Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ပို့ကုန်ရငွေတန်ဖိုး ကျဆင်း

သိန်းလင်း
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

ပို့ကုန်ရငွေတန်ဖိုးသည် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ဇန်န၀ါရီလ ၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ဖြေလျော့ပေးသည့် ကုန်သွယ် ရေးဆိုင်ရာမူဝါဒသစ်ကြောင့် တဖြည်း ဖြည်း ကျဆင်းလာသည်။

"အခုလိုဖြစ်လာတာ အားလုံး အတွက် သတင်းကောင်းပါ။ အရင်က ပို့ကုန်ရငွေ တစ်ဒေါ်လာပေါက်ဈေးက ရိုးရိုးဒေါ်လာပေါက်ဈေး ထက် ပိုများ နေတာရယ်၊ ပြည်တွင်းကို ပစ္စည်းတွေ တင်သွင်းမယ်ဆိုရင် ပို့ကုန်ဝင်ငွေ လိုက် ၀ယ်နေရတာတွေကြောင့် လုပ်ငန်းမှာ မလိုလားအပ်တဲ ကြန့်ကြာမှုတွေ ဖြစ်ခဲ့တယ်လေ။ ခုတော့ အမှန်တကယ်ဖြစ် သင့်တဲ့ ဈေးနှုန်းကို ရောက်လာမှာပါ" ဟု သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပို့ကုန်ရငွေဖြင့် ဌာနဆိုင်ရာထောက်ခံချက်မလိုဘဲ ကုမ္ပဏီလုပ်ငန်းရှင်များကို ယာဉ်တင်သွင်းခွင့်ပြုလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ဇန်န၀ါရီလ ၁ ရက်နေ့ တွင် ထုတ်ပြန်ပြီးနောက် ပို့ကုန်ရငွေ တန်ဖိုး မြင့်တက်သွားခဲ့သည်။

ဝန်ဆောင်မှုလုပ်ငန်းများမှ ရရှိသော ၀င်ငွေဖြင့်လည်း ပြည်ပမှကုန်ပစ္စည်းများ တင်သွင်းခွင့်ပြုလိုက်ကြောင်း ဇန်န၀ါရီလ ၂၅ ရက်နေ့ တွင် ထပ်မံထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့က ပို့ကုန် ရငွေ တစ်ဒေါ်လာလျှင် ကျပ် ၁,၁၂၀ ဈေးပေါက်ရာ ယင်းသည် ဇန်န၀ါရီလ ၂၂ ရက်နေ့ ပေါက်ဈေး ကျပ် ၁,၁၃၀ မှ ကျဆင်းခြင်းဖြစ်သည်။

ဇန်န၀ါရီလ ၁ ရက်နေ့က ၁,၁၇၅ ကျပ်ရှိပြီး ၁၅ ရက်နေ့တွင် ၁,၁၄၈ ကျပ်ရှိကြောင်း ဈေးကွက်မှ တစ်ဆင့် သိရသည်။