
တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး
ခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
သံတမန်ဆက်ဆံရေး ပြန်လည်ကောင်းမွန်ရန် ဆောင်ရွက်မည်ဟု ဗြိတိန်သံအမတ်ကြီးပြောကြား
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)

ဗြိတိသျှသံအမတ်ကြီး မစ္စတာအင်ဒရူးဟေးန်။
ဗြိတိန်အစိုးရသည် အမေရိကန်-မြန်မာ ဆက်ဆံရေးကောင်းမွန်လာ သည့် အရှိန်အဟုန်ကို အမိဖမ်းလျက် မိမိတို့ ကလည်း မြန်မာနှင့် သံတမန်ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်လာစေရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဗြိတိသျှ သံအမတ်ကြီးက လွန်ခဲ့သော လက မြန်မာတိုင်း(မ်)ကို ပြောကြားသည်။
ဤသို့ပြုလုပ်ခြင်းအားဖြင့် အချို့သော နိုင်ငံရေးပြဿနာများကို ဖြေရှင်းသွားမည်ဆိုလျှင် စီးပွားရေးပိတ်ဆို့ အရေးယူထားခြင်းကို ဖျက်သိမ်းပေးခြင်းမျိုး ဖြစ်လာနိုင်ကြောင်း မစ္စတာ အင်ဒရူးဟေးန်က ပြောသည်။
အမေရိကန်နှင့် တွေ့ဆုံဆက်ဆံရေးသည် အရှိန်အဟုန်များစွာ ကောင်းလာသည်။
အလုံးစုံ လှုပ်ရှားမှုမျိုးပင် မရှိသေးသော်လည်း "အဲဒီအရှိန်အဟုန် ပျောက်သွားမှာကို ကျွန်တော်တို့ မလိုလားပါဘူး"ဟု ၎င်းက ပြောသည်။
"မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ အတွင်းမှာ နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ အဓိကကျတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်လောက်တဲ့ အလားအလာတွေ အများကြီးရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အခု ရရှိထားတဲ့ အောင်မြင်မှုတွေထက် ပိုမိုရရှိနိုင်တဲ့ စီးပွားရေး အင်အားလည်း ရှိပါတယ်။ ဒါပေမယ့် ဖြေရှင်းဖို့လိုတဲ့ နိုင်ငံရေးပြဿနာတွေက ရှိနေသေးတယ်။ ကျွန်တော် ဒီမှာရှိ နေတဲ့အချိန် အတောအတွင်းမှာ စီးပွားရေးအရ ပိတ်ဆို့အရေးယူထားခြင်းကို ဖျက်သိမ်းပေးနိုင်မယ်ဆိုရင်တော့ သိပ်ကောင်းမှာပေါ့လေ"ဟု မစ္စတာဟေးန် က ပြောသည်။
၎င်းက ဗြိတိန်အစိုးရ၏ မြန်မာ အပေါ်ထားရှိသော မူဝါဒတွင် ထိတွေ့ ဆက်ဆံရေးစံသုံးချက်ရှိကြောင်း၊ ယင်းတို့မှာ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီနှင့် စီးပွားရေးပိတ်ဆို့ အရေးယူခြင်းတို့ဖြစ်ကြောင်း ဆိုသည်။
"သုံးမျိုးစလုံးကို တစ်ပြိုင်နက် သုံးသွားဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ အီးယူရဲ့ အကျိုးတူ ပူးပေါင်းဖက်နိုင်ငံများကလည်း အကူအညီ တွေ ပိုပေးသွားတာမျိုးကို ကျွန်တော်တို့ မြင်တွေ့ ချင်ပါတယ်။ ကျွန်တော်တို့ ငြင်းရခုံရတယ်ဆိုတာ အဲဒီကိစ္စပါ။ သို့ပေမယ့်လည်း ကျယ်ပြန့်တဲ့မူဘောင်အနေနဲ့ ပတ်သက်လို့တော့ တော်တော်များများပဲ အများသဘောတူညီချက်ရကြပါတယ်"ဟု မစ္စတာဟေးန်က ပြောသည်။
"စီးပွားရေးအရ ပိတ်ဆို့အရေးယူခြင်းကတော့ မြန်မာ့ရေးရာမူဝါဒရဲ့ အငြင်းရဆုံးကဏ္ဍပါ။ သဘောမတူနိုင်တဲ့ စကားပြောသူတစ်ဦး ကတော့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဘားနတ် ကောက်ချနာ ဖြစ်ပါတယ်။ အောက်တိုဘာလ ၈ ရက်နေ့မှာ သူက ပိတ်ဆို့ အရေး ယူမှုနဲ့ပတ်သက်လို့ အသုံးမကျတဲ့ဟာပါ။ ဒါကို လူတိုင်းလည်း သိပြီးသားပါ"ဟု ပြောကြောင်း အေအက်ဖ်ပီ သတင်းဌာနက ကိုးကား ဖော်ပြသည်။
နက်ဝပ်မြန်မာ၏ ဥက္ကဋ္ဌလည်းဖြစ်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့တွင် တာဝန် ထမ်းဆောင်ဖူးသော သံအမတ်ကြီး ဟောင်းတစ်ဦးလည်း ဖြစ်သူ မစ္စတာ ဒါရက်တွန်ကင် ကလည်း စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုသည် 'အချည်းနှီး' ဖြစ်ပြီး အဓိကအားဖြင့် သင်္ကေတ သဘောသာဆောင်ကြောင်း ပြောသည်။
သူက ၂၀၀၈ ခုနှစ်တွင် နောက်ဆုံး အခြေအနေနှင့်အညီ ပြုပြင်ရေးဆွဲထားသော ပစ်မှတ်ထားရမည့် စီးပွားရေးလုပ်ငန်းများ စာရင်း တွင် မြန်မာအစိုးရနှင့်ဖြစ်စေ၊ ကမ္ဘာ့စီးပွားရေးနှင့်ဖြစ်စေ အဆက်အစပ်မရှိသော စီးပွားရေး လုပ်ငန်းငယ်များ၊ မိသားစုပုံစံဖြင့် လည် ပတ်နေသော စီးပွားရေးလုပ်ငန်း တော်တော်များများပါရှိနေသော နမူနာ သာဓကကို ထောက်ပြသည်။
"ဒီပိတ်ဆို့အရေးယူမှုပြဿနာက ရှုပ်ထွေးတယ်။ အီးယူ၊ အမေရိကန်၊ ကနေဒါနဲ့ ဩစတြေးလျ အာဏာပိုင်များက ချမှတ်ထားတဲ့ ကန့်သတ်ချက် အစီအစဉ်တွေဟာ ပြန်လည်သုံးသပ်သွားရဖို့ ရှိနေတယ်။ ဒါပေမယ့်လည်း ပိတ်ဆို့အရေးယူမှုကို ဖယ်ရှားပေးတဲ့ လုပ်ငန်းစဉ်ကလည်း ဘာမှဖြစ်မလာသေးဘူး"ဟု အီးမေးလ်နှင့်ပြုလုပ်သော အင်တာဗျူးတွင် ၎င်းက ပြောသည်။
သို့ရာတွင် မစ္စတာဟေးန်ကမူ "အီးယူ၏ မူဝါဒတွင် အတော်လေးရှင်းလင်း ပြတ်သားတဲ့ ဘုံရပ်တည်ချက်ရှိကြောင်း" ပြောသည်။
"မူဝါဒဆိုတာကတော့ ဘယ်လိုနေရာမှာဖြစ်ဖြစ် သဘောထားကွဲလွဲမှုရှိတာမျိုးပါ။ အစည်းအဝေးခန်းရဲ့ နောက်ကွယ်မှာ သိမ်မွေ့တဲ့ သဘောထားကွဲမှုမျိုးတွေ ရှိပေမယ့်လည်း မြန်မာအပေါ်ထားတဲ့ အီးယူရဲ့မူဝါဒနဲ့ ပတ်သက်လို့တော့ အတော်လေးရှင်းလင်းပြတ်သား တဲ့ ဘုံရပ်တည်ချက် ရှိကြပါတယ်။ ဒီမူဝါဒကို ဧပြီလမှာ ပြန်လည်သုံးသပ်ခဲ့ ကြပြီး တော်တော်လေး ပွင့်ပွင့်လင်းလင်း သုံးသပ်ခဲ့ကြ ပါတယ်။
"လူတိုင်းက ရွေးကောက်ပွဲဥပဒေကို မြန်နိုင်သမျှမြန်မြန် ကြိုဆိုကြမယ်ထင်ပါတယ်။ ရွေးကောက်ပွဲအကြိုအဆင့်ဟာလည်း ရွေးကောက်ပွဲလိုပဲ အရေးကြီးပါတယ်"ဟု ဟေးန်က ပြောသည်။
ဗြိတိန်သည် မြန်မာနိုင်ငံသို့ ပေးနေသော အကူအညီဘတ်ဂျက်ကို လွန်ခဲ့သော လေးနှစ်ကာလအတွက် လေးဆတိုးပေးခဲ့သည်။ ယခု စုစုပေါင်း ပေးသည်မှာ ဒေါ်လာ ၄၅ သန်းဖြစ်သည်။
သို့ရာတွင် မစ္စတာဟေးန်က မြန်မာနိုင်ငံသို့ပေးသည့် အကူအညီများမှာ ဖွံ့ဖြိုးရေး အကူအညီမဟုတ်တဲ့ လူသားချင်း စာနာထောက် ထားမှုဆိုင်ရာအကူအညီသာဖြစ်ကြောင်းလည်း ပြောသည်။
"ကျွန်တော်တို့က နိုင်ငံရေးအခြေအနေကို အမှုမထားဘဲ လူသားချင်း စာနာထောက်ထားမှုအကူအညီ ပေးတာပါ။ နိုင်ငံတကာ ဘဏ္ဍာငွေကြေး အဖွဲ့အစည်းတွေ ၀င်လာစေခြင်းဖြင့် တကယ်ပဲအကျိုးရှိလာနိုင်ပါတယ်"
မစ္စတာကင်က လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီနှင့် ဖွံ့ဖြိုးရေးအကူအညီကို နိုင်ငံရေးသမားများက ခွဲခြားပြောချင် တတ်ကြသော်လည်း ဖွံ့ဖြိုးရေးကျွမ်းကျင်သူပညာရှင်များကမူ ဤနှစ်ခုသည် ခွဲခြား၍မရဟု ဆိုကာ ထိုသို့ခွဲခြားပြောဆိုခြင်းကို သဘောမတူကြကြောင်း ပြောသည်။
"လုပ်ငန်းအစီအစဉ်များကို ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ အင်န်ဂျီအိုတွေနဲ့ပဲ ပူးပေါင်းဆောင်ရွက်ကြရတယ်"ဟု ၎င်းက ပြောသည်။
မေးစရာကား အမေရိကန်၏ အရှိန် အဟုန်ကို ဘယ်နည်းဘယ်ပုံနှင့် ဘယ်အချိန်ဘယ်အခါတွင်ဆုပ်ကိုင်၍ နိုင်ငံ ရေးတွေ့ဆုံ ဆွေးနွေးမှု တိုးတက်စေမည် နည်းဟူသော မေးခွန်းဖြစ်သည်။
၂၇ နိုင်ငံပါဝင်သည့် အီးယူထဲက တစ်နိုင်ငံ အတွက်သာဖြေဆိုရသည့် မစ္စတာ ဟေးန်မှာလည်း ထိုမေးခွန်းအတွက် တိကျသော အဖြေကို မပေးနိုင်ပေ။
"ထိတွေ့ဆက်ဆံမှုသဘောအရ ပြောရရင် ကျွန်တော်တို့က တွေ့ဆုံဆွေးနွေးဖို့ လမ်းဖွင့်ထားပါတယ်" ဟု ၎င်းက ဆိုသည်။
တင်ဦး ဘာသာပြန်သည်။