
ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်
အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင်
ပါတယ်။
အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက်
လမ်းအတိုင်း သွားရပါမယ်။
အရင်ဆုံးရေချိုးခန်း အိမ်သာပါ
တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက်
အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ဂျပန်ဝန်ကြီးချုပ် ယာဆူကူနီဗိမာန်သို့ မသွားဘဲ အာရှအိမ်နီးချင်းနိုင်ငံများအား အရိပ်လက္ခဏာပြခဲ့
သောင်းညွန့် ဘာသာပြန်သည်။
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)
တိုကျို - ဩဂုတ်လ ၁၅ ရက်နေ့တွင် ကျရောက်သည့် ဒုတိယကမ္ဘာစစ်ပြီးဆုံး ခဲ့သည့် အထိမ်းအမှတ်၌ ဂျပန်ဝန်ကြီး ချုပ်နာအိုတိုကန် က ၎င်း၏၀န်ကြီးအဖွဲ့ အား အငြင်းပွားစရာဖြစ်သည့် ယာဆူ ကူနီဗိမာန်သို့ သွားရောက်ခြင်းအား ရှောင်ကြဉ်ရန် အမိန့်ပေးထားသည်။ အာရှ အိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံမှု ကောင်းမွန်လာရေးကို ရည်ရွယ်လိုက် သည့် သဘောသက်ရောက်ပေသည်။
ဆယ်စုနှစ်ပေါင်း များစွာအတွင်း ပထမဆုံး အကြိမ် ဂျပန်ဝန်ကြီးများ အဖွဲ့ဝင် မည်သူတစ်ဦး တစ်ယောက်မျှ ဩဂုတ်လ ၁၅ ရက်က ယာဆူကူနီ ဗိမာန်သို့ သွားရောက်ခြင်း မရှိခဲ့ရာ အမျိုးသားရေးစိတ်ဓာတ်ရှိသူ အမာခံ များအကြား ဤလုပ်ရပ်သည် ဒေါသ ထွက်စေ ခဲ့ပြီး အခြားနေရာများမှလည်း ထောက်ခံမှုများကို ရရှိခဲ့သည်။
ဇွန်လအတွင်းက ၀န်ကြီးချုပ်ဖြစ်လာသည့်ဝန်ကြီးချုပ်နာအိုတိုကန်က ဗိမာန်တွင်စစ်ရာဇ၀တ်ကောင်များကို ဂူသွင်းထားသည့်အတွက် ၀န်ကြီးချုပ်၊သို့မဟုတ်ဝန်ကြီးအဖွဲ့ဝင်များသွားရောက်လျှင်ပြဿနာပေါ်လာနိုင်သောကြောင့် ၀န်ကြီးချုပ်သက်တမ်းအတွင်း ယာဆူကူ နီ ဗိမာန်သို့သွားရောက်မည်မဟုတ်ကြောင်း နာအိုတိုကန်က ပြောခဲ့သည်။
ဂျွန်အီချီရို ကိုအီဇူမီ ၀န်ကြီးချုပ်ဖြစ် ခဲ့ပြီးနောက်ပိုင်း မည်သည့် ဂျပန်ဝန်ကြီး ချုပ်မှ ထိုဗိမာန်သို့ သွားရောက်ခဲ့ခြင်း မရှိပေ။ ကိုအီဇူမီ
ဝန်ကြီးချုပ်ဖြစ်စဉ်က ၂၀၀၂ မှ ၂၀၀၆ခုနှစ်အထိ ထိုဗိမာန်သို့ အကြိမ်ကြိမ်သွားရောက်ခဲ့သည်။ သို့သော်လည်းလစ်ဘရယ်ဒီမိုကရက် တစ်ပါတီ (LDP) အာဏာရခဲ့စဉ်အချိန်က ၀န်ကြီးအဖွဲ့ဝင်တစ်ဦးထက်မနည်း နှစ်စဉ်ထိုဗိမာန်သို့သွားရောက်ခဲ့သည်။ LDP သည် စစ် ကြီးပြီးနောက်ပိုင်း ဂျပန်နိုင်ငံအား အဆက်မပြတ် အုပ်ချုပ်ခဲ့ရာ ယခင်နှစ်က မစ္စတာကန်၏ ဂျပန် ဒီမို ကရက်တစ်ပါတီ (LDP) ကို ရှုံး နိမ့်သွားခဲ့သည်။
ဂျပန်ဝန်ကြီးချုပ်၏အပြုအမူသည် ကိုရီးယားနှင့် တရုတ်ကဲ့သို့ အာရှနိုင်ငံများနှင့် ပိုမိုခိုင်မာသည့် ဆက်ဆံရေးကို ရှေးရှုလျက် အမေရိ ကန်နှင့်အလှမ်းဝေးရန် ဖြစ်နိုင်ကြောင်း တိုကျိုမြို့ရှိ ၀ါဆီဒါ တက္ကသိုလ်မှ နိုင်ငံရေးဆိုင်ရာ ခေတ္တ ပါမောက္ခ ၀က်စ်တူရိုကာတိုက ပြော သည်။ ယခင် LDPအုပ်ချုပ်သူများနှင့် နှိုင်းယှဉ်လျှင် ၀န်ကြီးချုပ်ကန်သည်ပို၍ ကျေရာကျေကြောင်းပြခဲ့သည့် အနက် ယခုလဆန်းပိုင်း ၌ ကျရောက်ခဲ့သည့် ကိုရီးယားကျွန်းဆွယ်အား ဂျပန် တို့ ကိုလိုနီနယ်ချဲ့ခဲ့သည့် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်၌ ကိုရီးယားနိုင်ငံအား ၀န်ချတောင်းပန်ခဲ့သည်။
တိုကျိုမြို့လယ်ကောင်၌ရှိသည့် ဤ ဗိမာန်တွင် မျိုးဆက်များအလိုက် ပဋိ ပက္ခများကြောင့် သေဆုံးခဲ့ကြသည့် ဂျပန် ၂ ဒသမ ၅ သန်း ခန့်၏ အမည် စာရင်းများ ရှိသည့်အနက် ဒုတိယကမ္ဘာ စစ်အပြီး ကွပ်မျက်ခြင်း ခံခဲ့ရသည့် စစ် အတွင်း ခေါင်းဆောင် ဟီဒီကီတိုဂျိုနှင့် အဆင့်(က)ဟုသတ်မှတ်ထားသည့် စစ်ရာဇ၀တ်ကောင် ၁၃ ယောက်ပါဝင်သည်။ ဤအကြောင်းများကြောင့် ယာဆူကူနီသည် အငြင်း ပွားမှုကိုဖြစ်စေ သည့်အပြင် အနီးရှိပြတိုက်တစ်ခုကလည်း ဂျပန်ဘုရင့်တပ်မတော်၏လုပ်ရပ်များကို ထင်ပေါ်ကျော်ကြား စေသည် ဟု အများက ယူဆကြသည်။
ဝန်ကြီးချုပ်သည် တနင်္ဂနွေနေ့က တိုကျိုရှိ နစ်ပွန်ဘူဒိုကန်ခန်းမ၌ စစ်အတွင်း သေဆုံးခဲ့သူများအတွက် ဆုတောင်းပွဲ သို့တက်ရောက် ခဲ့ရာဧည့်သည် ၆,၀၀၀ အနက် ဧကရာဇ် အာကီဟီတိုနှင့် မီချီကိုတို့ ဇနီးမောင်နှံ ပါဝင်ခဲ့သည်။ စစ်၏တုန်လှုပ်ချောက်ချားမှုထပ်မံမဖြစ် ပွားရန်မျှော်လင့်ကြောင်း၊ ဂျပန်နိုင်ငံ သားတို့နှင့်တကွ စစ်မြေပြင်တွင်အသက် စွန့်ခဲ့ကြသူများကို အူလှိုက်သည်းလှိုက် ချီးကျူးဂုဏ်ပြု ကြောင်း ဧကရာဇ် အာကီ ဟီတိုက ပြောခဲ့သည်။ ဧကရာဇ် အာကီ ဟီတို၏ ဖခင်သည် ဒုတိယ ကမ္ဘာစစ် အတွင်းက ဂန္ဓမာပလ္လင်တွင် ဧကရာဇ် ဟီရိုဟီတိုအဖြစ် အုပ်စိုးခဲ့သည်။