Now! Fashion Forward

တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး

House Of The Weekခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

Local News

စပါးနှင့်ပဲ ဈေးကောင်းသဖြင့် လယ်သမားတို့ဘ၀ ပုံမှန်လည်ပတ်

"လယ်စရိတ်တွေအတွက် တစ်ဧကကို တစ်သောင်းနှုန်း လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ပေးပါတယ်။ အတိုး က တစ်ကျပ်ခွဲနှုန်းပါ။ ပြည်ခိုင်ဖြိုးကလည်း ဒီနှစ်မှာ ငွေလာချေး ပေးပါတယ်။ တကယ်က လယ်စရိတ်က မိုး စပါး ဆိုရင် တစ်ဧကကို ငွေတစ်သိန်းဝန်းကျင် ရှိပါတယ်။ နွေစပါးဆိုရင်တော့ မျိုးပိုသုံးရတာ၊ အစာပိုကျွေးရတာ၊ ရေတင်ရတာတွေ ပိုလာလို့ စရိတ်နှစ်ဆ ရှိပါတယ်။ လယ်သမားက ချေးငွေအမျိုးမျိုးတွေနဲ့ မလုံလောက်ရင် ရတဲ့ နေရာမှာ ထပ်ချေးရပါတယ်။ လယ်စရိတ်တွေ အလုံအလောက်ရှိပြီး ရင်းနိုင်တဲ့ လယ်သမားမှပဲ ချောင်လည်နိုင်တာပါ"

News 

တရုတ်နယ်စပ်၌ လူကုန်ကူးသူများ ဖမ်းဆီးရမိ

မူဆယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အထူးအဖွဲ့သို့ တာဝန်သိပြည်သူ တစ်ဦး၏ သတင်းပေးချက်အရ ရွှေလီမြို့တွင် ရောက်ရှိ နေသည့် မန္တလေးမြို့မှ လူပွဲစားအမျိုးသမီးတစ်ဦးနှင့် ရန်ကုန်မြို့မှ လူပွဲစားအမျိုးသမီးတစ်ဦးတို့အား တရုတ်နိုင်ငံ၊ ရွှေလီမြို့ လူ ကုန်ကူးမှု တားဆီးကာကွယ်ရေးအထူးအဖွဲ့နှင့် ဆက်သွယ်ကာ ပူးပေါင်းဖမ်းဆီးနိုင်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများက ဖော်ပြ သည်။

News 

ပြည်ပ အရက်၊ ဘီယာ၊ စီးကရက်၊ ၀ိုင်နှင့် သောက်ရေသန့်များ အခွန်ထမ်းဆောင်ပြီး တံဆိပ် ကပ်ပြီးမှသာ ရောင်းချရတော့မည်

"အခွန်က သွင်းကုန်၊ ကုန်သွယ်လုပ်ငန်းခွန်ရယ်၊ အကောက်ခွန်ရယ်၊ ရွေးယူဒဏ်ရယ် ပေါင်းပြီးဆောင်ရမယ်။ တစ်သောင်းခွဲတန်
ဝီစကီတစ်လုံး ဆိုရင် အခွန်စုစုပေါင်း ကျပ် ၇၀၀ ကျော်လောက် ကျမယ်"ဟု ၎င်းက ဆိုသည်။ စီမံချက်ကာလ တစ်လသတ်မှတ် ထားပြီး ပြီးဆုံးပါက ပြည်ပနိုင်ငံထုတ် အရက်၊ ဘီယာ၊ ၀ိုင်၊ သောက်ရေသန့် နှင့် စီးကရက်များကို တံဆိပ်ခေါင်း မကပ်ဘဲ ရောင်းချ သည်ကို တွေ့ရှိပါက အကောက်ခွန်ဥပဒေနှင့် အခြားတည်ဆဲ ဥပဒေများနှင့်အညီ ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းအရေးယူ သွားမည်။

News 

သံတမန်ဆက်ဆံရေး ပြန်လည်ကောင်းမွန်ရန် ဆောင်ရွက်မည်ဟု ဗြိတိန်သံအမတ်ကြီးပြောကြား

"မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ အတွင်းမှာ နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ အဓိကကျတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်လောက်တဲ့ အလားအလာတွေ အများကြီးရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အခု ရရှိထားတဲ့ အောင် မြင်မှုတွေထက် ပိုမိုရရှိနိုင်တဲ့ စီးပွားရေး အင်အားလည်း ရှိပါတယ်။ ဒါပေမယ့် ဖြေရှင်းဖို့လိုတဲ့ နိုင်ငံရေးပြဿနာ တွေက ရှိနေသေးတယ်။ ကျွန်တော် ဒီမှာရှိ နေတဲ့အချိန် အတောအတွင်းမှာ စီးပွားရေးအရ ပိတ်ဆို့အရေးယူ ထားခြင်းကို ဖျက်သိမ်းပေးနိုင်မယ်ဆိုရင်တော့ သိပ်ကောင်းမှာပေါ့လေ"

News 

မြန်မာအင်တာ နေရှင်နယ် တီဗီလိုင်း ထုတ်လွှင့်မည်

ပြောင်းလဲထုတ်လွှင့်ရန်အတွက် စင်ကာပူနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ အကူအညီဖြင့် ရွှေသံလွင်ကုမ္ပဏီနှင့် ပူးပေါင်းကာ စီမံကိန်း ကို အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိပြီး နေ့စဉ် ၂၄ နာရီ ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း MRTV-3 မှ ညွှန်ကြားရေးမှူး
ဦးဝင်းကြည်က မြန်မာတိုင်း(မ်)နှင့် သီးသန့်တွေ့ဆုံရာတွင် ပြောသည်။

News 

'ဆရာဝန်တင်ရွှေ'၊ 'သုတစွယ်စုံ'နှင့် 'ပခုက္ကူဦးအုံးဖေ' စာပေဆုများ ချီးမြှင့်

၂၀၀၉ ခုနှစ် ပခုက္ကူဦးအုံးဖေစာပေဆု အတွက် ပြိုင်ပွဲဝင်စာမူ ၅၉ စောင် အနက်မှ ဘာသာရပ်ငါးမျိုးအတွက် ဆုပေါင်း ၁၄ ဆုကို ရွေးချယ်ပြီး ဆု ရရှိသူများကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရန်ကုန်မြို့၊ ချက်ထရီယမ် ဟိုတယ်တွင်ဆုချီးမြှင့်ခဲ့ရာ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း က တက်ရောက် ၍ စာပေဆုများကို ချီးမြှင့်ခဲ့သည်။

News 

အင်ဒို-မြန်မာ စီးပွားရေးမြှင့်မည်

"ကျွန်တော်တို့နှစ်နိုင်ငံရဲ့ဆက်သွယ်မှုကလည်း ရေရှည်ကာလအထိ ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။ ဒီနေ့ ပြုလုပ်တဲ့ စီးပွား ရေးဆိုင်ရာဆွေးနွေးပွဲကနေ တစ်ဆင့် နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ အပြန်အလှန်ဆောင်ရွက်မှုတွေကို ပိုမိုတိုးတက်လာစေမယ်လို့ ထင်ပါတယ်"

News 

ရန်ကုန်-ဟနွိုင်း တိုက်ရိုက်လေကြောင်းလိုင်း စတင်ပြေးဆွဲ

"ဒီ တိုက်ရိုက်လေကြောင်းလိုင်းကို ၂၀၀၇ ခုနှစ် နှစ်နိုင်ငံသဘော တူညီချက်နဲ့ မနှစ်တုန်းက စတင်ဖို့ စီစဉ်ခဲ့ပေမယ့်လည်း အကြောင်း အမျိုးမျိုးကြောင့် မပြေးဆွဲနိုင်ခဲ့ပါဘူး။ အခုဆို နှစ်နိုင်ငံစလုံးရဲ့သမိုင်းမှာ ပထမဆုံးအကြိမ်နဲ့ တိုက်ရိုက်လေကြောင်းလိုင်း စတင်ပြေး ဆွဲနိုင်ခဲ့ပါပြီ"ဟု ရန်ကုန်မြို့ရှိ ဗီယက်နမ်သံရုံးမှ သံအမတ် မစ္စတာ Chu Cong Phung က မတ်လ ၂ ရက်နေ့၌ ချက်ထရီယမ် ဟိုတယ် တွင် ပြုလုပ်သည့် တိုက်ရိုက်လေကြောင်းလိုင်း စာနယ်ဇင်း ရှင်းလင်းပွဲတွင် ပြောကြားသည်။

News 

အသေးစား ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွင် ပညာရေးဝန်ထမ်းများ ငွေစု၊ ငွေချေး ပြုလုပ်နိုင်

"ဒီအစီအစဉ်ကို ၂၀၀၈ ခုနှစ်၊ ဇွန်လ မှာ အသေးစား ချေးငွေလုပ်ငန်း (Micro Credit )အနေနဲ့ စီမံချက်ဆွဲပြီး ဆောင်ရွက်ခဲ့ပါတယ်။ ကျန်တဲ့မြို့နယ် အသင်းတွေမှာ အလားတူလုပ်ငန်းမျိုး တွေလုပ်နိုင်အောင် စမ်းသပ်လုပ်ကိုင်ခဲ့ရာကနေ အကောင်အထည်ဖော်ခဲ့ပါ တယ်။ ၂၀၀၈ ခုနှစ်၊ ဇွန်လ ၆ ရက်က စတင်ပြီး မတည်ငွေ ကျပ်ခုနစ်သိန်း၊ အသင်းသားရှစ်ဦးနဲ့ စတင်ခဲ့ရာကနေ ဒီကနေ့ အသင်းသား ၆၂ ဦးအထိ တိုးတက်စည်းရုံးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

News 

ပျံကျဈေးများ၌ စနစ်တကျ ရောင်းချမှုမရှိခြင်းက ကူးစက် ရောဂါများအတွက် စိုးရိမ်ရ

"ရန်ကုန်မှာ ပျံကျဈေးတွေက အများကြီးပဲ။ ဒီဈေးသည်တွေ ရောင်းချပုံက ကျန်းမာရေးရှုထောင့်က ကြည့်ရင် အလွန်အန္တရာယ်များ တယ်။ ဌာနက ရှင်းလင်းပြီး အဆင်ပြေနိုင်မယ့်နေရာမှာ ဈေးလုပ်ပေးတော့လည်း မရဘူး။ပြန်ရောက်လာတာပဲ။ အသားတွဲတွေ ကိုလည်း စနစ်တကျ ချိတ်ဆွဲပြီး ရောင်းချတာမျိုးမရှိဘူး"

News 

တိုက်လိပ် ထိန်းသိမ်းရေး အခက်အခဲများနှင့်ရင်ဆိုင်နေရ

"ဥနေကျသောင်ပြင် အနီးအနားမှာ လူသံကြားရတယ်။ ဒီတော့ လာမဥတော့ဘူး။ ဥနေကျသောင်ကတော့ ဒေသ ဆိုင်ရာအာဏာပိုင် တွေကို ခွင့်တောင်းပြီး တားမြစ်ဧရိယာလုပ်ထားတယ်။ နောက်ပြီး ရွှေတူးတဲ့အခါ ကမ်းပါးယံ ကို ရေနဲ့ထိုးချတော့ မြေသားတွေက ရေထဲကျပြီး ရေတိမ်သွားတော့ လိပ်တွေနေလို့ အဆင်မပြေဘူး"

News 

အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများသည် နာဂစ်ပြန်လည်ထူထောင်ရေးအတွက် အရေးကြီး

ထောင်ပေါင်းများစွာသော ဆိုင်ကလုန်း ဒေသနေ ပြည်သူများသည် ကျန်းမာရေးနှင့် အာဟာရဆိုင်ရာ စောင့်ရှောက်မှုများ နာဂစ် မဖြစ်ပွားမီကထက် ပိုမိုရရှိ ခဲ့သော်လည်း အသက်မွေးဝမ်းကျောင်း ဆိုင်ရာ အခွင့်အလမ်းများ ရရှိရေးမှာ နှောင့်နှေးလျက်ရှိ နေသေး ကြောင်း ဖေဖော်ဝါရီလ ၉ ရက်နေ့က ထုတ်ပြန်ခဲ့ သော လေ့လာဆန်းစစ်ချက်တွင်ဖော်ပြထားကြောင်း IRIN သတင်းတွင် ရေးသား ထားသည်။

News 

မင်္ဂလာဒုံမြို့နယ်ရှိ ဈေးများတွင် ကြက်၊ ဘဲ ရောင်းချမှု ပိတ်ပင်ထား

မင်္ဂလာဒုံမြို့နယ်အတွင်း ကြက်ငှက် တုပ်ကွေး ရောဂါပိုးကြောင့် တိုင်းရင်း ကြက်များသေဆုံးမှု ဖြစ်ပွားခဲ့ရာ ၎င်း မြို့နယ်အတွင်းရှိ ဈေးခြောက်ဈေးကို ကြက်နှင့် ကြက်ထွက်ပစ္စည်း၊ ဘဲနှင့် ဘဲ ထွက်ပစ္စည်းများ ရောင်းချမှုပိတ်ပင်ထားကြောင်း မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကြီးက ပြောသည်။

News 

နွေရာသီကျောင်းများ ကျောင်းသားရရှိမှုတိုးတက်

"ဒီနောက်ပိုင်းကာလတွေမှာ မိဘ တွေက ကလေးတွေကို နွေရာသီမှာ အင်္ဂလိပ်စာသင်ကြားပေးဖို့ကို အရမ်း အာရုံစိုက်လာကြတယ်။ ဟိုအရင်တုန်းကဆိုရင် အင်္ဂလိပ်စာဆိုတာ ၁၀ တန်း အောင်ပြီး နောက်ပိုင်းမှပဲ စသင် မယ်လို့ ယူဆကြတယ်။ ဒါပေမယ့် အခုကျ ငယ်ငယ်လေးကတည်းက အင်္ဂလိပ်စာကို စသင်ဖို့ မိဘတွေ တစ်အား အားစိုက်လာတာ"

News 

တရွတ်ဆွဲပိုက်ကွက်ပြောင်းလဲမှု စက်တင်ဘာလမှ စတင်အသက်ဝင်မည်

ကမ်းဝေးငါးဖမ်းသင်္ဘောများတွင် အသုံးပြုနေသော တရွတ်ဆွဲ ငါးဖမ်း ပိုက်ကွက်များ၏ အရွယ်အစားများကို ငါးလုပ်ငန်းဦးစီးဌာနက ပြောင်းလဲ သတ်မှတ်မှုမှာ စက်တင်ဘာလ ၁ ရက် နေ့မှစတင်ခါ တရားဝင်မည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးခင်ကိုလေးက ငါးလုပ်ငန်းအဖွဲ့ ချုပ်၏ အစည်းအဝေးတွင် ပြောသည်။

News 

ဩဂဲနစ်သီးနှံမှ ပြည်ပ၀င်ငွေရရန် ကြိုးပမ်း

"နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေး တိုင်းက ကျေးရွာသုံးရွာကို ပထမဆုံး ဩဂဲနစ်ကျေးရွာ တည်ထောင်သွားဖို့ ပြင်ဆင်နေပါတယ်။ ကျွန်တော်တို့က လယ်သမားတွေ ဘ၀တိုးတက်ရေးနဲ့ နိုင်ငံတော်အတွက် ပြည်ပပို့ကုန်အမည် သစ်တစ်ခုရရှိဖို့အတွက် ရည်ရွယ်ပါ တယ်။ ဒီကျေးရွာသုံးရွာက ထွက်ရှိလာတဲ့ ဩဂဲနစ်သီးနှံတွေကို ရောင်းချနိုင်ဖို့ ဈေးကွက်တစ်ခုဖော်ဆောင်ပေးဖို့ ဌာနက ကူညီသွားမှာ ဖြစ်ပါတယ်"

News 

ပြည်ပဈေးကွက်ရှိ မက္ကဒေးမီးယား ပိုမိုစိုက်ရန် တွန်းအားပေး

"ပြည်တွင်း၊ ပြည်ပ ဈေးကွက်ရှိတဲ့ အပြင် တစ်ကီလိုကို တစ်သောင်းခွဲ၊ နှစ်သောင်းပေါက်ဈေးရှိလို့ဈေးကောင်း လည်းရပါတယ်။ ရော်ဘာ၊ သီဟိုဠ်နဲ့ ဆီအုန်းတို့က သက်တမ်းနှစ် ၃၀ ပဲ ရှိပေမယ့် မက္ကဒေးမီးယားကျတော့ နှစ် ၁၀၀ သက်တမ်းရှိတဲ့အနက် နှစ် ၆၀ က စီးပွားဖြစ်သုံးလို့ရပါတယ်"

News 

ခြင်ကြောင့်ဖြစ်သည့် ချီကန်ဂန်ညာရောဂါနှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာများ

ချီကန်ဂန်ညာဟူသော ဝေါဟာရ အသုံးအနှုန်းမှာ အာဖရိကတိုက်ရှိ မိုဇမ်ဘစ်နိုင်ငံ မြောက်ပိုင်းနှင့် တန်ဇန်းနီးယားနိုင်ငံ အရှေ့တောင် ပိုင်းတွင် နေထိုင်သော မာကွန်ဒေးလူမျိုးစု ဘာသာစကားမှ ဆင်းသက်လာသော အခေါ်အဝေါ်တစ်ခုဖြစ်ပြီး ကိုယ်လက် တွန့်လိမ် ကွေးကောက်သောရောဂါဟု အဓိပ္ပာယ်ရပါသည်။ News

တင်သွင်းဘိလပ်မြေများ နှစ်ဆန်းပိုင်းတွင် ၀ယ်လိုအားကြောင့် ဈေးမြင့်မား

"အခုအချိန်က ပွင့်လင်းရာသီဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းတွေက ၀ယ်လိုအားများတဲ့အတွက် ဈေးမြင့် လာတာဖြစ်ပါတယ်။ ထိုင်းကတင်သွင်းတဲ့ ဆင် တံဆိပ် ဘိလပ်မြေဆိုရင် ဇန်န၀ါရီလဆန်းမှာ တစ်အိတ်ကို ကျပ် ၅,၈၀၀ ကနေ ဖေဖော်ဝါရီလလယ်မှာ ကျပ် ၇,၂၀၀ အထိ တက်သွားပါတယ်။ စိန်တံဆိပ်လည်း ၇,၄၀၀ လောက် ဖြစ်သွားပါတယ်"

News

Local News

အင်းငါးထုတ်လုပ်မှုတိုးတက်လာရန် ဘီလားငါး တိုးချဲ့ မွေးမြူသင့်

ဘီလားငါးမျိုးမှာ ရေနက်ကွင်းများတွင် အစာ မကျွေးဘဲ သဘာဝအတိုင်း ကြီးထွားတတ်သည့် ငါးမျိုးများဖြစ်ပြီး မိမိနေရာကိုသိကာ မျိုးချန် မွေးမြူရသည့် ငါးမျိုးများဖြစ်သည်။ "ထိုင်းနိုင်ငံမှာ ဘီလားမွေးကန် နှစ်ကန် လေ့လာခဲ့ပြီး တစ်ကန်ကို ဧက ၃၀ ခန့်ကျယ် တယ်။ ကန်အတွင်း အသေးဆုံး ဂရမ် ၁၀၀ အရွယ်ထားရှိပြီး စုစုပေါင်း ငါး ကီလိုဂရမ် ၆၀၀ ခန့် မွေးမြူထားရှိတယ်"

News

» သတင်းအပြည့်အစုံသို့..
Teabrake
မီးမီးခ

သင်္ကြန်မှာ ဘာလီကျွန်း သွားမယ့် ရွှေစင်

မိတ်ဆွေစစ်ဆိုတာ

စတင်ခြင်း

ထိုင်း ပဲကြာဆံသုပ်

ဆံနွယ်တွေ အပူဒဏ်မခံရဖို့

ရေခဲဈေး ယမန်နှစ်ကထက် မမြင့်တက်နိုင်ဟုဆို

"ဒီနှစ်အနေအထားက ခန့်မှန်းဖို့ နည်းနည်းတော့ စောနေသေးတယ်။ ဒါပေမယ့် အသစ်ဆောက်တဲ့ စက်တွေ နဲ့ ထုတ်လုပ်မှုပိုများအောင် တိုးချဲ့လာတဲ့ စက်တွေလည်း ရှိလာတာကြောင့် ဒီနှစ် ရေခဲဈေးက မနှစ်ကထက်တော့ ဈေးမများနိုင်ဘူးလို့ ထင်တယ်။ နောက်ပြီး အသစ် တိုးချဲ့တဲ့လူတွေက အတွေ့ အကြုံအရ လျှပ်စစ်မီးအခက်အခဲ ......"News

Local News

ပန်းချီဆေးရေးချည်ထည်များ လူကြိုက်များလာလျက်ရှိနေ

"လွန်ခဲ့တဲ့လေးနှစ်လောက်ကတည်း ကပန်းချီ ဆေးရေးအထည်တွေ စပေါ်ခဲ့ပေမယ့် ချက်ချင်း ခေတ်စားလာတာမဟုတ်ပါဘူး။ အဲဒီတုန်းက ထုတ်လုပ်တဲ့သူလည်းနည်းပါသေးတယ်။ ပစ္စည်း ရှားပြီး ဈေးနှုန်းလည်း များပါတယ်။ ကျော်ကြားတဲ့သူတွေ၊ ငွေကြေး တတ်နိုင်တဲ့သူတွေ အော်ဒါမှာပြီး သီးသန့်ဝတ်ကြတာမျိုးပဲ ရှိခဲ့ပါတယ်။ အခုနောက်ပိုင်းမှာ ထုတ်တဲ့သူများလာပြီး အများသုံးဖြစ်လာတာကြောင့် ဈေးနှုန်းလည်း သက်သာလာပါတယ်။ News

» သတင်းအပြည့်အစုံသို့..

ရိုးရာဓလေ့ကို ဖက်တွယ်ရင်း မွေးရပ်မြေကို လွမ်းဆွတ်ကြသူတွေ

"အန်တီတို့အမေလက်ထက်အထိတော့ ထိုးကြသေး တယ်။ အန်တီတို့ လက်ထက်က စပြီးတော့ ပါးရဲထိုးတဲ့ အလေ့အထကမရှိတော့ဘူး။ အခု မျက်နှာမှာ ပါးရဲထိုး ထားတဲ့သူတွေက အသက်အရွယ်အားဖြင့်လည်းကြီးလာ ကြပြီ။ နောင်ငါးနှစ် ၁၀ နှစ်အတွင်းမှာ ဆိုရင်တောင် ဒီလို ရိုးရာဓလေ့အရ ပါးရဲထိုးထားတဲ့သူတွေကို ....." News

Local News

ချိုးကြော် ရွရွလေး

"ညကတည်းက ရှမ်းဆန်ကို ရေစိမ်ရတယ်။ မနက်စောစောထပြီး ဆန်ကို ပေါင်းပါတယ်။ အငွေ့ထောင်းထောင်း ထနေတဲ့ ရှမ်းဆန်ပေါင်း ပူပူလောင်လောင်ကို အေးအောင် စောင့်မနေဘဲ လက်ဖ၀ါးနှစ်ဖက်နဲ့ အပါးဝိုင်းလေးတွေ ရအောင်ဖိပြီး အ၀ိုင်းပုံရအောင် ပုံသွင်းရတယ်။ ပြီးမှ နေပူပူမှာ နှစ်ရက်လောက် နေလှန်းပြီးမှ ကြော် ရတာ"

News

» သတင်းအပြည့်အစုံသို့..

မြန်မာပြည်က ဘောလုံးချစ်စိတ်ကိုမှ ချစ်မိနေ

"ကျွန်တော်ဒီကိုရောက်တာ ငါးလရှိပြီး ဒီနိုင်ငံမှာ ဘောလုံးစွမ်းပကားတွေ အများကြီးရှိနေတာလည်း တွေ့ပြီးပါပြီ။ မြန်မာနိုင်ငံက ဘောလုံးဆိုအရူးအမူးပဲ လေ။ ရန်ကုန်ယူနိုက်တက်အသင်းကိုကျွန်တော်နည်းပြ နေတာပါ။ ပိုင်ရှင်ကတော့ ဦးတေဇနဲ့သူ့သား ဖြိုးတေဇ ပါ။ သူ့တို့ရဲ့ မျှော်မှန်းချက်၊ သူ့တို့သွားချင်တဲ့နေရာ၊ သူတို့ရယူဖို့မျှော်လင့်ထားတဲ့ အောင်မြင်မှုကပဲ ကျွန်တော့ကို ဒီမှာ ရှိစေတာဖြစ်ပါတယ်။....News

Local News

တောင်ကိုရီးယား ရွှေခြောက်ခု အထိရ

ဖေဖော်ဝါရီ ၂၃ ရက်က ကနေဒါနိုင်ငံ၊ ဗန်ကူးဗား မြို့တွင် ကျင်းပသော ဆောင်းရာသီအိုလံပစ်အမျိုး သမီးဖစ်ဂါး စကိတ်တင်းပြိုင်ပွဲတွင် ရွှေဆုရသွား သော တောင်ကိုရီးယားမှ ကင်ယူနာ ယှဉ်ပြိုင် နေစဉ်။ ၎င်းသည် ကမ္ဘာ့ချန်ပီယံဆုရရှိထားပြီး အိုလံပစ်ရွှေဆုကိုလည်း ၂၂၈ ဒသမ ၅၆ မှတ်ဖြင့် ရရှိသွားသည်။ News

» သတင်းအပြည့်အစုံသို့..

ချီလီငလျင်နှင့် ဆူနာမီကြောင့် ၇၀၀ ကျော်သေ

ချီလီငလျင်ကြောင့် သေဆုံးသူဦးရေသည် ဖေဖော်ဝါရီ လ ၂၈ ရက်နေ့တွင် ၇၀၀ ကျော် သွားပြီဖြစ်ကြောင်း၊ ကယ်ဆယ်သူများသည် အသက်မသေဘဲ ရှင်ကျန်နေ သူများကို ရှာဖွေလျက်ရှိကြောင်း၊ ကမ်းရိုးတန်းဒေသ တွင် ပင်လယ်ရေလှိုင်းကြီးများတက်လာပြီး အိုးအိမ်များ ကို ဆွဲချသွားကြောင်း၊ ဆူနာမီဖြစ်လာမည့်အရေးကို ကြိုတင် သတိမပေးနိုင်၍ အစိုးရက ပြည်သူလူထုကို တောင်းပန်ခဲ့ကြောင်းသိရှိရသည်။

Local News

ဂရိနိုင်ငံ အကျပ်အတည်း အိုင်အမ်အက်ဖ် ကူညီနိုင်ပါ့မလား

ဥရောပတိုက်က မြေထဲ ပင်လယ်ကမ်းခြေနိုင်ငံလေးတစ်နိုင်ငံ ဖြစ်တဲ့ ဂရိနိုင်ငံဟာ အကြီးအကျယ် ပြဿနာနဲ့ကြုံတွေ့ နေရတယ်။ ဥရောပ တလုံးတစည်းဖြစ်ရေး မဟာအခွင့်အရေး တွေဟာ သူ့အဖို့ အချည်းနှီးပဲ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်က ဘဏ်အတိုး နှုန်းနည်းမှု၊ ရက်ရက်ရောရာ သုံးဖြုန်းခဲ့မှု၊ အစိုးရ ဘတ်ဂျက်လိုငွေပြမှုပိုများလာမှုတွေဟာ အစိုးရ ရဲ့အကြွေးတွေကို အန္တရာယ်ရှိတဲ့ အထိ ရောက်လာစေတယ်။News

» သတင်းအပြည့်အစုံသို့..

ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တရုတ်နိုင်ငံအရှေ့ဘက် ကျန်ဆူပြည်နယ်၊ ဆူဟူးရှိ တိုင်ဟူကန်အတွင်း ရေမှော် ရေညှိပင်များစားသည့် ငါးများကို အရာရှိများက လွှတ် ပေးနေစဉ်။ ပြင်းထန်သည့် ပတ်ဝန်းကျင် ညစ်ညမ်း စေသည့် မိလ္လာအညစ်အကြေး၊ စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးတို့မှ စွန့်ပစ်ပစ္စည်းများကြောင့် စိမ်းပြာ ရောင်ဖြစ်နေသည့် ရေမှော်ရေညှိများဘေးမှ ကာကွယ် ရန် အာဏာပိုင်များက ယခုလို ငါးကောင်ရေ သန်း ၂၀ ကို နိုင်ငံ၏ အလှပဆုံးကန်များထဲသို့ လွှတ်ပေးလျက် ရှိသည်။ ယင်းစီမံကိန်းအတွက် အစိုးရငွေနှင့်အများ ပြည်သူမှ လဈဒါန်းသည့်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း ကုန်ကျမည်ဟု သိရသည်။ အေအက်ဖ်ပီ

Local News

ပါကစ္စတန်-စီအိုင်အေဆက်ဆံရေး ပူးပေါင်းတိုးချဲ့မှု

တာလီဘန်ဝါရင့် ခေါင်းဆောင် မူလာအဗ္ဗဒူဂါနီဘာ ရာဒါးကို ဖမ်းဆီး မိစေခဲ့သော စစ်ဆင်ရေးကဲ့သို့ အမေရိကန် ဗဟိုထောက်လှမ်းရေး (စီအိုင်အေ)နှင့်ပါကစ္စတန် ထောက်လှမ်းရေးအရာရှိတို့ ပူးတွဲဆောင် ရွက်သည့် စစ်ဆင်ရေးမျိုးမှာယခုအခါ တွေ့နေကျ၊ မြင်နေကျ ဖြစ် လာခဲ့ကြောင်း ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့မှ မကြာမီကာလ အတွင်းက အငြိမ်းစားယူခဲ့သောထောက်လှမ်းရေးအရာရှိတစ်ဦးဖြစ်သူ The Christian Science Monitor သတင်းစာ၏သတင်းထောက် တစ်ဦးအား ရှင်းလင်းပြောကြားသွားခဲ့သည်။

News

» သတင်းအပြည့်အစုံသို့..