
ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်
အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင်
ပါတယ်။
အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက်
လမ်းအတိုင်း သွားရပါမယ်။
အရင်ဆုံးရေချိုးခန်း အိမ်သာပါ
တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက်
အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
တော်ဝင်မင်းသမီးလေးလို လှချင်သူတွေအတွက်
စုလှိုင်ထွန်း
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)

Royal Princess ဆိုင်တွင် ခြေသည်း အလှပြုပြင်နေသူတစ်ဦးကို ၀န်ဆောင်မှု ပေးနေစဉ်။
ဓာတ်ပုံ - စုလှိုင်ထွန်း
နေပြည်တော်က အလှကြိုက်သူမမတို့ အတွက် ဝေးဝေးသွားစရာမလိုဘဲ အလှအပရေးရာတွေ စုံစုံလင်လင် ပြင်ဆင်ခြယ်သနိုင်တဲ့ အလှပြင်ဆိုင် လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
နေရာကတော့ အချက်အချာကျတဲ့ နေပြည်တော်၊ မြို့မဈေး(ပွဲရုံတန်း)က Royal Princess အလှပြင်ဆိုင်ပါ။
အလှအပရေးရာနဲ့ ပတ်သက်တဲ့ ဆံပင်၊ မိတ်ကပ်တွေသာမက တစ်ကိုယ် လုံး ပေါင်းတင်ချင်သူများအတွက် အဆင်ပြေစေမယ့် Body Spa ကို လည်း ကျွမ်းကျင်ဝန်ထမ်းတွေနဲ့ ပြင်ဆင် ပေးပါတယ်။
Royal Princess က ကိုရီးယား၊ ဂျပန်နဲ့ အီတလီထုတ် အလှကုန်ပစ္စည်း တွေကို အဓိကထား သုံးစွဲပေးပါတယ်။ သုံးစွဲသူတွေ အဆင်ပြေ စိတ်တိုင်းကျ အောင် ဆောင်ရွက်ပေးတဲ့အတွက် ဆိုင်ကိုရောက်သူတိုင်း စိတ်ကျေနပ်စေ တယ်လို့ Royal Princess မှ မအေးပုံ့ က ဆိုပါတယ်။
Body Spa နဲ့ ပတ်သက်ပြီး မိမိ ကြိုက်နှစ်သက်ရာ ၀န်ဆောင်မှုတွေကို ရွေးချယ်ပြုပြင်နိုင်အောင်လည်း စီစဉ် ထားရှိပါတယ်။
ဒါ့ပြင် ပိုးထည်ကောင်းကောင်း ၀တ်ချင်သူတွေအတွက်လည်း Euphoria ပိုးထည်တွေကို ဆိုင်ဖွင့်စဉ်ကတည်းက ၀ယ်ယူနိုင်အောင် စီမံထား ပါတယ်။
လူတန်းစားမရွေး ၀တ်ဆင်နိုင်အောင် လည်း မန္တလေးပိုးထည်တွေကိုပါ ရောင်း ချဖို့ စီစဉ်နေတယ်လို့ မအေးပုံ့က ဆိုပါ တယ်။
သတို့သမီးဝတ်စုံတွေနဲ့ လက်ဝတ် ရတနာတွေကိုလည်း စီစဉ်ပေးထားလို့ သုံးစွဲသူတွေ စိတ်ကြိုက်ရွေးချယ်နိုင်ပါ တယ်တဲ့။