
တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး
ခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
တိုယိုတာက Lexus ထုတ်လုပ်မှု ရပ်ထားမည်
ကိုကို ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)
တိုကျို - ဘရိတ်ချို့ယွင်းမှုပြုပြင်ပေးရန် တိုယိုတာကားများ ပြန်သိမ်းနေရချိန်တွင် ဓာတ်ဆီ၊ ဘက်ထရီနှစ်မျိုးသုံး Lexus နှင့် Sai မော်ဒယ်ကားများ ထုတ်လုပ်မှုကို ခေတ္တရပ်ဆိုင်းထားမည်ဟု တိုယိုတာကုမ္ပဏီက ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကြေညာသည်။
ဂျပန်နိုင်ငံတွင် Sai Sedam နှင့် Lexus HS250h မော်ဒယ်ကားထုတ်လုပ်မှုကို အနည်းဆုံးဖေဖော်ဝါရီ ၂၀ ရက်အထိရပ်ဆိုင်းထား သည်။ သို့သော် ဖေဖော်ဝါရီ ၂၁ ရက်တွင် ထုတ်လုပ်မှုပြန်စ မစကိုမူ မဆုံးဖြတ်ရသေးဟု တိုယိုတာက ပြောခွင့်ရအမျိုး သမီး မီကို အိုင်ဝါဆာကီက ပြောသည်။
ဤသို့ရပ်ဆိုင်းထားသဖြင့် ကားထုတ်လုပ်မှုကို မည်မျှထိခိုက်မည်ဟု ကုမ္ပဏီက မထုတ်ပြန်သော်လည်း ဂျပန်သတင်း စာများအဆို အရ ထုတ်လုပ်မှုစီးရေ ၂,၀၀၀ အထိရှိနိုင်သည်ဟု ဆိုသည်။
တိုယိုတာကုမ္ပဏီက ဘရိတ်စနစ် တစ်မျိုးတည်း သုံးသော Lexus HS250h,Sai ၊ ပလပ်ထိုး အားသွင်းရသော Prius နှင့် ဓာတ်ဆီ၊ ဘက်ထရီနှစ်မျိုးသုံး Prius ကား စုစုပေါင်း လေးသိန်းကျော်ကို ပြုပြင်ပေးရန် ပြန်သိမ်းထားရသည်။
ကမ္ဘာ့အကြီးဆုံး ကားထုတ်လုပ်သော ကုမ္ပဏီနေရာမှ အမေရိကန် General Motors (GM) ကုမ္ပဏီကြီးကို ၂၀၀၈ ခုနှစ်တွင် ရာဇ ပလ္လင်မှ ဖယ်ရှားပြီး အစားထိုးနေရာယူနိုင်ခဲ့သော တိုယိုတာသည် ကမ္ဘာတစ်လွှား၎င်းရောင်းချ ထားသော ကားစီးရေ ၈ ဒသမ ၇ သန်းကိုပြုပြင်ပေးပါမည်ဟု ကတိပြုထားရသည်။ ၂၀၀၉ ခုနှစ်တစ်နှစ်လုံးရောင်းချခဲ့ရသော တိုယိုတာစီးရေမှာ
၇ ဒသမ ၈ သန်းရှိ သည်ဟု သိရသည်။