
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ကျန်းမာရေးကဏ္ဍအတွက် ဂျပန်အစိုးရကူညီ
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)
ဂျပန်အစိုးရ၏ အသေးစားစီမံကိန်းများ ကူညီထောက်ပံ့ရေးအစီအစဉ် (ဂျီဂျီအေ)က မြန်မာနိုင်ငံ၏ ကျန်းမာရေး ကဏ္ဍအတွက် ဇန်န၀ါရီလအတွင်း ထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။
မန္တလေးမြို့၊ သွားဘက်ဆိုင်ရာ ဆေး တက္ကသိုလ်အတွက် လိုအပ်သည့် ဆေး ကုသရေးပစ္စည်းများ ဖြည့်တင်းရန် အမေရိကန်ဒေါ်လာ ၈၆,၁၉၀ ကို လွှဲ ပြောင်းပေးအပ်ခဲ့ကြောင်း ဂျပန်သံရုံး က ဇန်န၀ါရီလ ၂၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
အဆိုပါတက္ကသိုလ်သည် သင်ကြား ရေးအတွက်သာမက ငွေကြေးချို့တဲ့သူ များကိုလည်း ဆေးဝါးကုသပေးနေပြီး တက္ကသိုလ်နှင့် ယင်း၏၀န်ဆောင်မှုများ ကို အဆင့်မြှင့်တင်ရန်အတွက် ဆေးကုသရေးပစ္စည်းများနှင့် ရေသန့်စနစ် တို့အတွက် ထောက်ပံ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ဂျီဂျီအေအစီအစဉ်အရ မန္တလေးတိုင်း ဇီဝိတဒါန သံဃာ့ဆေးရုံ ကြီးအတွက် လိုအပ်သည့် ဆေးကုသရေးပစ္စည်းများကိုလည်း ဇန်န၀ါရီလ ၂၉ ရက်နေ့က လွှဲပြောင်းပေးခဲ့သည်။
ချို့တဲ့သူများအား အခမဲ့ဆေးကုသ ပေးနေသည့် အဆိုပါသံဃာ့ဆေးရုံကို ကူညီထောက်ပံ့ရန် ၂၀၀၈ ခုနှစ်၊ နိုဝင် ဘာလကတည်းက သဘောတူညီထား ခဲ့ပြီး အမေရိကန် ၈၈,၂၅၀ ဒေါ်လာ ထောက်ပံ့မည်ဖြစ်သည်။
ဂျီဂျီအေအစီအစဉ်အရ ဇန်န၀ါရီလ ၂၇ ရက်နေ့ကလည်း ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့အနီးရှိ ပါစန်းကျေးလက် ကျန်းမာရေးဌာန ဆောက်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ ၄၈,၅၃၆ ကူညီထောက်ပံ့ရန် သဘောတူညီခဲ့ ကြောင်း သံရုံးက ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ဧရာဝတီတိုင်း မုန်တိုင်းသင့် ဒေသများတွင် အသုံးပြုရန်အတွက် မီးသတ်ယာဉ်ငါးစီး၊ ကယ်ဆယ်ရေး ယာဉ်တစ်စီးနှင့် လူနာတင်ယာဉ်တစ်စီး တို့ကိုလည်း ဂျီဂျီအေက ဇန်န၀ါရီလ ၂၅ ရက်နေ့တွင် ပေးအပ်ခဲ့သည်။
မုန်တိုင်းမတိုက်ခတ်မီက ဧရာဝတီ တိုင်း မီးသတ်တပ်ဖွဲ့တွင် မီးသတ်ယာဉ် ၆၈ စီး ရှိခဲ့သော်လည်း မုန်တိုင်းအတွင်း စီးရေ ၂၀ ဆုံးရှုံးခဲ့သည်။