကူးစက်နိုင်

အေ့ဒ်စ်ရောဂါ ခံစားနေရသော အစားအသောက်ရောင်းချသူများမှတစ်ဆင့် အိပ်ခ်ျအိုင်ဗီရောဂါကူးစက်နိုင်ကြောင်း ရေးသားဖော်ပြ ထားသည့် အီးမေးလ်များသည် မမှန်ကန်သောသတင်းများ ဖြစ်ပြီး ပြည်သူလူထုအား မှားယွင်းသော အတွေးအခေါ်များကို ဖြစ်ပေါ် စေကြောင်း မြန်မာနိုင်ငံ၌ ကျန်းမာရေး ပညာပေးဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်နေသည့် အင်န်ဂျီအိုများက မြန်မာတိုင်း(မ်)ကို ပြောသည်။

News 

ဧရာဝတီဒေသအတွက် ရေပေါ်ဆေးခန်းဝန်ဆောင်မှု စတင်

"အလကားကုပေးတာတော့ မဟုတ်ဘူး။ အမြတ်အစွန်း မယူတဲ့ သဘောပေါ့။ အခုလောလောဆယ်တော့ ဆေးကုသမှု စရိတ်ကို ကျပ် ၁,၀၀၀ လို့ အကြမ်းဖျင်း သတ်မှတ်ထားတယ်။ အလှူပဲ။ ထိုင်စောင့်နေလို့လည်း မရတော့ ကုန်ကျစရိတ်ကို နည်းနည်းလောက်ပြန်ကာမိအောင် အခယူတဲ့သဘောပါ"ဟု အဆိုပါဆေးခန်းကို တည်ထောင်သူ ဦးအောင်သိန်းမြင့်ခေါ် ဦးမိုးဇက်က ပြောသည်။

News 

ပဲအရောင်းအ၀ယ် ကုန်စည်ဒိုင်တွင် မှတ်တမ်းတင်

"ပဲမျိုးစုံ ရန်ကုန်တိုင်း ဘုရင့်နောင် ကုန်စည်ဒိုင်တွင် အရောင်းအ၀ယ်ရပ်ဆိုင်းသွားတယ်ဆိုတာ မဟုတ်ပါဘူး။ ပဲအရောင်းအ၀ယ် လုပ်ငန်းကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးထားမှုအပေါ် စည်းမဲ့ကမ်းမဲ့ ဖြစ်မလာအောင် စည်းကမ်းနဲ့ ၀ိုင်းဝန်းထိန်းသိမ်းတဲ့သဘော ဖြစ်ပါတယ်"

News 

ဥကဏန်းများ ဆက်လက်ဖမ်းဆီးနေခြင်းကြောင့် မျိုးတုံးလာမည်ကို စိုးရိမ်နေရ

ဥကဏန်းမများ သားပေါက်ရန် ပင်လယ်ရေငန်သို့ ရေစုန်မျှောချိန်တွင် ချောင်းရိုးမှ ဖမ်းဆီးကြသူများကြောင့် သားပေါက် မအောင် မြင်ဘဲ တဖြည်းဖြည်း မျိုးတုံးလာမည်ကို စိုးရိမ်ရကြောင်း ကဏန်းလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက မြန်မာနိုင်ငံ ငါး လုပ်ငန်းအဖွဲ့ချုပ်၌ကျင်းပသော အပတ်စဉ်အစည်းအဝေးတွင် ပြောသည်။

News 

ကြွက်သေကောင်ချထားနည်း ကြွက်နှိမ်နင်းရေးအတွက် နည်းလမ်းကောင်းတစ်ခုဖြစ်

ကြွက်နှိမ်နင်းရာတွင် စားပြီး ချက်ချင်းသေစေသည့် အဆိပ်ကျွေးနည်း၊ အချိန်ကြာမှသေစေသော အဆိပ်ကျွေးနည်း၊ ထောင် ချောက်ဖြင့် ဖမ်းနည်း၊ အမဲလိုက်ခွေးဖြင့် ဖမ်းနည်း၊ တွင်းများကို မီးခိုးမှိုင်းတိုက်နည်း၊ ကန်သင်းရိုးများကို ပလတ်စတစ်ဖြင့် ကာရံ နည်းများကို သုံးစွဲကြသော်လည်း ကြွက်သေချနည်းလောက် အောင်မြင်မှုမရှိကြောင်း ဦးသင်းအောင်က ပြောသည်။

News 

ပြည်ပမှလုပ်သားရှာဖွေမှု အင်္ဂလိပ်ဘာသာစကားနှင့် အရည်အသွေးဦးစားပေးလာ

"အင်္ဂလိပ်စကားက မဖြစ်မနေ လိုလာတယ်။ ကလေးတွေမှာ အရည် အချင်းရှိတဲ့တိုင် ဘာသာစကား အခက်အခဲကြောင့် ကိုယ့် အရည်အချင်းကို မဖော်ထုတ်ပြနိုင်တာမျိုးကြောင့် အင် တာဗျူးမအောင်တာတွေ ရှိတတ်ကြတယ်။ နောက်တစ်ခုကတော့ တကယ် အရည်အသွေးပြည့်အောင် လေ့ကျင့် သင်ကြားထားဖို့ပေါ့။သင်တန်းတက်တိုင်း နိုင်ငံခြားကိုသွားရတာမျိုး မဟုတ်ဘူးလေ"

News 

ငွေဆောင် အဆင့်မြင့်လူနေဈေးဆိုင် စက်တင်ဘာလကုန်တွင် ဖွင့်လှစ်မည်

"ဈေးစတင်တည်ဆောက်ဖို့အတွက် လွန်ခဲ့တဲ့မတ်လကတည်းက စတင်ခဲ့ပေမယ့် တကယ်တမ်း မေလလောက်မှ စတင်တည် ဆောက်ဖြစ်ပါတယ်။လာမယ့် စက်တင်ဘာလကုန်လောက် ဖွင့်လှစ်ဖို့ မျှော်မှန်းထားပါတယ်"ဟု ၎င်းက ဇူလိုင်လ ၁၈ ရက်နေ့က ပြောသည်။ ဈေးဆိုင်ခန်းများကို ပေ ၁၀ x ၁၅ ပေ ပတ်လည် ၁၀ ခန်းတွဲ ခြောက်ဆောင်အဖြစ် အခန်း ၆၀ နှင့် ခြောက်ပေပတ်လည် အခန်း ၂၄ ခန်းဖြင့် ဖွဲ့စည်းတည်ဆောက်နေပြီး ၆၀ ရာခိုင်နှုန်းဝန်းကျင် ပြီးစီးနေပြီဖြစ်သည်။

News 

ဩစတြေးလျဘွဲ့နှင့် မိုက်ခရိုဆော့ဖ် အိုင်တီလုပ်ငန်းခွင် ကျွမ်းကျင်လက်မှတ်ရ ဘာသာရပ် သင်တန်း

တက္ကသိုလ်ဝင်တန်း အောင်မြင်ထားပြီးသော မြန်မာကျောင်းသားကျောင်းသူများအတွက် ပညာရေးဆိုင်ရာ အရည်အသွေးအတွက် ဘွဲ့နှင့် လုပ်ငန်းခွင်ဝင်ရန် အထောက်အကူရရှိမည့် ကျွမ်းကျင်လက်မှတ်ပါ ပူးတွဲရရှိနိုင်သည့် အိုင်တီနည်းပညာ ဘာသာရပ်သင်တန်း ကို စင်ကာပူနိုင်ငံတွင် တက်ရောက်သင်ယူနိုင်မည်ဖြစ်ကြောင်း CROWN Education မှ သိရသည်။

News 

ကွန်ပျူတာ နက္ခတ်သိပ္ပံ သင်တန်းပို့ချမည်

ကွန်ပျူတာဖြင့် ကောင်းကင်နက္ခတ်နှင့် ပတ်သက်သော နက္ခတ်သိပ္ပံသင်တန်းကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် စက်တင်ဘာလ ပထမပတ်တွင် စတင်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံနက္ခတ်ပညာရှင်အဖွဲ့၏ နဒီ နက္ခတ်သင်တန်းကျောင်း၏ ကျောင်းအုပ် ဆရာမကြီး ဒေါ်ကြည်ကြည်စိန်က ပြောသည်။

News 

နာဂစ်မုန်တိုင်းသင့်ဒေသများ တိုးတက်မှုရှိသော်လည်း အကူအညီများ လိုအပ်နေဆဲဖြစ်

သုံးပွင့်ဆိုင်ဗဟိုအဖွဲ့၏ ကာလ အပိုင်းအခြားအလိုက် သုံးသပ်ခြင်း(၄) နှင့် လူမှုရေးထိခိုက်မှု စောင့်ကြည့် လေ့လာခြင်း(၃)တို့ကို ဇူလိုင်လ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့ရာ ကဏ္ဍဆိုင်ရာနှင့် ဒေသဆိုင်ရာလုပ်ငန်းစဉ်များတွင် တိုးတက်မှုများရှိလင့်ကစား ကူညီ ထောက်ပံ့မှုများ လျော့နည်းလာသဖြင့် သဘာဝဘေးဒဏ်သင့် မိသားစုများ၏ ပြန်လည်ဖွံ့ဖြိုးရေးတွင် ကြွေးမြီများရှိ လာကာ အိမ်ထောင်စုအများအပြားမှာ ချည့်နဲ့နေဆဲပင်ဖြစ်သည်ဟု သိရသည်။

News 

တိမ်ကောမသွားသော ဘုရားစောင်းတန်းဈေးဆိုင်များ

နိုင်ငံခြားသားတွေ ဘုရားဖူးလာကြတဲ့နေ့တွေ၊ နွေရာသီမှာ အနယ်နယ်အရပ်ရပ်က ကျောင်းတွေက လေ့လာ ရေးခရီး ထွက်လာကြတဲ့ နေ့တွေနဲ့ ၀ါဆို လပြည့်လိုနေ့မျိုးတွေမှာ တစ်ရက်ကို တစ်သိန်းဖိုးလောက် အထိ အများဆုံး ရောင်းရတတ်ပါတယ်။ဒီဇင်ဘာလမှာ ရောင်းအကောင်းဆုံးဖြစ်ပြီး မိုးတွင်းကာလ ကြားရက်တွေမှာ ဆိုရင်တော့ ဈေးဦးမပေါက်တဲ့ရက်တွေလည်းရှိတယ်လို့ သူက ပြောပါတယ်။

News 

အာဆီယံ အဖွဲ့ဝင်ဖြစ်ရန် အရှေ့တီမော ကြိုးပမ်းနေ

အာဆီယံနိုင်ငံများ၏ အသင်းဝင်ဖြစ်လာရန် အရှေ့တီမောနိုင်ငံက ကြိုးပမ်း နေရာ အလားအလာကောင်းများ ရှိနေကြောင်း အရှေ့ တီမောနိုင်ငံခြားရေးဝန်ကြီး Mr Zacarias Albano da Costa က ဇူလိုင်လ ၂၁ ရက်နေ့တွင် မြန်မာတိုင်း(မ်)ကို ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့၌ ပြောကြားသည်။ News 

ပြည်တွင်းပုံနှိပ်လုပ်ငန်း ၇၅ ရာခိုင်နှုန်းကျော် ပြည်ပမှ တင်သွင်းသည့်စက္ကူများအပေါ် မှီခိုနေရ

"ပြည်တွင်းမှာ စက္ကူထုတ်လုပ်တဲ့ စက်ရုံက ခြောက်ရုံ လောက်ပဲ ရှိပါတယ်။ ဒါပေမယ့် အဲဒီပုဂ္ဂလိကစက်ရုံ တွေက သုံးပြီးသားစက္ကူတွေကို ပြန်လည်ကြိတ်ခွဲ သန့်စင်ပြီး ပြုလုပ်တဲ့စက္ကူမျိုးတွေပဲ ဖြစ်တဲ့အတွက် ဈေးကွက်လိုအပ်ချက်အတွက် လိုအပ်တဲ့စက္ကူအများဆုံး ကို ပြည်ပကနေ နှစ်စဉ်တင်သွင်းနေရပါတယ်"

News

Local News

ဇုန်ထုတ်ကားများ အရောင်းအ၀ယ်အေး

လိုက်ထရပ် (တောင်းအေ့စ်ပစ်ကပ်) တစ်စီး၏ တန်ဖိုးမှာ ယခုနှစ်အတွင်း မော်ဒယ်လ်အလိုက် ကျပ်သိန်း ၁၂၀ မှ ၂၀၀ ကြားတွင်ရှိကြောင်း၊ ကျပ်သိန်း ၁၄၀ မှ ၁၇၀ အတွင်းရှိ ကားများမှာ အများဆုံး အရောင်း အ၀ယ်ဖြစ်နေကြောင်း၊ ပြည်ပမှ တင်သွင်းလာသော ပစ်ကပ်ကားများမှာမူ ကျပ်သိန်း ၂၀၀ မှ ၄၀၀ ခန့်အတွင်း ရှိကြောင်း ၎င်းက ပြောသည်။

News

» သတင်းအပြည့်အစုံသို့..

၁၃၇၂ ခုနှစ် ဒုတိယ၀ါဆိုလပြည့်၊ ဇူလိုင်လ ၂၆ ရက်နေ့ က တောင်သမန်အင်းရှိ တောင်မင်းကြီးမြတ်စွာဘုရားသို့ လာရောက်ဖူးမျှော်ကြသူများနှင့် ဦးပိန် တံတားသို့ လာ ရောက်လည်ပတ်ကြသူများကို တွေ့ရစဉ်။ မြန်မာလူမျိုး တို့၏ ဗုဒ္ဓဘာသာဓလေ့အတိုင်း ၀ါဆိုသင်္ကန်းကပ်လှူ ခြင်းနှင့်အတူ မန္တလေးတောင်၊ ကျောက်တော်ကြီးဘုရား၊ မဟာမုနိရုပ်ရှင်တော်သို့ ဘုရားဖူးလာရောက်သူများဖြင့် ထိုနေ့ကစည်ကားခဲ့ပြီး ကန်ရေအပြည့်ဖြင့် လှပနေသည့် ကမ္ဘာကျော်ဦးပိန်တံတားသို့ လာရောက်လည်ပတ်သူ များနှင့် များပြားစည်ကားခဲ့သည်ကိုတွေ့ရသည်။ သတင်းနှင့်ဓာတ်ပုံ - စည်သူနိုင်

Local News

မန္တလေးစက်မှုဇုန်တွင် ဘက်စုံသုံးယာဉ်၊ ဘတ်စ်ကားနှင့် ကုန်တင်ယာဉ်ကြီးများ တပ်ဆင် ထုတ်လုပ် ခွင့်ရရှိပြီဖြစ်

မန္တလေးစက်မှုဇုန်သည် ၂၀၀၃ ခုနှစ် Light Truck ကား၊ ဂျစ်ကားနှင့်ဘတ်စ်ကားသုံးမျိုး ထုတ်လုပ် ခွင့်ရခဲ့သည်။ ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်မှစပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာနက မော်တော်ယာဉ်များ ထုတ်လုပ်ရန် လိုအပ်သည့် အင်ဂျင်နှင့် ပစ္စည်းများ တင်သွင်းခွင့်နှင့် တပ်ဆင်ထုတ်လုပ်ရောင်းချခွင့် ပြုထားပြီ ဖြစ်ကြောင်း သိရသည်။

News

» သတင်းအပြည့်အစုံသို့..

ဟောင်းပေမယ့် ကောင်းနေဆဲ.. ပရိသတ်တွေ နှစ်သက်နေဆဲ .. အင်္ဂလိပ်ခေတ်ဟောင်း သီချင်းတွေ ...

"အဲဒီအချိန်တုန်းက ငယ်လည်းငယ်၊ ရင်ကလည်းရှင်း ခေါင်းကလည်းရှင်းဆိုတော့ အဲဒီလိုသွက်လက်မြူးကြွတဲ့ သီချင်းတွေကို စွဲလမ်းသွားတာ အခုထိ မမေ့နိုင်ဘူး။ နားထောင်လို့လည်း မရိုးနိုင်သေးဘူး။ သူတို့ရဲ့သံစဉ် လေးတွေက နားစွဲလွယ်တယ်။ စာသား အရမ်း အား ကောင်းတော့မှတ်မိလွယ်တယ်"

News

Local News

တယောမတီးနိုင်လို့ စိတ်ဓာတ်ကျခဲ့ဖူးတဲ့ ချမ်းဟိန်းကြွယ်

ငယ်ငယ်ကတည်းက ရင်းနှီးခဲ့တာကတော့ မြန်မာသံစဉ်ပဲပေါ့။ ဆို၊က၊ရေး၊ တီးမှာလည်း တယောနဲ့ ပတ်သက်ပြီး ဆုတွေရနေတော့ ကျွန်တော် အထက်တန်းအရွယ်လောက်မှာ စားသောက် ဆိုင်တစ်ခုကနေ သူတို့ရဲ့မြန်မာပိုင်း ဖျော်ဖြေမှု အစီအစဉ်မှာ ၀င်တီးပေးဖို့ ခေါ်တယ်။ အဲဒီမှာ လေးဇီးကလပ်ကကိုနိုင်ဇော်ကလည်း ကျောင်းတက်ရင်းနဲ့ ကီးဘုတ်ဝင်တီးတယ်။ အဲဒီကနေသူတို့တီးတာ တွေကို တွေ့ပြီး ကျွန်တော်လည်း ခေတ်ပေါ်သီချင်းတွေကို တီးဖို့ စစဉ်းစားဖြစ်ခဲ့တာပါ။

News

» သတင်းအပြည့်အစုံသို့..

တိုးဒီဖရန့်ချန်ပီယံ ကွန်တာဒါကို စပိန်ဝန်ကြီးချုပ် ချီးကျူး

"ကျွန်တော်တို့ရဲ့ အလံအရောင်ကို ဂုဏ်အသရေတင့် နေအောင် အမြဲ ကာကွယ်ထိန်းသိမ်းပေးတဲ့ အတွက် လည်း ကျေးဇူးတင်ပါတယ်၊ အား ကစားမှာဘယ်လို ပြုမှုနေထိုင်ရတယ်။ဘယ်လို ယှဉ်ပြိုင်ရတယ်ဆိုတာ ကိုခင်ဗျားက စံနမူနာ ပြလိုက်တာပါပဲ" ဟုလည်း ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။ ကွန်တာဒါသည် တိုးဒီဖရန့်ပြိုင်ပွဲတွင် ၂၀၀၇ နှင့် ၂၀၀၉ ခုနှစ်တို့ကလည်း ဗိုလ်စွဲခဲ့ရာယခုတတိယအကြိမ်မြောက် ချန်ပီယံဆုရ ခြင်းဖြစ်သည်။

News

Local News

နိုင်ငံပြောင်းကစားရန် ဂျီယောင် စိတ်ကူး

"ကျွန်တော်က သွေးသွတ်ဝက်အူချောင်းကို စားကြည့်ပါတယ်။ ပျဉ်းတွဲတွဲနဲ့။ ကျွန်တော်က ငါးတို့၊ အာလူးချောင်းကြော်တို့သာကြိုက်တာ။ တစ်မြန်နေ့က မနက်စောစာမှာ ဟက်ဂစ်ဆိုတဲ့ သိုးကလီစာဟင်းပါတယ်။ ကျွန်တော့ နည်းပြက သွားမစားနဲ့လို့ ပြောတာနဲ့ စားမကြည့်တော့ပါဘူး"

News

» သတင်းအပြည့်အစုံသို့..

'ကန်' ထောက်လှမ်းရေးအဖွဲ့များကို ၀ါရှင်တန်ပို့စ် ဝေဖန်

"အလွန်ကိုးရိုးကားရားနိုင်သော၊အလွန်သိုဝှက်သော၊ ငွေကြေးမည်မျှ ကုန်ကျနေပြီကိုမသိရသော၊ ၀န်ထမ်း မည်မျှခန့် ထားသည်ကိုမသိရသော၊ အစီအစဉ် မည်မျှ များများ ရှိသည်ကိုမသိရသောအလုပ်တစ်ခုတည်းကို အဖွဲ့အစည်းဘယ်လောက် များများလုပ်ဆောင်နေ သည်ကို မသိရ"News


ဇူလိုင်လ ၂၀ ရက်နေ့က ဗီယက်နမ်နိုင်ငံ၊ဟနွိုင်းမြို့တွင် ပြုလုပ်သွားသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ (၄၃) ကြိမ်မြောက် နှစ်စဉ်အစည်းအဝေးပွဲ၌ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်(လယ်)က သတင်း စာဆရာများနှင့်တွေ့ဆုံဖြေကြားနေစဉ်။အာရှ-ပစိဖိတ် နိုင်ငံခြားရေးဝန်ကြီးများက ၎င်းအစည်းအဝေးတွင် ကိုရီးယားကျွန်းဆွယ်၌ မြင့်တက်နေသည့်တင်းမာမှုများ ကိုဖြေရှင်းရန် နည်းလမ်းများ ဆွေးနွေးခဲ့ကြသည်။