Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

တန်ဖိုးနည်းကုန်များ၏နောက်ကွယ်တွင် လူကုန်ကူးမှုများရှိနေနိုင်

ဖြူဖြူဇင်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

မိမိဝယ်ယူသုံးစွဲသော ကုန်ပစ္စည်းများ မှာ ရှိသင့်သောဈေးနှုန်းအောက် လျော့ နည်းနေပါက နောက်ကွယ်တွင် လုပ်အားကိုခေါင်းပုံ ဖြတ်ခြင်း (Labour Exploitation)ကိစ္စများ ရှိနေနိုင်ကြောင်း မဲခေါင်မြစ်ဝှမ်းဒေသတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ကုလ သမဂ္ဂစီမံချက်၏ အမျိုးသားစီမံ ချက် ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာအိအိချော က ပြောသည်။

အိမ်နီးချင်းနိုင်ငံများမှ လုပ်ငန်းရှင် အချို့သည် လူကုန်ကူးသူများထံမှ လုပ်သားများကို ၀ယ်ယူကာ လုပ်အားခ မပေးဘဲ ခိုင်းစေခြင်း၊ လုပ်အားခ အနည်းငယ်သာပေးခြင်း စသည်ဖြင့် မတရားခိုင်းစေကာ ထုတ်လုပ်မှုစရိတ် လျှော့ချပြီး ဈေးပေါသော ထုတ်ကုန်များ ထုတ်လုပ်ကာ ဈေးကွက်အတွင်း ယှဉ်ပြိုင်ရောင်းချမှုများရှိကြောင်းကို ဖော်ထုတ်ရရှိသောအမှုများကို လေ့လာ ၍ ၎င်းက ပြောကြား ခြင်းဖြစ်သည်။

"ဈေးနည်းတဲ့ အလုပ်သမားကို ရတော့ ကုန်ကျစရိတ်သက်သာပြီး ဈေး လျှော့ရောင်းနိုင်တယ်။ ဒီတော့ ပုံမှန် ထက် ဈေးသက်သာတဲ့ တချို့ပစ္စည်း တွေရဲ့နောက်ကွယ်မှာ လူကုန်ကူးခံရ တဲ့လူတွေရဲ့ ချွေးစက်တွေ၊ မျက်ရည် တွေ ရှိနေတယ်။ ဒါဟာ ကိုယ်တိုင်က လည်း လူကုန်ကူးမှုကို သွယ်ဝိုက်အား ပေးရာရောက်ပါတယ်"ဟု ဒေါ်ဥမ္မာ အိအိချောက ပြောသည်။

"ဒါပေမယ့် လက်ရှိအခြေအနေမှာ လူကုန်ကူးမှုကို သွယ်ဝိုက်အားပေးနေတယ်ဆိုတာမပြောနဲ့၊ လူကုန်ကူးတယ်ဆိုတာတောင် လူအတော်များများက ဘာမှန်းမသိကြဘူး"ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ဒုတိယရဲမှူးကြီး ညွန့်လှိုင်က ပြောသည်။

လူကုန်ကူးခံခဲ့ရသူများကို ပြန်လည်မေးမြန်းခြင်းများ ပြုလုပ်ရာ တွင် အချို့မှာ ဘွဲ့ရပြီးသူများ၊ အခြေခံပညာအထက်တန်းအောင်မြင် ပြီးသူများပင်ပါဝင်ပြီး အများစုမှာ လူကုန်ကူးခြင်းကို မသိရှိကြ ကြောင်း ဒုတိယရဲမှူးကြီးက ပြောသည်။

"လူကုန်ကူးတဲ့သူ တရားခံတွေက ချိုပါတာမဟုတ်ဘူး။ ထူးထူး ခြားခြားပုံစံလည်း မရှိကြဘူး။ တစ်ခါတလေ ရုပ်ရှင်ထဲမှာပါသလို ထူးထူးခြားခြားနဲ့ ရွှေတွေအများကြီးဝတ်၊ ပိုက်ဆံအိတ်ကြီး ချိုင်းကြား ညှပ်နဲ့ မိန်းမကြမ်းကြီးပုံစံတွေ မဟုတ်ကြဘူး"ဟု ဒေါ်ဥမ္မာအိအိချော က ပြောသည်။

လူကုန်ကူးသူအများစုမှာ နီးစပ်သူများကိုသာ ယုံကြည်အောင် ပြောဆို၍ လူကုန်ကူးကြကြောင်း၊ လူကုန်ကူးခံရသူများကလည်း မိမိ၏အသိမိတ်ဆွေ၊ သူငယ်ချင်းအပေါင်းအသင်းများဖြစ်၍ စိတ်ချ ယုံကြည်စွာဖြင့် လိုက်ခဲ့ကြခြင်းဖြစ်ကြောင်း ကယ်ဆယ်နိုင်ခဲ့သော အမှုများကို အခြေခံပြီး ပြောသည်။

"ယောက်ျားလေးတွေက မိန်းကလေးတွေကို ချစ်သူဟန်ဆောင်ပြီး ရောင်းစား ကြတယ်။ အိမ်နဲ့အဆင်မပြေတဲ့ ဆယ်ကျော်သက်တွေနဲ့ အတွေ့အကြုံသစ်ရှာချင်တဲ့သူတွေကို ပစ်မှတ်ထားကြတယ်။ ဒါကြောင့် လူကုန်ကူးခံရတဲ့သူတိုင်းက အရမ်းဆင်းရဲပြီး ပညာမတတ်တဲ့ သူတွေ မဟုတ်ကြဘူး"ဟု ၎င်းက ဆက်လက်ပြောသည်။

လူကုန်ကူးမှုဖြစ်ပေါ်နိုင်သည့် အထက်ပါအခြေအနေများကို သိရှိပါက မိမိပတ်ဝန်းကျင်ကို အကာအကွယ်ပေးနိုင်မည်ဖြစ်ပြီး ဆက်လက်၍ သွယ်ဝိုက်သော လူကုန်ကူးမှုများကိုပါ ဆန့်ကျင်လာ နိုင်မည်ဖြစ်ကြောင်း ဒေါ်ဥမ္မာအိအိချောက ပြောသည်။

ထို့ပြင် လူကုန်ကူးသူအများစုမှာ အမျိုးသမီးများဖြစ်သည်ဟု သိရသည်။၂၀၀၉ ခုနှစ်အတွင်း ဖမ်းဆီးရမိသောအမှု ၄၂၉ မှုရှိပြီး တရားခံအမျိုး သမီး ၂၅၉ ဦးနှင့် အမျိုးသား ၁၇၀ ဖြစ်ကြောင်း ဒုတိယရဲမှူးကြီးက ပြောသည်။