
ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်
ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
နိုင်ငံခြားတပ်ဖွဲ့ဝင် ၂,၀၀၀ ကျော် သေဆုံးခဲ့ပြီ
သောင်းညွန့် ဘာသာပြန်သည်။
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)
ကဘူးလ်-အာဖဂန်စစ်ပွဲ၏ ကိုးနှစ်တာကာလအတွင်း သေဆုံးခဲ့သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်စုစုပေါင်းအရေအတွက်မှာ ၂,၀၀၀ကျော်သွား ပြီဖြစ်ကြောင်း တစ်သီးပုဂ္ဂလ ၀က်ဘ်ဆိုက်ဖြစ်သည့် icasualties.org က ပြောသည်။
၂၀၀၁ ခုနှစ်က အမေရိကန်ဦးဆောင်သည့် ကျူးကျော်ဝင်ရောက် တိုက်ခိုက်ပြီးနောက်ပိုင်း နိုင်ငံတကာတပ်ဖွဲ့များမှတပ်ဖွဲ့ဝင် ၂,၀၀၂ ယောက်သေဆုံးခဲ့ သည့် အနက် အမေရိကန်တပ်ဖွဲ့ဝင် ၁,၂၂၆ ယောက်နှင့် ဗြိတိန် တပ်ဖွဲ့ဝင် ၃၃၁ ယောက်ပါဝင်ကြောင်း ထိုဝက်ဘ် ဆိုက်က ပြောသည်။ ယခုနှစ်အတွင်း နိုင်ငံခြားတပ်ဖွဲ့ဝင် ၄၃၄ ယောက်သေဆုံးခဲ့ပြီး ၂၀၀၉ ခုနှစ်က ၅၂၁ ယောက် သေဆုံးခဲ့ကြောင်း သိရသည်။
၂၀၀၁ ခုနှစ်က အစိုးရအဖြစ်မှ ပြုတ် ကျသွားပြီးနောက် နာလန်ထူလာပြီး တင်းမာသည့် အစ္စလမ္မစ် တာလီဘန် အကြွင်းအကျန်များကို ရှင်းလင်းရန် အာဖဂန်၌လတ်တလော'ကန်'နှင့် နေတိုး အဖွဲ့တို့ဦးဆောင်သည့် တပ်သားအရေ အတွက် ၁၄၀,၀၀၀ ရှိနေသည်။
ဩဂုတ်လ ၁၅ရက်ကအမေရိကန်ရုပ်မြင်သံကြားဌာနတစ်ခု၏တွေ့ဆုံမေးမြန်းခန်း၌အာဖဂန်နစ္စတန်ရှိ အမေရိကန်တပ်မှူးဗိုလ်ချုပ်ကြီး ပက်ထရီးယပ်စ်ကပြောကြားရာ၌သူသည်အမေရိကန်တပ်များရုပ်သိမ်းရာ၌ အခြေအနေများအပေါ်မူတည်သည့် အတွက် ၂၀၁၁ ခုနှစ် နောက်ဆုံးထား သည့် အစီအစဉ်ကို အတိအကျ ဖြစ်ချင် မှဖြစ်မည်ဟု ပြောဆိုခဲ့သည်။
'ကန်'တပ်ဖွဲ့ဝင်များ ၂၀၁၁ခုနှစ်လယ်ပိုင်း၌ 'ကန်'သို့ စတင် ပြန်လာတော့မည်ဟုပြောခဲ့သည့်အတွက် သမ္မတအိုဘားမားသည် အပြင်း အထန် ဝေဖန်ခံရသည်။ ဤသို့ပြောဆိုခြင်းသည် 'ကန်'နိုင်ငံသည် ရေရှည် တိုက်ပွဲမ၀င် တော့ဘူးဆိုသည့်အဓိပ္ပာယ်သက်ရောက် ကာ တာလီဘန်တို့၏ အချိန်ယူစောင့် ဆိုင်းမှု ပိုမိုခိုင်မာစေကြောင်း အတိုက်အခံများကပြောကြသည်။