Now! Fashion Forward

တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး

House Of The Weekခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

အင်ဒို-မြန်မာ စီးပွားရေးမြှင့်မည်

သိုက်ဇင်နှင့် သိန်းလင်း
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)

အင်ဒိုနီးရှားနှင့် မြန်မာနှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာလုပ်ငန်းများကို ပိုမို ဆောင်ရွက်နိုင်ရန် နှစ်နိုင်ငံ ဆက်သွယ်မှုကို ပိုမိုမြှင့်တင် သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံသံအမတ်ကြီး Mr Sebastianus Sumarsono က နှစ် နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံ ပွဲတွင် ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲကို ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်ရုံး၌ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး မြန်မာ့ စီးပွားရေးလုပ်ငန်း ရှင် ၅၀ ဦးနှင့် အင်ဒိုနီးရှားစီးပွားရေး လုပ်ငန်းရှင် ၂၂ ဦးတို့ ပါဝင်ခဲ့သည်။

"ကျွန်တော်တို့နှစ်နိုင်ငံရဲ့ဆက်သွယ်မှုကလည်း ရေရှည်ကာလအထိ ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။ ဒီနေ့ ပြုလုပ်တဲ့ စီးပွားရေးဆိုင်ရာဆွေးနွေးပွဲ ကနေတစ်ဆင့် နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ အပြန်အလှန်ဆောင်ရွက်မှုတွေကို ပိုမိုတိုးတက်လာစေမယ်လို့ ထင်ပါတယ်"ဟု သံအမတ်ကြီးက ပြောသည်။

နှစ်နိုင်ငံအကြား ကုန်သွယ်မှုတွင် လက်ရှိ၌ တိုက်ရိုက်ဘဏ်စနစ်မရှိခြင်း ကြောင့် အင်ဒိုနီးရှားမှ တင်သွင်းမည့် ကုန်ပစ္စည်းများကို ကြားခံတတိယနိုင်ငံ မှတစ်ဆင့် တင်သွင်းနေရ၍ ပို့ကုန်၊ သွင်းကုန် ကုန်ကျစရိတ်များသည် နှစ် နိုင်ငံအား သက်ရောက်မှုများရှိနေခြင်း ကြောင့် အဆိုပါစရိတ်များ လျော့ကျစေ ရန် တိုက်ရိုက်ဘဏ်စနစ်နှင့် သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်ရ မည်ဟု ၎င်းက ဆိုသည်။

အဆိုပါကိစ္စ ပေါ်ပေါက်လာပါက သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် များ လျှော့ချလာနိုင်မည့်အပြင် နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှုပမာဏမှာ လည်း တိုးတက်လာမည်ဖြစ်ကြောင်း Mr Sumarsono က ပြောသည်။

"နှစ်နိုင်ငံအကြား အပြန်အလှန် ကုန်သွယ်မှုပမာဏကို ကြည့်မယ်ဆိုရင် ၂၀၀၆-၀၇ ဘဏ္ဍာနှစ်က အမေရိကန် ဒေါ်လာ ၁၈၂ သန်း သာရှိခဲ့ပြီး ၂၀၀၇- ၀၈ ဘဏ္ဍာနှစ်မှာတော့ အမေရိကန် ဒေါ်လာ ၂၉၄သန်းရှိခဲ့ကာ၂၀၀၈-၀၉ ဘဏ္ဍာနှစ်မှာတော့ 'ကန်'ဒေါ်လာ ၂၃၉ သန်းသာ ရှိခဲ့တာကို တွေ့ရပါတယ်" ဟု မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဆိုပါတွေ့ဆုံပွဲ တွင် ပြောကြားသည်။

ပြည်ပကုန်သွယ်မှု၌ အင်ဒိုနီးရှားသည် အဆင့်ကိုးတွင်ရှိသည်။