
ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်
အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင်
ပါတယ်။
အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက်
လမ်းအတိုင်း သွားရပါမယ်။
အရင်ဆုံးရေချိုးခန်း အိမ်သာပါ
တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက်
အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ရေလွှမ်းမိုးနေသော ပါကစ္စတန်သို့ အကူအညီများ ပေးကြရန် ကုလသမဂ္ဂက နှိုးဆော်စည်းရုံးမှု ပြုလုပ်
ကိုကို ဘာသာပြန်သည်။
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)

ဩဂုတ်လ ၂၄ရက်နေ့က ပါကစ္စတန်နိုင်ငံ လာပီယားတွင် ရေဘေး ဒုက္ခသည်များက စစ်ရဟတ်ယာဉ်မှ ချပေးနေသည့် အစား အသောက် များကိုရယူရန် စောင့်ဆိုင်းနေကြစဉ်။ ဆိုးရွားလှသည့် မိုးရွာသွန်းမှုကြောင့် လူ ၁၅ သန်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး မိသားစု အမြောက်အမြားကို အစိုးရက ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနေ ရသည်ဟု သိရသည်။ ဓာတ်ပုံ-အေအက်ဖ်ပီ
ရေလွှမ်းမိုး ခံနေရသော ပါကစ္စတန်ကို ငွေကြေး အကူအညီ ပေးနိုင်ကြ ရေးအတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတို့ သည်ဩဂုတ် ၁၉ရက်နေ့တွင် စည်းဝေး ခဲ့ကြသည်။ အပျက် အစီး၊ ဆုံးရှုံးမှု ပမာဏ ကြီးမား လှသော ပါကစ္စတန်နိုင်ငံကို တစ်ကမ္ဘာလုံးမှ တုံ့ပြန်မှုမှာ အားနည်းလွန်းလှသည် ဟု ပြင်းထန်စွာ ဝေဖန်မှုများလည်း ရှိခဲ့သည်။
ဩဂုတ် ၁၉ ရက်နေ့က ကျင်းပခဲ့ သည့် ကုလအထွေထွေညီလာခံတွင် နိုင်ငံ့ကိုယ်စားလှယ်၃၆ဦးထက်မနည်း စကားပြောကြမည်ဖြစ်ရာ 'ကန်' နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှားမာမွတ် ကျူရက်ရှီအပါအ၀င် ဘယ်လ်ဂျီယန်၊ ကနေဒါနှင့်ဒိန်းမတ် နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများလည်း ပါဝင်ခဲ့သည်။
ဩဂုတ်လ ၁၅ရက်နေ့က ပါကစ္စတန် ရေဘေးသင့်ဒေသသို့သွားရောက် ကြည့်ရှုခဲ့သော အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ၎င်း၏မြင်တွေ့ ခဲ့ရပုံ များကို ညီလာခံ သို့ တင်ပြ ခဲ့သည်။ ရေဘေးသင့် ခံလူ သန်း ၂၀ အား ကူညီထောက်ပံ့ ရေးအတွက်လိုအပ်မည့်ပမာဏကို တွက်ချက် ရှင်းပြခဲ့ သည်။ လွန်ခဲ့သော သီတင်းပတ်က အရေးပေါ် အကူအညီ ခေါ်ကာ သန်း ၄၆၀ ခန့် ထည့်ဝင် လှူဒါန်းကြရန် ကုလသမဂ္ဂက တိုက်တွန်း ခဲ့ရာ ဩဂုတ်လ ၁၇ ရက်နေ့အထိ ထို သတ်မှတ်ချက်၏ ၅၄ ဒသမ ၅ ရာခိုင် နှုန်းသာရသေးသည်။ ၎င်းမှာလည်း နှုတ်ကတိများသာဖြစ် ပြီး လက်ငင်းငွေ ရောက်မလာကြသေးပေ။
မိုးကာတဲများ၊အစားအစာ၊ သောက် ရေနှင့်ဆေးဝါးများ အရေးပေါ် လိုအပ် နေကြောင်း၊ ရေရှည်ပြန်လည် ထူထောင် ရေးနှင့် ပြန်လည် တည်ဆောက်ရေးလိုအပ်ချက်များလည်းရှိသေးကြောင်း ကုလပြောခွင့်ရမာတင်နီဆာကီကပြောသည်။သီတင်းသုံးပတ်ကြာမျှ မိုးသည်း ထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ရေလွှမ်းမှုဖြစ်ခဲ့ရာ လူ ၁,၄၀၀ ထက်မနည်း သေဆုံးခဲ့သည်။
လူနေအိမ်ခြေ နှင့် ကျေးရွာများ၊ လယ်ယာစိုက်ခင်းများ၊ အခြေခံ အဆောက် အအုံများ အားလုံး ရေတွင် မျောပါ ပျက်စီးကုန်သည်။ လူ ခြောက်သိန်းခွဲလောက် အမိုးအကာမဲ့ ဆင်းရဲဒုက္ခရောက်နေကြသည်။
အမေရိကန်က ပါကစ္စတန်ကို အကူအညီများတိုးပေးရန် စီစဉ်နေပြီး ကလင်တန်သည် ဘန်ကီမွန်း၊ ကျူရက်ရှီတို့နှင့် ဆွေးနွေးခဲ့သည်။ ယခုအထိ အမေရိ ကန်က ပါကစ္စတန်ထံ ရေဘေးအကူ အညီ ဒေါ်လာသန်း ၉၀ ခန့် ထုတ်ပေး ခဲ့ပြီးဖြစ်သည်။
ဩဂုတ် ၁၈ ရက်နေ့က ပြင်သစ်နိုင်ငံ က ပါကစ္စတန်သို့ အရေးပေါ် အစား အစာ၊ တာပေါ်လင်၊ စောင်၊ ဂျာရီတင် ရေပုံး၊ မီးဖိုချောင်သုံး ပစ္စည်း၊ ရေသန့် ဆေးပြားများနှင့် မိုးကာတဲ စုစုပေါင်း တန် ၇၀ ခန့်ကို လေယာဉ်တစ်စင်းနှင့် ပို့လိုက်သည်။