
တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး
ခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
မြန်မာအင်တာ နေရှင်နယ် တီဗီလိုင်း ထုတ်လွှင့်မည်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)
နိုင်ငံတကာ အဆင့်မီရုပ်မြင်သံကြား လိုင်းတစ်လိုင်းဖြစ်လာရန် MRTV-3 ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှစတင်၍ မြန်မာအင်တာ နေရှင်နယ်အမည်ဖြင့် စမ်းသပ်ထုတ်လွှင့်လျက်ရှိပြီး မတ်လ ၂၇ ရက်နေ့တွင် ပုံမှန်ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း သိရသည်။
ပြောင်းလဲထုတ်လွှင့်ရန်အတွက် စင်ကာပူနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ အကူအညီဖြင့် ရွှေသံလွင်ကုမ္ပဏီနှင့် ပူးပေါင်းကာ စီမံကိန်း ကို အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိပြီး နေ့စဉ် ၂၄ နာရီ ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း MRTV-3 မှ ညွှန်ကြားရေးမှူး
ဦးဝင်းကြည်က မြန်မာတိုင်း(မ်)နှင့် သီးသန့်တွေ့ဆုံရာတွင် ပြောသည်။
အဆိုပါစီမံကိန်းအတွက် ရွှေသံလွင် ကုမ္ပဏီသည် စင်ကာပူအခြေစိုက် Green Orange Private ကုမ္ပဏီမှ သတင်းထုတ်လွှင့်သူများ၊ သတင်း ကြေညာသူများအပါအ၀င် ရုပ်သံ ကျွမ်းကျင်ပညာရှင်များကို စုဆောင်းလျက်ရှိကြောင်း သိရသည်။
ဌာနဆိုင်ရာအနေဖြင့်လည်း နိုင်ငံခြားသတင်းများကို မြန်မာအင်တာ နေရှင်နယ်တွင် ဖော်ပြနိုင်ရေးအတွက် နိုင်ငံတကာ သတင်းဌာန များနှင့် ညှိနှိုင်းဆက်သွယ်နေကြောင်းသိရသည်။
"မြန်မာအင်တာနေရှင်နယ်ကို နိုင်ငံတကာအဆင့်မီ ရုပ်သံလိုင်းအထိ အဆင့်မြှင့်နိုင်ဖို့ဆိုတာ နေ့ချင်းညချင်းတော့ ပြောင်းလဲဖို့ မလွယ် တဲ့အတွက် အချိန်ယူပြီး လုပ်ဆောင်သွားရမှာဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
MRTV-3 ကို နိုင်ငံပိုင် အကျိုးအမြတ်မယူသည့် ရုပ်သံလိုင်းအဖြစ် ၂၀၀၁ ခုနှစ်မှ ထုတ်လွှင့်ခဲ့သည်။
"အခု မြန်မာအင်တာနေရှင်နယ်အတွက်တော့ စီးပွားရေးကြော်ငြာတွေကို လက်ခံ မခံဆိုတာ အခုထိ ဆုံးဖြတ်ချက်မချရသေးပါဘူး" ဟု ဦးဝင်းကြည် က ပြောသည်။