Now! Fashion Forward

တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး

House Of The Weekခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

တရုတ် (တိုင်ပေ) မှ ဖော်မိုဆာကုမ္ပဏီ ဗီယက်နမ်၌ သံမဏိစက်ရုံထောင်မည်

(အေအက်ဖ်ပီ)
ဖြိုးဝင်းကိုကို ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)

တရုတ်(တိုင်ပေ) - တရုတ်(တိုင်ပေ)၏ အကြီးဆုံးစက်မှုလုပ်ငန်းစုကြီး တစ်ခု ဖြစ်သော Formosa Plastics Group သည် ဗီယက်နမ် နိုင်ငံ၌ သံမဏိစက်ရုံတည်ထောင်ရန် စီစဉ်လျက်ရှိကြောင်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ပြောကြားသည်။ ဒေသဆိုင်ရာ မီဒီယာ များ ကမူ ၎င်းအစီအစဉ်အတွက် အမေရိကန် ဒေါ်လာ သုံးဘီလျံကျော် သုံးစွဲနိုင်ကြောင်း ဖော်ပြကြသည်။

၎င်းစက်ရုံသည် ယင်းလုပ်ငန်းစုကြီး ဗီယက်နမ်အလယ်ပိုင်း ဟာတင်ခရိုင်တွင် တည်ထောင်ရန်ရည်ရွယ်သည့် သံမဏိစက်ရုံ၏ အစိတ် အပိုင်းတစ်ခု ဖြစ်မည်ဟု လုပ်ငန်းစု တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ပြောသည်။

၎င်းစက်ရုံစတင်တည်ဆောက်မည့် အချိန်နှင့်ပြီးစီးမည့်အချိန်ကိုမူ မသတ်မှတ်ရသေးကြောင်းပြောကြားပြီးအသေးစိတ်အချက်အလက် များကိုလည်း ဖော်ပြရန် ငြင်းဆိုခဲ့သည်။

တရုတ်(တိုင်ပေ)အခြေစိုက် စီးပွားရေး နေ့စဉ်သတင်းစာက ၎င်းစက်ရုံအတွက် ကုမ္ပဏီသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလျံ ကုန်ကျနိုင်မည်ဟု ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ပြောကြားသည်။ ယင်းစက်ရုံက တစ်နှစ်လျှင် သံမဏိမက်ထရစ်တန် နှစ်သန်းခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရေနံဓာတုပစ္စည်းများမှ တစ်ပိုင်း လျှပ်ကူးပစ္စည်းများအထိ ထုတ်လုပ်ရန် စိတ်ဝင်စားသော ၎င်းကုမ္ပဏီလုပ်ငန်းစုကြီးသည် ယခုနှစ် အစောပိုင်း၌ တရုတ်နိုင်ငံအရှေ့တောင်ပိုင်း ဖူဂျီယန် ခရိုင်တွင် သံမဏိစက်ရုံ တည်ထောင်ခဲ့ပြီး ယခုအခါတစ်နှစ်လျှင် မက်ထရစ် တန်တစ်သန်းခန့်ကို ထုတ်လုပ်လျက်ရှိနေကြောင်းလည်း ၎င်းသတင်းစာက ဖော်ပြသည်။