Now! Fashion Forward

ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်

အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင် ပါတယ်။ အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက် လမ်းအတိုင်း သွားရပါမယ်။ အရင်ဆုံးရေချိုးခန်း အိမ်သာပါ တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက် အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ထိုင်းနိုင်ငံစီးပွားရေး တိုးတက်ကောင်းမွန် တည်ငြိမ်နေဆဲ

(မြန်မာတိုင်း(မ်) - အင်္ဂလိပ်စာစောင်)
တီအေ ဘာသာပြန်သည်။
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)

သတိထားမိတဲ့အချက်ကလေးတစ်ခု ကတော့ ထိုင်းနိုင်ငံ ဟာ ၇/၁၁ စတိုး ဆိုင်တွေဖွင့်တဲ့နေရာမှာ တရုတ် (တိုင်ပေ) ကို ကျော်သွား ပြီး ဂျပန်နဲ့ အမေရိကန်နောက် တတိယလိုက်တဲ့ နိုင်ငံဖြစ်လာတယ်။

ဒါဟာ သိပ်ကြီးကျယ်တဲ့ကိစ္စတစ်ခုလို့ ထင်ရပေမယ့် ထိုင်းနိုင်ငံဟာ ဧပြီ၊ မေလတွေကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု၊ လမ်းပေါ်ထွက်ပြီး ကန့်ကွက်ဆန္ဒပြမှု တွေက လွတ်မြောက်လာပြီဆိုတာပြနေတယ်။ မတည်မငြိမ်ဖြစ်နေတဲ့ ကာလအတွင်းမှာ ကောင်းကောင်း နားလည် တဲ့ကျွမ်းကျင်သူတွေက ထိုင်းနိုင်ငံက ရစရာတွေကို မယူတော့ဘဲ စာရင်းမှဖျက်ပစ်ခဲ့ကြတယ်။

နယူးစ်ဝိခ်စာစောင်က ယခုလို ရေးသားဖော်ပြခဲ့တယ်။ "တစ်ချိန်က အာရှတိုက်ရဲ့ကျားတွေ၊ သို့မဟုတ် ကျားပေါက်တွေလို့ ကင်ပွန်း တပ်ခံရတဲ့ တောင်ကိုရီးယား၊ တရုတ် (တိုင်ပေ)၊ စင်ကာပူနဲ့ မလေးရှားတို့က ဆက်လက် ရပ်တည်နေနိုင်ကြပြီး ထိုင်းနိုင်ငံတစ်နိုင်ငံ တည်းသာ အင်အားနည်းပြီး ပြိုကွဲသွားတယ်" လို့ဆိုပါတယ်။ ပြိုကွဲသွားတာ တချို့တော့ရှိပါတယ်။ ဒီအချိန်မှာပဲ ဖို့ဒ်မော်တော်ကုမ္ပဏီ ဟာ ဘန်ကောက်မြို့အရှေ့ဘက်မှာ အဓိကစက်ရုံသစ်ကြီးတစ်ခု တည်ဆောက်ခဲ့တယ်။ အဲဒီ ကားထုတ်လုပ်တဲ့ စက်ရုံကြီးဟာ ၂၀၁၂ ခုနှစ်မှာ တည်ဆောက်လို့ပြီးမယ်။

ထိုင်းနိုင်ငံဟာ မကြာခဏနိုင်ငံရေးမငြိမ်မသက်မှု ဖြစ်နေသော်လည်း အရှေ့တောင်အာရှရဲ့ ကားထုတ်လုပ်ရာ အဓိကစခန်းကြီး တစ်ခု ဖြစ်လာတယ်။ အဲဒီလိုအဓိကကဏ္ဍကိုကြီးစိုး ထားနိုင်မှုဟာခိုင်မာလာတယ်။ မလေးရှားနဲ့ ဗီယက်နမ်ကတော့ နေရာသိပ်မရတော့ဘူး။ ဖို့ဒ်ကားစက်ရုံရှေ့မှာဆူဇူကီးကုမ္ပဏီကလည်း သူ့ရဲ့ပထမဦးဆုံးသော ထိုင်းကားစက်ရုံကို မကြာခင်က စတင်တည်ဆောက် နေပြီဖြစ် တယ်။

တိုယိုတာ၊မစ်ဆူဘီရှီ၊နစ်ဆန်းနဲ့ဟွန်ဒါကုမ္ပဏီတွေကလည်းသူတို့ရဲ့ကားတပ်ဆင်တဲ့စက်ရုံတွေကို တိုးချဲ့နေကြတယ်။ သူတို့ကိုပစ္စည်း တင်သွင်း တဲ့စက်ရုံတွေကို တိုးချဲ့နေကြတယ်။ သူတို့ကို ပစ္စည်းတင်သွင်းတဲ့သူတွေ၊ ထောက်ပံ့နေတဲ့ စက်မှုလုပ်ငန်းတွေ အမြောက် အမြားရှိနေပြီး ဘယ်သူမှလည်း ဒီနိုင်ငံထဲက ထွက်မသွားကြဘူး။ ဘယ်သူမှလည်း ထိုင်းနိုင်ငံ မတည်မငြိမ်ဖြစ်တာကို မစိုးရိမ်ကြဘူး။

လိုချင်တဲ့အရာတွေအားလုံး ၀ယ်ခြမ်းနိုင်တဲ့ ၇/၁၁ စတိုးဆိုင်တွေကအစ ဧရာမကားစက်ရုံကြီးတွေအထိ ထိုင်းနိုင်ငံမှာ စီးပွားရေး အကြီးအကျယ်လာ လုပ်နေကြတယ်။ထိုင်းနိုင်ငံရဲ့စီးပွားရေး ဟာ အကြီးအကျယ်တိုးတက်နေတယ်။

တိုးတက်နှုန်းခန့်မှန်းမှုတွေကိုလည်း နေ့စဉ်နီးပါး ပို၍ပြင်ဆင်သတ်မှတ်နေ ရတယ်။ ကမ္ဘာ့ဘဏ်နဲ့ အိုင်အမ်အက်ဖ် ကလည်း ယခုအခါ ထိုင်းနိုင်ငံရဲ့ ဂျီဒီပီ ဟာ ယခုနှစ် ၇ ဒသမ ၅ ရာခိုင်နှုန်း ရှိလိမ့်မယ်လို့ တွက်ဆထားတယ်။

နောက်ပြီး ထိုင်းနိုင်ငံရဲ့အရန်ငွေကြေးဟာ ထိုင်းဗဟိုဘဏ်မှာ အမေရိကန် ဒေါ်လာ ၁၄၈ ဘီလျံရှိတယ်။ ကမ္ဘာပေါ်မှာ ဒသမမြောက် အရန်ငွေကြေးအများဆုံးဖြစ်တယ်။ ရေနံတင်ပို့တဲ့နိုင်ငံငယ်ကလေးတချို့ကလွဲရင် ထိုင်းနိုင်ငံဟာတစ်ဦးချင်းအရန်ငွေကြေး ပိုင်ဆိုင်မှု အများဆုံးနိုင်ငံဖြစ်တယ်။

ထိုင်းနိုင်ငံ ဆူပူနေတဲ့အချိန်ကာလ အတွင်းမှာပင်ထိုင်းနိုင်ငံသုံးဘတ်ငွေဟာ ကမ္ဘာပေါ်မှာ အခိုင်မာဆုံးနဲ့ ငွေလဲရလွယ်ကူတဲ့ ငွေကြေး ဖြစ်လာတယ်။ရှပ်နီတို့ရဲ့ဆူပူမှုအမြင့်ဆုံးအချိန်မှာပင်ဒေါ်လာနဲ့ယူရိုငွေတို့လိုမဟုတ်ဘဲဘတ်ငွေဟာကျောက်စိုင်ကျောက်သားလို ခိုင်မာ ခဲ့တယ်။

ဒီအကြောင်းအချက်တွေကြောင့် လူအများအပြားက ထိုင်းနိုင်ငံရေးဟာ မတည်ငြိမ်ဘူး။ စီးပွားရေးဟာလည်း ခြောက်နှစ်လောက် နောက်ကျသွားတော့မယ်လို့ ထင်ကြတယ်။ ဒါပေမယ့် အဲဒီလိုဖြစ်မသွားဘူး။

နယူးစ်ဝိခ် စာစောင်က ထိုင်းနိုင်ငံကို ယခုလို ရေးသားဖော်ပြခဲ့တယ်။" စီမံခန့်ခွဲ တာညံ့ဖျင်းမှုနဲ့ အမှားတွေ ပြုလုပ်ခဲ့မှုတို့ကြောင့် တိုးတက်မှုမြင့်မားတဲ့ ဒီမိုကရေစီနိုင်ငံဟာ အကြမ်းဖက်မှု ကမောက်ကမတွေဖြစ်ခဲ့ရတယ်" ဒီထက်ပိုပြီးတော့ မမှားနိုင်တော့ဘူး။

ထိုင်းနိုင်ငံဟာ စီးပွားရေးအရအရေး ပါတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာပြီဆိုတာ မှန်တယ်။ ကမ္ဘာ့စီးပွားရေးတိုးတက်မှု အမြင့်ဆုံးနှုန်းတွေကို ၁၉၈၀ ပြည့်လွန် နှစ်တွေနဲ့ ၁၉၉၀ ပြည့်လွန်နှစ် စောစောပိုင်းကာလတွေမှာရရှိခဲ့တယ်။ သို့သော်လည်း ဆူပူအကြမ်းဖက်မှုတွေ ကြောင့် ထိုင်းနိုင်ငံဟာ စီးပွားရေးအရအရေးပါတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာပြီဆိုတာ ချီးကျူးရမှာကို လျစ်လျူရှုနေကြတယ်။ ထိုင်းနိုင်ငံ ရဲ့ စီးပွားရေးဟာ ယခုတိုင် ကမ္ဘာ့တိုးတက်မှုအမြင့်ဆုံးနှုန်းတွေမှာရှိတယ်။ နယူးစ်ဝိခ်မဂ္ဂဇင်းရဲ့ စိတ်မကောင်းဖွယ်ရာ လျှော့တွက်မှု အရဆိုရင် ထိုင်းနိုင်ငံရဲ့ တံဆိပ်ကတော့တစ်စစီဖြစ်သွားပြီလို့ ဖော်ပြခဲ့တယ်။

ထိုင်းနိုင်ငံရဲ့စီးပွားရေးအခြေအနေကိုဖို့ဒ်၊ဆူဇူကီးနဲ့ ၇/၁၁ စတိုးဆိုင်တွေက ဖော်ပြနေပါတယ်။ ဒီလိုသတင်းမျိုးတွေ ကမ္ဘာ့စာနယ်ဇင်း မှာဖော်ပြနိုင်ပါတယ်။ အခုအချိန်အထိတော့ ထိုင်းနိုင်ငံရဲ့စီးပွားရေး မတည်ငြိမ်သေးဘူးလို့ပဲ ပါသေးတယ်။ ကမ္ဘာ့ဘဏ် ဒေသဆိုင်ရာ အကြီးအကဲတစ်ယောက်ကလွန်ခဲ့တဲ့ရက်သတ္တပတ်က ကျွန်တော့ကို အခုလိုပြောတယ်။ ထိုင်းနိုင်ငံ စီးပွားရေးခိုင်မာအောင်၊ တည်ငြိမ် အောင်၊ တိုးတက်အောင်ပြုလုပ်နေတဲ့ လုပ်ရပ်နဲ့ ထိုင်းအစိုးရတွေရဲ့ အခြေအနေဟာ အဆီအငေါ်မတဲ့ ဖြစ်နေတယ်လို့ ဆိုတယ်။

အကောင်းဆုံး အစိုးရအဖွဲ့ဟာ စီးပွားရေးကိစ္စတွေမှာ စွက်ဖက်မှုအနည်းဆုံး ပဲဖြစ်တယ်။ လာအိုနဲ့ ဗီယက်နမ်တို့လို နိုင်ငံတွေမှာလို အစိုးရကအကြီးအကျယ်ဝင်စွက်နေတဲ့ နိုင်ငံမျိုးမှာ သူတို့ရဲ့တိုးတက်မှုကို သူတို့ဘာသာထိပ်တုံးခတ်ထားသလိုဖြစ်နေတော့ စိတ်ထဲမှာ မျိုသိပ်ထားရတယ်။

(ရော်ဂျာမစ်တန်သည် အာရှနိုင်ငံရေးကို လေ့လာစောင့်ကြည့်ခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းလေးခုကျော် ရှိပြီဖြစ်သည်။ သူသည် ဘန် ကောက် အခြေစိုက် မြန်မာတိုင်း(မ်)၏ ဒေသဆိုင်ရာ သတင်းထောက်တစ်ဦးလည်းဖြစ်သည်။)