Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

BLC နှင့် အကြမ်းဖက်အဖွဲ့ PGFဆက်နွယ်နေသလား

အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

News Pic
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ရှင်းလင်း ပြောကြားနေစဉ်။

အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးသမားများ ဖော်ထုတ်ဖမ်းဆီးရမိမှု နှင့်ပတ်သက် ၍ ပြည်ထဲရေးဝန်ကြီးဌာနက ဇန်န၀ါရီ လ ၂၇ ရက်နေ့ သတင်းထုတ်ပြန်ခဲ့ပြီး ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်ထဲရေးဝန်ကြီး ဌာန(ရုံးဟောင်း)၌ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ပြည်တွင်းပြည်ပ သတင်းထောက်များ နှင့်တွေ့ဆုံ၍ သတင်းထုတ်ပြန် ချက်နှင့် ပတ်သက်ပြီး ရှင်းလင်းရာ၌ သတင်းထုတ်ပြန်ချက်တွင် ပါဝင် ခဲ့သော BLC (Burma Lawyer's Council) အဖွဲ့သည် နိုင်ငံတော်က အကြမ်းဖက်အဖွဲ့ ဟု သတ်မှတ်ထားသော People's Guerrilla Front (PGF) နှင့် ဆက်စပ် မှုရှိနေသည်ဟု ရဲချုပ်က မြန်မာတိုင်း(မ်) ကို ဖြေကြားခဲ့သည်။

"BLCဆိုတာကတော့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ Burma Lawyer's Council ဖြစ်ပြီး ၁၉၉၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့မှာ စတင် ဖွဲ့စည်းခဲ့တာဖြစ်တယ်။ စတင် သန္ဓေတည် ပေါက်ဖွားခဲ့တဲ့နေရာက ထိုင်းနိုင်ငံ နယ်စပ် လွတ်မြောက်နယ်မြေ KNU ဌာနချုပ် မာနယ် ပလောမှာ ဖြစ်တယ်။ လက်ရှိမှာ အလုပ်အမှုဆောင်အဖွဲ့ဝင် ၁၁ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ ပါဝင်သူ များအနေနဲ့ BLC အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးသိန်းဦးဆိုသူဟာ ၂၀၀၆ ခုနှစ်၊ ဩဂုတ် လ ၂၅ ရက်နေ့က အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် နိုင်ငံတော်က တရားဝင် ကြေငြာထား တဲ့ NCGUB မှာ တရား ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ အဖွဲ့ဝင် ဦးမြင့်သိန်းဆိုတာကလည်း အကြမ်းဖက် အဖွဲ့အစည်း လို့ တရားဝင်သတ်မှတ်ထားတဲ့ NLD(LA)က ဖြစ်ပါတယ်။ နောက်ပြီး BLC အတွင်းရေးမှူး ဦးအောင်ထူးဆိုတာ မြန်မာ နိုင်ငံရဲ့ ဆောင် ရွက်ချက်တွေ အပေါ်မှာ စွပ်စွဲမှုတွေအမျိုးမျိုးနဲ့ ကုလ သမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံ တိုင်စာပေးပို့တာတွေ၊ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ထိုင်ခုံနေရာပျောက်ဖို့ အစဉ်အမြဲ တိုက်တွန်းဆောင်ရွက်နေ သူဖြစ်တယ်။ အဲဒီ ဦးအောင်ထူးဆိုသူ ကိုလည်း နိုင်ငံတော်က ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလမှာ တရားခံပြေးအဖြစ် ကြေညာထားသူဖြစ်ပြီး အရင်က သူဟာ အကြမ်းဖက် အဖွဲ့အစည်းဖြစ်တဲ့ ABSDF အဖွဲ့မှာ ဗဟိုနိုင်ငံရေးနဲ့ စည်းရုံးရေးဌာန အတွင်းရေးမှူးတာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

News Pic
ဖောက်ခွဲရေးအဖွဲ့ခေါင်းဆောင် ကျော်ဇေလင်း(ခ) ကိုဆိုင်း

"ဒီဖြစ်စဉ်မှာပါတဲ့ ဖောက်ခွဲရေး သမား ကျော်ဇေလင်းဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို အလုပ်ရှာဖို့သွားတဲ့ အခါမှ ရောင်းစားခံရတယ်။ စားစရာ သောက်စရာမဲ့ နေတဲ့ဘ၀မှာ ပထမဦးဆုံး ခိုဝင်နားမိတဲ့နေ ရာက BLC ပါ။ အဲဒီမှာ နိုင်ငံတော်ဆန့်ကျင်ရေး နိုင်ငံ ရေးအံတုမှု သင်တန်းတွေ တက်တယ်။ နောက်ပိုင်းမှာ ဒါတွေနဲ့အားမရတော့ဘဲ သူ့တောင်း ဆိုချက် အရ BLC က ပြန်ကြားရေးတာဝန်ခံ ကိုဝင်းကို ဆိုသူရဲ့ ချိတ်ဆက်ပေး မှုကြောင့် ဖောက်ခွဲ ရေးအဖွဲ့က ကင်းဝမ်းဆိုတဲ့ လူနဲ့ ချိတ်ဆက်ပေး တယ်။ ကျော်ဇေလင်းဟာ ၂၀၀၆ ကနေ ၂၀၀၉ အတွင်း တစ်ဖက် နိုင်ငံ၊ မဲဆောက်ကို ခုနစ်ကြိမ်သွားခဲ့တယ်။ အဲဒီမှာ BLC ၊ ဖောက်ခွဲရေးအဖွဲ့ တွေနဲ့ တောက် လျှောက် ချိတ်ဆက်မှု တွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီတော့ BLC ရဲ့ရည်မှန်းချက် တာဝန်မှာဖော်ပြ ခဲ့တဲ့အတိုင်း နိုင်ငံတော် မှာ တရား ဥပဒေစိုးမိုးရေးဆိုတဲ့အချက်နဲ့ လက်ရှိ လုပ်ရပ် ကိုက်ညီမှုရှိ မရှိ၊ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေဖြစ်ထွန်း ပေါ် ပေါက်ဖို့ အကူအညီပေးမယ်ဆိုတဲ့ ရည်ရွယ်ချက် နဲ့ရော အခုဆောင်ရွက် ချက် တွနဲ့ ကိုက်ညီမှုရှိ မရှိ၊ လူထုနဲ့ ပူးပေါင်း လက်တွဲ အကျိုးပြု ဆောင်ရွက် ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီနေ့ ဖမ်းဆီးရမိ ကျော်ဇေလင်းတို့ လုပ်နေတဲ့ လုပ်ရပ်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ကိုက်ညီမှု မရှိဘူးလို့ သုံးသပ်နိုင်ပါတယ်။ ဒီတော့ ဘာကြောင့် အကြမ်းဖက် ဖောက်ခွဲရေး အဖွဲ့နဲ့ ဆက်စပ်သွားသလဲဆိုတဲ့ မေးခွန်းကို အဲ့ဒီအချက်တွေ ကြောင့်ပဲ ဆက်စပ်ရပါတယ်"ဟု ရဲချုပ် က ရှင်းပြခဲ့သည်။

 

News Pic
ထွက်ပြေးတိမ်းရှောင်နေသူ ဇော်လင်း

ဖောက်ခွဲရေးသမား ကျော်ဇေလင်း တို့အဖွဲ့က ၂၀၀၉ ခုနှစ်၊ စက်တင် ဘာလ ၁၆ ရက်နှင့် ၁၇ ရက်နေ့တွေမှာ စက်မှုဇုန်တွေအတွင်း ဗုံး ၁၀ လုံး ဖောက်ခွဲခဲ့သည်ဆိုသောအချက်နှင့် ပတ်သက်၍ မော်ဒန်သတင်း ဂျာနယ်မှ မေးမြန်းချက်ကို ရဲချုပ်က "ဖောက်ခွဲရေးသမား ကျော်ဇေလင်း (ခ) ကိုဆိုင်း ဟာ စက်ရုံအလုပ်ရုံတွေကို သွေးထိုး စည်းရုံးတာ ၀ါသနာ ပါတယ်လို့ ထွက်ဆိုပါတယ်။

သူကိုယ်တိုင်လည်း ဆောက်လုပ်ရေး ကုမ္ပဏီတည်ထောင်ပြီး လုပ်သား အများအပြားနဲ့ အလုပ် လုပ်နေတဲ့သူပါ။ သူ့ထင်တာက စက်ရုံ အလုပ်ရုံ တွေကို ပစ်မှတ်ထားပြီး ဖောက်ခွဲဖျက်ဆီးလိုက်ရင် အဲ့ဒီမှာရှိ တဲ့အလုပ် သမားတွေ ကြောက်လန့် သွားကြမယ်။ စက်ရုံတွေ ပိတ်သွားမယ်။ ဒါဆို စက်ရုံလုပ်သားတွေ အလုပ် လက်မဲ့ဖြစ်ပြီး လမ်းတွေပေါ် စုစည်း ရောက် ရှိလာမယ်။ နိုင်ငံတော်အစိုးရ အပေါ် မကျေမနပ်ဖြစ်လာမယ်။ လမ်း ပေါ်မှာ လူစုလူဝေးနဲ့ အုပ်စုဖွဲ့ပြီး ဆူပူ ဆန္ဒပြလာကြလိမ့်မယ်။ အဲဒီတော့ သူက ဦးဆောင်ပါဝင်ဆောင်ရွက်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိတယ် လို့ ထွက်ဆိုသွားပါတယ်"ဟု ရဲချုပ်က ဆိုသည်။

၎င်းက ABSDF မှ ဖောက်ခွဲရေး သမား ကိုမျိုးဆိုသူဆီကို ၂၀၀၉ ခုနှစ်၊ ဩဂုတ်လအတွင်းက အီးမေးလ် တစ်စောင် ပို့ထားကြောင်း၊ စာထဲတွင် ၎င်းအား သေနတ်နှင့် လက်ပစ်ဗုံးများ၊ ABSDF ၏စစ်ရေးနှင့် နိုင်ငံရေးလမ်း စဉ်များကို ပို့ပေးရန် ရေးသားထားကြောင်း၊ ယင်းတို့မှာ ၂၀၁၀ ပြည့်နှစ် တွင် ဆောင်ရွက်မည့် အကြမ်းဖက်အဖွဲ့ အစည်းပေါင်းစုံက ချမှတ်ထားသည့် မဟာဗျူဟာရည်မှန်းချက်ကို အကောင် အထည်ဖော်ချက်တစ်ခုဖြစ်ကြောင်း ရဲချုပ်က ပြောသည်။

ဖောက်ခွဲရေးသမား ကျော်ဇေလင်း (ခ) ကိုဆိုင်းတို့အဖွဲ့ကို ဖော်ထုတ်ဖမ်း ဆီးရမိမှုနဲ့ပတ်သက်ပြီး အစိုးရက နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှု၊ ဒီမိုကရေစီရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေကို ပျက်ပြားအောင် လုပ်ဆောင်မှုတွေလို့ ဖော်ပြထားကြောင်း၊ ဤ ဖြစ်စဉ်တစ်ခု တည်းနှင့် ယခုလို ဖော်ပြနိုင်ပါသလား ဆိုသည့် Favourite News Journal ၏မေးခွန်းကို ရဲချုပ်က ၎င်း ဖြစ်စဉ်တစ်ခု တည်းနှင့် ယခုလိုဖော်ပြခြင်းမဟုတ်ကြောင်းနှင့် ၎င်းဖြစ်စဉ်၏နောက်ကွယ်တွင် နောက်ခံဖြစ်ရပ် များစွာရှိကြောင်း ဖြေကြားခဲ့သည်။

"အခုဖောက်ခွဲမှုဖြစ်စဉ်၊ ဖမ်းဆီးရမိမှု ဖြစ်စဉ်တွေဟာ အဲဒီ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အစည်းတွေက စုစည်းချမှတ်ထားတဲ့ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေထဲက အစိတ်အပိုင်း တစ်ခု၊ ရှေ့ပြေးဖြစ်ရပ်တစ်ခုလို့ ပြောလို့ရပါတယ်"ဟု ရဲချုပ်က ဖြေကြားသည်။

နိုင်ငံအတွင်းမှာ ရွေးကောက်ပွဲပျက် ဖို့နဲ့ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေဖို့ အတွက် အဓိကလုပ်မယ့်အဖွဲ့က KNU ၊ KNPP ၊ ABSDF ဆိုတဲ့ အဖွဲ့သုံးဖွဲ့ဖြစ် ပြီး ကျန်တဲ့အဖွဲ့တွေက ဒီသုံးဖွဲ့ကလို နေတဲ့ လူအင်အား၊ လက်နက်၊ ရိက္ခာ၊ ငွေကြေးကိစ္စတွေကို ၀ိုင်းဝန်း ထောက်ပံ့ ပေးကြဖို့ဆိုတဲ့ စစ်ရေးရည်မှန်းချက် ဖြစ်တယ်။

၂၀၁၀ ဇန်န၀ါရီလ ၉ ရက်နေ့က ဖယ်ခုံမြို့နယ်အတွင်းက တာဝါတိုင် အမှတ် ၁၉၉ ကို ဖောက်ခွဲဖျက်ဆီးမှုနှင့် ဇန်န၀ါရီလ ၁၄ ရက်နေ့က ဒီမောဆိုမြို့ နယ်အတွင်းရှိ တာဝါတိုင်အမှတ် ၁၃၄ ကို KNPP အဖွဲ့က ဖောက်ခွဲခဲ့ကြမှု နှင့်ပတ်သက်၍ The Voice ဂျာနယ်မှ မေးမြန်းချက်ကို ဖြေကြားရာတွင် ရဲချုပ်က "ဒါဟာ အစိုးရနဲ့ ပြည်သူအကြား အထင်အမြင်လွဲမှားအောင် လုပ်ဆောင်တာ ဖြစ်တယ်။ နိုင်ငံတော် အစိုးရဘက်က လျှပ်စစ်မီးနဲ့ပတ်သက်လို့ အခက်အခဲတွေ အများကြီးရှိရင်တောင်မှ အဆင်ပြေအောင် ကြိုးစား ဆောင်ရွက်နေတဲ့အချိန်မှာ ဒီလုပ်ရပ်ကြောင့်အလုပ်တွေ အားလုံးဟာ နှောင့်နှေးကြန့်ကြာသွားတယ်။ "အကြမ်းဖက်အဖွဲ့အစည်း ဘက်က အဆိုအရ သူတို့နယ်မြေထဲက လျှပ်စစ် လာထုတ်ယူပြီး သူတို့က ပြည့်ပြည့်၀၀ မခံစားရလို့ ဒီလိုဆောင်ရွက်လိုက်တာ ဖြစ်ကြောင်း ပြောကြားပါတယ်"ဟု ပြောသည်။

မကြာခင်က အသံလွှင့်ဌာနတွေနှင့် အင်တာနက်စာမျက်နှာတွေပေါ်မှာ ကရင်ပြည်နယ်ဘက်က ရဲတပ်ဖွဲ့ဝင်တွေ ထွက်ပြေးမှုများနှင့် ပတ်သက်ပြီး 7Days News ဂျာနယ်မှ မေးမြန်းခဲ့ရာ ၎င်းက လုံးဝမှန်ကန်မှုမရှိကြောင်း ဖြေကြားခဲ့သည်။

"ဒီကိစ္စနဲ့ပတ်သက်လို့ အတိုဆုံးဖြေရရင် လုံးဝမှန်ကန်မှုမရှိပါဘူး။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ကွပ်ကဲမှုအောက်မှာ တိုင်းနဲ့ပြည်နယ် ၁၇ ခု ရှိပါတယ်။ ကရင်ပြည်နယ်အပါအ၀င် အဲဒီတိုင်းနဲ့ ပြည်နယ်အားလုံးမှာ အခုလို အစုလိုက် အပြုံလိုက် ခွင့်မဲ့ပျက်ကွက်မှုများ ဖြစ် နေတာမျိုး လုံးဝမရှိပါကြောင်း ဖြေကြားလိုပါတယ်။

"ဒါကြောင့် ဒီစွပ်စွဲချက်တွေဟာ အဖွဲ့အစည်းတွေပြိုကွဲအောင် ဆောင်ရွက်နေတာတွေဖြစ်တယ်လို့ ယူဆပါတယ်။ "တပ်မတော် ကိုလည်း ဒီလိုသွေးခွဲမှုမျိုးတွေနဲ့ ဆောင်ရွက်နေကြောင်း တွေ့ရပါတယ်"ဟု ရဲချုပ်ခင်ရီက ဆိုသည်။