
တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး
ခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
တရုတ်နယ်စပ်၌ လူကုန်ကူးသူများ ဖမ်းဆီးရမိ
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)
မူဆယ်မြို့မှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ အမျိုးသမီးငယ်များအား ပို့ဆောင်မည့် လူကုန်ကူးသူများအား နှစ်နိုင်ငံ လူကုန် ကူးမှုတားဆီး ကာကွယ်ရေး အထူး အဖွဲ့များပူးပေါင်းကာ ဖေဖော်ဝါရီလ အတွင်းက ဖမ်းဆီးနိုင်ခဲ့သည်။
မူဆယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အထူးအဖွဲ့သို့ တာဝန်သိပြည်သူ တစ်ဦး၏ သတင်းပေးချက်အရ ရွှေလီမြို့တွင် ရောက်ရှိ နေသည့် မန္တလေးမြို့မှ လူပွဲစားအမျိုးသမီးတစ်ဦးနှင့် ရန်ကုန်မြို့မှ လူပွဲစားအမျိုးသမီးတစ်ဦးတို့အား တရုတ်နိုင်ငံ၊ ရွှေလီမြို့ လူ ကုန်ကူးမှု တားဆီးကာကွယ်ရေးအထူးအဖွဲ့နှင့် ဆက်သွယ်ကာ ပူးပေါင်းဖမ်းဆီးနိုင်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများက ဖော်ပြ သည်။
အဆိုပါ အမျိုးသမီးနှစ်ဦးသည် ၂၀၀၉ ခုနှစ်မှစတင်ခါ ရွှေလီမြို့တွင် အခြေစိုက်၍ မြန်မာအမျိုးသမီးငယ်များကို တရုတ်နိုင်ငံရှိ အမျိုးသားများထံ ရောင်းစားခြင်းကို လုပ်ကိုင်ခဲ့သည်။
အမျိုးသမီးငယ်တစ်ဦးလျှင် ကျပ် ၁၂ သိန်းပေးရာ ပို့ဆောင်သူပွဲစားက ကျပ် ခုနစ်သိန်းနှင့် အမျိုးသမီးငယ်အား ကျပ် ငါးသိန်းပေးကာ တရုတ်နိုင်ငံ၊ ဖူးကျန့် ပြည်နယ်ရှိ အမျိုးသားများထံ ပို့ဆောင် ရောင်းစားခဲ့သည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း တစ်ဖက်နိုင်ငံသားနှင့် အဓမ္မထိမ်းမြား လက်ထပ်ပေးရန်ခေါ်ဆောင်လာသည့် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်အား ကယ်တင်နိုင်ခဲ့ပြီး လူကုန်ကူးသူနှစ်ဦးအား ဖမ်းဆီးခဲ့သည်။
တရုတ်နိုင်ငံ၌ထုတ်ဝေသည့် ဂလိုဘယ်တိုင်း(မ်)သတင်းစာတွင် ဖေဖော်ဝါရီလ ၃ ရက်နေ့က ဖော်ပြချက်အရ ၂၀၀၉ ခုနှစ်အတွင်း ယူနန်ပြည်နယ်တွင် မြန်မာအမျိုးသမီး အနည်းဆုံး ၂၆၃ ဦးမှာ အတင်းအဓမ္မ လက်ထပ်ခံခဲ့ရပြီး ၂၀၀၈ ခုနှစ်က ၈၇ မှုသာ ဖြစ်ပွား ခဲ့သည်ဟု သိရသည်။