Now! Fashion Forward

မလိခအိမ်ရာဝင်းထဲက ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ လေးထောင့်ဆန်ဆန် လုံးချင်းအိမ်သစ်

အကျယ် စတုရန်းပေ ၃,၁၅၀ (ပေ ၉၀x၃၅ ပေ)ရှိတဲ့ ခြံ မျက် နှာစာကို ကျောက်ပြားခင်းပြီး အပင်ငယ်လေးတွေနဲ့ ဂရုတ စိုက်အလှဆင် ပြုပြင်ထားပါ တယ်။ ကားဂိုဒေါင်က အိမ်နဲ့ တွဲလျက်ရှိတဲ့အပြင် ခြံ ထဲမှာလည်း ကားတစ်စီးရပ်စရာ နေရာရှိပါတယ်။ မြေ၀ါနုရောင်သုတ်ထားတဲ့ အိမ်ရဲ့ အပြင်ဘက်ဒီဇိုင်းက ရိုးရှင်းပြီး အနည်းငယ် လေးထောင့်ဆန်သလိုလိုပါ။ အပေါ်ထပ်မှာ ၀ရန်တာငယ်နှစ်ခုနဲ့ ကျွန်းဘောင်ကွပ် ထားတဲ့ ပြတင်းပေါက်တွေ ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ကိုလ်ကတ္တားမြို့၏ အထိမ်းအမှတ် 'ဟောင်ရာ'တံတား ကွမ်းတံတွေးများ၏ ခြိမ်းခြောက်ခြင်း ခံစားနေကြရ

လွန်စွာဆွဲဆန့်နိုင်အားကောင်းသော သံမဏိဖြင့်ပြုလုပ်ထားသည့်တန် ၂၆,၅၀၀အလေးချိန်ရှိသော ကိုလ်ကတ္တားမြို့ ၏ ဟောင်ရာ တံတားသည် တစ်နေ့လျှင်ယာဉ်ပေါင်း တစ်သိန်းခန့်ကိုသယ်ဆောင်ပေးနိုင်ပြီး ယခုအခါတွင် ၎င်းတံတားကို ဆောက်လုပ်ခဲ့သည့် သူများ တစ်ကြိမ်မျှမတွေးဖူးသည့် ခြိမ်းခြောက်မှုတစ်ခုကို ရင်ဆိုင်နေရသည်။

News 

တရုတ်နိုင်ငံ၌ ပြင်သစ်လူမျိုး သေဒဏ်ပေး

မူယစ်ဆေးဝါးထုတ်လုပ်မှု၊ မူးယစ်ဆေးဝါးကုန်ကူးမှုနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံတရားရုံးတစ်ရုံးက ပြင်သစ်လူမျိုးတစ်ဦး နှင့် ၎င်း၏ တရုတ်ကြံရာပါတို့ကို သေဒဏ်စီရင်လိုက်ကြောင်း ပြင်သစ်ကောင်စစ်ဝန်အရာရှိများနှင့် တရုတ်နိုင်ငံပိုင်မီဒီယာက ဩဂုတ်လ ၉ ရက် နေ့က ကြေညာလိုက်သည်။

News 

မိတ်ဆွေဟောင်းနှစ်နိုင်ငံကြားက စစ်ကြွေးတွေတဲ့လား

ကျွန်ုပ်တို့ရန်သူရဲ့ ရန်သူဟာ ကျွန်ုပ် တို့ရဲ့မိတ်ဆွေပဲဆိုတဲ့ စကားအတိုင်း အမေရိကန်ဟာ ဟနွိုင်းနဲ့ တက်တက်ကြွကြွအရောဝင်နေ တယ်။ အမေရိ ကန်နိုင်ငံဟာ မကြာမီကပဲ ဗီယက်နမ် နိုင်ငံရဲ့ ပြည်ပထိပ်တန်းအရင်းအနှီး မြှုပ်နှံတဲ့နိုင်ငံကြီးတစ်နိုင်ငံဖြစ်လာတယ်။ နှစ်နိုင်ငံ စစ်ရေးဆက်ဆံမှုကိုလည်း တိုးမြှင့်ခဲ့တယ်။ဗီယက်နမ်ခေါင်းဆောင်တွေ အိမ်ဖြူတော် လာရောက်လည်ပတ် တာကိုကြိုဆိုခဲ့ တယ်။လွန်ခဲ့တဲ့ဆယ်နှစ် အတွင်းအမေရိကန်သမ္မတနှစ်ဦး ဟနွိုင်းကို သွားရောက်လည်ပတ်ခဲ့တယ်။News 

ဧရာဝတီဘဏ်သစ် နေပြည်တော်၌ စတင်ဖွင့်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လမ်းညွှန်ချက်များဖြင့် မက်စ်မြန်မာ ကုမ္ပဏီအုပ်စုက ဘဏ်များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်၊ မြိတ်၊ တောင်ငူ၊ မုံရွာ၊ ပခုက္ကူ၊ ဟင်္သာတ၊ မြောင်းမြနဲ့ ပုသိမ်တို့တွင် ဖွင့် လှစ်သွားမည်ဖြစ်ကြောင်း၊ အကြွေးဝယ် ကတ်စနစ်ကို လည်း အကောင်အထည်ဖော်နိုင်ရန် ကြိုးစားလျက် ရှိကြောင်း ....

News

Local News

ဆိုမာလီယာဓားပြများလက်မှ လွတ်မြောက်လာသော သင်္ဘောသားများ ပြန်လည်ရောက်ရှိ

"အဲဒီ မတ်လ ၅ ရက်နေ့က မနက် ၈ နာရီလောက် မှာ ဂျင်နရယ်အလန်းမြည်လို့ ထွက်ကြည့်တဲ့အချိန် မှာ ပင်လယ်ဓားပြတွေမှန်းသိတာဖြစ်ပါတယ်။ သူတို့ သင်္ဘောပေါ် တက်လာပြီးတော့ ကပ္ပတိန်ဘယ်သူလဲ လို့ မေးတယ်။ ရှေ့ထွက်လာခိုင်းတယ်။ ပြီးတော့ .....

News

» သတင်းအပြည့်အစုံသို့..

တော်ဝင် တန်ဖိုးနည်းအိမ်ရာစီမံကိန်းသစ် ယခု နှစ်ကုန်စတင်ရန် ပြင်ဆင်

"အခြေခံလူတန်းစားတွေ နေရေး အဆင်ပြေစေဖို့ ဆောင်ရွက်ပေးတာပါ။ ပံ့ပိုးမှုအင်္ဂါရပ်တွေပါတဲ့အတွက် သူတို့တွေလုပ်ငန်းဝင်ငွေ ရလမ်းရှိလာမယ်။ သွားလာ ရေးရော၊ နေရေးထိုင်ရေးပါ အဆင်ပြေစေဖို့အတွက် အကျိုးအမြတ်မယူဘဲ ဆောင်ရွက်ပေးဖို့ ရည်ရွယ်တယ်"

News

Local News

ထုပ်ပိုးမှုအသစ်ကြောင့် ပြည်ပပို့သစ်သီး ဈေးကောင်းရရှိ

ယခုနှစ် သရက်သီးထွက်ရာသီ၌ မန္တလေးတွင် လေပြင်းတိုက်သည့် ရာသီဥတုအခြေအနေကြောင့် သရက်သီးများမှာ ယမန်နှစ်ကထက် သုံးပုံ တစ်ပုံမျှ ထွက်နှုန်းလျော့နည်းခဲ့သော်လည်း ပိုမိုတင်ပို့နိုင် ခဲ့သည်။ "ဒီနှစ်က အထွက်နည်းပေမယ့် ဟိုဘက်က ထွက်သလောက်
ဝယ်တယ်။ အဓိကက ကိုယ့်မှာ သူတို့ဝယ်သလောက် ရောင်းနိုင်အောင် စိုက်ဖို့ ရာသီဥတု အခြေအနေ မပေးတာပဲ"

News

» သတင်းအပြည့်အစုံသို့..

ရွှေဟင်္သာ သမ၀ါယမအသင်းလီမိတက်က ကျောက်မျက်ရတနာအရောင်းပြခန်းဖွင့်လှစ်မည်

"ကျောက်မျက်ရတနာအရောင်းပြခန်းကိုဖွင့်လှစ်ဖြစ်တာ က ရွှေဟင်္သာ သမ၀ါယမ အသင်းရဲ့ လုပ်ဆောင်သွား မယ့် လုပ်ငန်းစဉ်တွေထဲက လုပ်ငန်းတစ်ခုကိုအကောင် အထည်ဖော်ဆောင်ရွက်တာပါ။ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိအောင် တစ်ဖက်တစ်လမ်းက ပါဝင် ဆောင်ရွက်နိုင်မှာဖြစ်တဲ့အပြင် အသင်းအတွက်လည်း နိုင်ငံခြားဝင်ငွေရရှိလာပြီး ၀င်ငွေတိုးတက်လာမှာဖြစ်ပါ တယ်။ နိုင်ငံတကာစီးပွားရေး ဈေးကွက်မှာ ရွှေဟင်္သာ မိသားစုဝင်တွေဝင်ရောက် ပူးပေါင်းလုပ်ဆောင်နိုင်မယ့် အခွင့်အရေးတွေလည်းရရှိလာမှာပါ"News

Local News

မြန်မာ့သတ်ပုံကျမ်းနှင့်အညီ ရေးဆွဲထားသည့် စံမြန်မာ ကွန်ပျူတာစနစ် စတင်မိတ်ဆက်

"၂၀၀၄ ကတည်းက မြန်မာစာရဲ့ ဖွဲ့စည်းပုံတွေကို လေ့လာခဲ့ပါတယ်။ မြန်မာ့သတ်ပုံ၊ ဗျည်း သရ ဖွဲ့စည်းပုံတွေကိုပါ။ ဒိပြင်နီးစပ်ရာ မြန်မာစာပေ ပညာရှင်များ၊ ၀ါသနာရှင်များနဲ့ အမြင် ဖလှယ်ပြီး ခေတ်ပေါ် ဗန်းစကားတွေရဲ့ စာလုံးတည်ဆောက်မှုတွေကို လေ့လာ ခဲ့ပါတယ်။ ၂၀၀၆ခုနှစ်မှာMyanmar Character Mapလို့ခေါ်တဲ့စာလုံး များဖွဲ့စည်း ပုံဇယားကွက်ကို အကြမ်းဖျင်း ထုတ်ခဲ့ပါတယ်။

News

» သတင်းအပြည့်အစုံသို့..

လမ်းပေါ်မှာ အသက်မွေးဝမ်းကျောင်းပြုကြတဲ့ သူတို့ဘဝ

"ခုချိန်မှာတော့ ၀င်ငွေကောင်းဖို့မပြောနဲ့။ အသွားအပြန် ခရီးစရိတ်တောင် မနည်းကျစ်ထားရတာ။ နေ့လယ်စာ၊ ညစာဆိုတာ ဝေးဝေးမှာထားတယ်" ဒါပေမယ့် သူအရင် က လုပ်ခဲ့တဲ့ ဇီးထုပ်ထုပ်တဲ့အလုပ်နဲ့ယှဉ်ရင် ခုလို ပို့စကတ်ရောင်းတဲ့အလုပ်က အများကြီး ၀င်ငွေသာတယ် ဆိုပဲ။ "ကျွန်မယောက်ျားက စစ်သားဆိုတော့ အဝေးမှာ နေရတာများတယ်။ဒါပေမယ့် ကျွန်မစိတ်ဓာတ်မကျပါ ဘူး။ သမီးလေးအတွက် ပိုက်ဆံရှာရမယ်"

News

Local News

သူတို့ရင်ထဲက ထူးအိမ်သင်

သူ့အသံကအနွေးဓာတ်ပါနေတာ။ အသက် ၂၃နှစ် မှာ 'နာရီပေါ်မှ မျက်ရည်စက်များ' အခွေထွက်လာ တော့ မြန်မာ့ခေတ်ပေါ်ဂီတအခင်းအကျင်းတစ်ခု လုံးကို ပြောင်းသွားစေခဲ့တယ်။ 'အမေ့အိမ်'၊ 'သက်ငြိမ်' ၊ 'ရာဇ၀င်များရဲ့သတို့သမီး' ကနေ 'မဟာဝီရ.. အိုဗုဒ္ဓ'အထိ သူ့ရဲ့နာမည်အကျော်ဆုံး သီချင်းတွေပါ။ တေးရေး မြင့်မိုးအောင်၊ ရွှေဂျော် ဂျော်၊ မောင်မောင်ဇော်လတ်၊ အယ်ဖြူတို့ ရဲ့သီချင်းတွေကိုလည်း သူဆိုခဲ့ တယ်။

News

» သတင်းအပြည့်အစုံသို့..

ဒိုင်းရခြင်းထက် မန်ယူအခြေအနေ ပြလိုက်တဲ့ ဖာဂူဆန်

ကွန်မြူနတီဒိုင်းနှင့် အောင်ပွဲခံနေသော မန်ယူမန်နေဂျာ ဖာဂူဆန်။ ထိုပွဲတွင် မန်ယူက ဗလင်စီယာ၊ ဟာနန်ဒက်စ် နှင့် ဘာဘာတော့ဗ် တို့၏ သွင်းဂိုးများဖြင့် ချယ်လ်ဆီးကို ၃-၁ ဖြင့် အနိုင်ရခဲ့သည်။ ချယ်လ်ဆီးအတွက် ချေပဂိုးကို ကာလူးက သွင်းယူခဲ့သည်။

News

Local News

ဘာစီလိုနာ ကြုံလာနိုင်တဲ့ ကြုံနေရတဲ့ အခက်အခဲများ

ဩဂုတ် ၈ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့၊ အိုလံပစ်အားကစားကွင်းတွင် ကစားသော ခြေစမ်း ပွဲ၌ ဥရောပချန်ပီယံ ဘာစီလိုနာမှ ဂိုမက်ဇ်ဆိုလာ (ယာ)နှင့် တရုတ်စူပါလိဂ်ချန်ပီယံ ပေကျင်းကျိုအန် အသင်းမှ မာတီနက်(၀ဲ)တို့ ဘောလုံးယှဉ်လုကြစဉ်။ ဘာစီလိုနာက ၃-၀ ဖြင့် နိုင်ခဲ့သည်။

News

» သတင်းအပြည့်အစုံသို့..

ဩဂုတ်လ ၃ ရက်က ၀ါရှင်တန်ဒီစီမြို့တော်ရှိ အိမ်ဖြူ တော် အရှေ့ခန်းမဆောင်တွင် အမေရိကန်သမ္မတ အိုဘားမားနှင့် အာဖရိကတိုက်နိုင်ငံပေါင်း ၄၀ ကျော်မှ လူငယ်ခေါင်းဆောင် ၁၁၄ ဦးတို့ တွေ့ဆုံ မေးမြန်းခန်း ပြုလုပ်နေစဉ်။ အာဖရိကတိုက်မှခေါင်းဆောင်ငယ်တို့ သည် 'ကန်'နိုင်ငံမှ ၎င်းတို့နှင့်အဆင့်တူပုဂ္ဂိုလ်များနှင့် အစိုးရအရာရှိများကိုတွေ့ဆုံရန် လာရောက်ခြင်းဖြစ် ကြောင်း သိရသည်။
ဓာတ်ပုံ-အေအက်ဖ်ပီ

Local News

အဓိကမဟာမိတ် ပုန်ကန်ဆန့်ကျင်၍ အီတလီ ၀န်ကြီးချုပ် ဆီလ်ဗီယိုဘာလူစကိုနီ အကျပ်ရိုက်နေ

လပေါင်းများစွာမပြေမလည်ဖြစ်ခဲ့ကြပြီး နောက် ဇူလိုင်လ ၂၉ ရက်နေ့တွင် ၀န်ကြီးချုပ် ဘာလူ စကိုနီက ဖီနီကို ပါလီမန် ဥက္ကဋ္ဌနေရာမှ ထွက်ပေး ရန် တောင်းဆိုခဲ့ရာဖီနီကလက်မခံဘဲ ငြင်းဆန် ခဲ့သည်။လွှတ်တော် အမတ် ၃၀ လောက်ကလည်း ဖီနီဘက်ကလိုက်ပါ ကြပြီး ၎င်းနှင့်ပေါင်းစည်းရန် အရိပ်အယောင်ပြခဲ့ကြသည်။

News

» သတင်းအပြည့်အစုံသို့..