
ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်
ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
အကွီနို၏ ဆိုက်ဘာစပေ့စ် ပြုပြင်ပြောင်းလဲရေး
သောင်းညွန့် ဘာသာပြန်သည်။
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)

သမ္မတ အကွီနို။ ဓာတ်ပုံ-အေအက်ဖ်ပီ
မနီလာ - ပွင့်လင်း ထင်သာမြင်သာရှိမှုနှင့် အဂတိလိုက်စားမှုနှိမ်နင်းရေး တို့ ဆောင်ရွက်မည် ဟု ဖိလစ်ပိုင် သမ္မတ အကွီနို၏ တစ်စိတ်တစ်ဒေသ ကတိပေးချက်အရ ဩဂုတ်လ ၁၆ရက်က အာဏာပိုင်များအပေါ် မကျေ နပ်ချက်များကို တိုက်ရိုက် ဖော်ပြနိုင်ခွင့်ရှိသည့် ၀က်ဘ်ဆိုက် တစ်ခုအား ဖွင့်ပေးလိုက်သည်။
ဖေ့စ်ဘွတ်ခ်မှာရှိသည့် ၁ ဒသမ ၈သန်းခန့်ရှိသမ္မတအကွီနိုအားထောက် ခံသူများကို လည်း ဤ၀က်ဘ်ဆိုက်အသစ်၌ ပါဝင်ရန် တိုက်တွန်းထား သည်။ ဤ၀က်ဘ်ဆိုက်ကို အခြားကွန်ရက်ဆိုက် များဖြစ်ကြသည့် Twitter, Friendster, YouTube နှင့် Multiply တို့မှတစ်ဆင့်ဝင်ရောက် နိုင်သည်။
ပြည်သူများသည် သမ္မတနှင့်လည်းကောင်း၊ အစိုးရအဖွဲ့အစည်းများနှင့် လည်းကောင်းဆက်သွယ်မှုရှိနေစေရန် မီဒီယာအဆောက်အအုံသစ်တစ် ခုတည်ထောင်ပေးလိုက်ခြင်းဖြစ်ကြောင်း သမ္မတအကွီနို၏ ပြောဆိုခွင့်ရှိ သူ ဟာမီနီယိုကိုလိုမာက ပြောသည်။
ဖိလစ်ပိုင်နိုင်ငံအတွင်းသန်းချီရှိ မိုဘိုင်းဖုန်းသုံးစွဲသူတို့သည် ၎င်းတို့၏အလေးထားသည့်ကိစ္စရပ်များကိုမက်ဆေ့ဂ်ျအဖြစ်မှ ၀က်ဘ်ဆိုက် သို့တင် ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းကို လည်း ၎င်းကပြောသည်။
အစိုးရအေဂျင်စီများသည် အလေးထားသည့်ကိစ္စရပ်များနှင့် မကျေနပ်မှုများ ဤ၀က်ဘ်ဆိုက်တင်ပို့ခြင်းကို သိရှိ ထောက်လှမ်းနိုင်မည် ဖြစ်ပြီး သမ္မတ အကွီနိုကိုယ်တိုင် ပုံမှန်ဆွေးနွေးတိုင်ပင် အကြံဉာဏ်ရယူမည်ဖြစ်သည်။
သမ္မတ အကွီနို၏ စေတနာ့ဝန်ထမ်း အဖွဲ့ဝင်များသည် သူ၏ အဂတိ ဆန့်ကျင်ရေး သတင်းကိုမြှင့်တင်ရာတွင် အင်တာနက်ရှိ လူမှုရေး ကွန်ရက်ဆိုက် များကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချ ခြင်းဖြင့် မေလကကျင်းပခဲ့သည့် ရွေး ကောက်ပွဲတွင် အကွီနိုအား တစ်ဖက် သတ် အနိုင်ရစေခဲ့သည်။အကွီနိုအားထောက်ခံသူများအပြင် ဝေဖန်သူများကလည်း သူတို့၏ဝေဖန်ချက်များကို အဟန့်အတားမရှိဘဲတင်ပေး မည်ဖြစ် ကြောင်းကို လိုမာကပြောသည်။
ဤ၀က်ဘ်ဆိုက်အားစတင်ပြီး နာရီပိုင်းအတွင်းအကြောင်းအရာများနှင့် ဆက်စပ်သည့်ပြောဆိုမှုများကိုတင်လိုက်ရာ၌ မနီလာလေဆိပ် ၌ အဂတိလိုက်စားမှု၊ ပြည်ပရောက်အလုပ်သမားများ ရင်ဆိုင်နေရသည့် အကျဉ်းအကျပ်များနှင့် ဆေးခြောက်ကို တရားဝင်ပြုရေးတို့ ပါဝင်သည်။