Now! Fashion Forward

ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်

ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ထိုင်း-ကမ္ဘောဒီးယားပြဿနာ ငြိမ်းချမ်းစွာ အဖြေရှာပေးရန်

(အေအက်ဖ်ပီ)
တီအေ ဘာသာပြန်သည်။
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)

ဖနွမ်းပင် - ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ စကားစစ်ထိုးနေကြသော နယ်ခြားပြဿနာအား ငြိမ်းချမ်းစွာဖြေရှင်းကြရန် အရှေ့တောင် အာရှဒေသဆိုင်ရာအကြီးအကဲက ဩဂုတ်လ ၁၆ ရက်နေ့၌ တောင်းဆိုလိုက်သည်။

"အာဆီယံအဖွဲ့ထဲမှ မည်သည့်ပြဿနာကိုမဆို ငြိမ်းချမ်းစွာဖြေရှင်းကြတာကို ကျွန်ုပ်တို့မြင်တွေ့လိုတယ်"ဟု အရှေ့တောင်အာရှနိုင်ငံ များအသင်း(အာဆီယံ)အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝန်က ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဟော်နမ်ဟောင်နှင့် တွေ့ဆုံဆွေးနွေး ပြီးနောက် ပြောကြားသည်။

အထက်ပါပြဿနာကိုဒေသဆိုင်ရာအဖွဲ့ကြီးကကူညီဖြေရှင်းပေးရန် ကမ္ဘောဒီးယားနိုင်ငံ၏ မေတ္တာရပ်ခံချက်နှင့်ပတ်သက်၍ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ၏ဆုံးဖြတ်ချက်အပေါ် ၎င်းက စောင့်ပြီးမှ ပြန်လည်ဖြေကြား မည်ဟုဆိုသည်။ ထိုပြဿနာသည် နောက်ထပ် သွေးထွက်သံယိုဖြစ်နိုင်သည် ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင်က သတိပေးထားသည်။

ရှေးဟောင်း ပရီယာဝိဟာရဘုရား ကျောင်းကို ကမ္ဘာ့အမွေအနှစ်အဖြစ် ယူနက်စကိုအဖွဲ့ကြီးက ၂၀၀၈ ခုနှစ်၊ ဇူလိုင်လတွင် သတ်မှတ် လိုက်ပြီးနောက် အိမ်နီးချင်းနှစ်နိုင်ငံတပ်များသည် ၎င်း တို့၏ အငြင်းပွားနေသောနယ်ခြားတွင် ရန်စောင်နေကြသည်။

ထိုဘုရားကျောင်းကို ကမ္ဘောဒီးယား ပိုင်ဆိုင်သည်ဟု ကမ္ဘာ့တရားရုံးက ၁၉၆၂ ခုနှစ်ကတည်းက အဆုံးအဖြတ် ပေးခဲ့သည်။ သို့သော် လည်း ထိုဘုရားကျောင်းသို့ဝင်သည့် အဓိက၀င်ပေါက် မှာထိုင်းနိုင်ငံဘက်တွင်ရှိသည်။နယ်ခြားဒေသနယ်မြေအတိအကျနှင့်ပတ်သက် ၍ အငြင်းပွားလျက်ပင်ရှိသည်။

ထိုင်းနိုင်ငံသားတစ်ယောက်ဖြစ်သောဆူရင်သည် ဩဂုတ်လ ၁၆ ရက်နေ့နောက်ပိုင်းတွင် ၀န်ကြီးချုပ် ဟွန်ဆင်နှင့်တွေ့ဆုံရန်ရှိသည်။